အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
သောကြာနေ့

၂၇ နိုဝင်ဘာ ၂၀၂၀

၂၀:၂၈:၁၈
1089931

အီရန်အစ္စလာမ် မစ်သမ္မတ နိုင်ငံ ၏ နျူကလီးယား ထိပ်တန်း ပညာရှင်ကြီး ဒေါက်တာ မော်(ဟ)စင်န် ဖခ်ရီဇာဒေ လုပ်ကြံ ခံရ

စိတ်ချရသည့် သတင်းဌာနများ မှ အီရန်အစ္စလာမ် မစ်သမ္မတ နိုင်ငံ ၏ နျူကလီးယား ထိပ်တန်း ပညာရှင်ကြီး ဒေါက်တာ မော်(ဟ)စင်န် ဖခ်ရီဇာဒေ လုပ်ကြံ ခံရသည့် သတင်းကို အတည်ပြု ခဲ့ကြပါတယ်။


အီရန်အစ္စလာမ် မစ်သမ္မတ နိုင်ငံ ၏ နျူကလီးယား ထိပ်တန်း ပညာရှင်ကြီး ဒေါက်တာ မော်(ဟ)စင်န် ဖခ်ရီဇာဒေ သည် ယနေ့ နိုဝင်ဘာလ ၂၇ ရက်နေ့ ညနေခင်း အချိန် တွင် တီဟီရန် မြို့ အနီး ဆင်ခြေဖုံး ရပ်ကွက် ဒါမါဝန်းဒ် တွင် ပေါက်ကွဲမှု နှင့် ပစ်ခတ်မှုများကြောင့် ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။

ဖြစ်စဉ် ဖြစ်ပွားပြီးနောက် ချက်ချင်း ဒေါက်တာ မော်(ဟ)စင်န် ဖခ်ရီဇာဒေ အား အနီးအနား ရှိ ဆေးရုံး သို့ ပို့ဆောင်ခဲ့ပါတယ်။ သို့သော် နောက်ဆုံး သတင်း ရချက်အရ ရှဟီးဒ် ဘွဲ့ ကို ခံယူသွားကြောင်း သိရှိခဲ့ရပါတယ်။

ပေါက်ကွဲမှု တွင်ပါဝင်ပြီး ဒဏ်ရာ ရခဲ့ရသည့် ၎င်း၏ အပေါင်းအပါ များကိုလည်း နီးစပ်ရာ ဆေးရုံတွင် ပို့ဆောင်ပြီး ကုသမှု ကိုပြုလုပ်နေပါတယ်။

မျက်မြင်သက်သေများ အနေဖြင့် ပေါက်ကွဲမှု နှင့် နောက်ဆက်တွဲ ပစ်ခတ်မှု များ ကို အတည်ပြု ပြောခဲ့ကြပါတယ်။

နောက်ဆက်တွဲ ပစ်ခတ်မှု များတွင် ကားတစ်စီးအား ပစ်မှတ်ထား၍ တိုက်ခိုက်ပစ်ခတ်ခဲ့ကြောင်း သိရှိရပြီး အဆိုပါတိုက်ခိုက်မှု တွင် အစ္စရေး (ဇီယွန် ၊ဇိုက်ယူနစ်) အကြမ်းဖက်သမား များ ၏ လက်ပါးစေ ၃ ဦး ၄ ဦးအထိ သေဆုံးကြောင်း သိရှိရပါတယ်။

မှတ်သားသင့်သည်အချက်မှာ - ၂၀၁၈ အစောပိုင်းကာလ တွင် အစ္စရေး (ဇီယွန် ၊ဇိုက်ယူနစ်) အကြမ်းဖက်သမား များ ၏ သူလျှို အဖွဲ့ မော့ဆက် မှ အီရန် နိုင်ငံ သား နျူကလီးယား သိပ္ပံပညာရှင်များ ကို လုပ်ကြံ သတ်ဖြတ်ရန် ကြိုးပမ်း ခဲ့ကြောင်း မအောင်မြင်ခဲ့ကြောင်း ကြေညာထားပါတယ်။

ဤကိစ္စ နှင့်ပတ်သက်၍ ဝေလ သတင်းဌာန မှ အစ္စရေး (ဇီယွန် ၊ဇိုက်ယူနစ်) အကြမ်းဖက်သမား များ ၏ သူလျှို အဖွဲ့ မူစာဒ် မှ အီရန် နိုင်ငံ သား နျူကလီးယား သိပ္ပံပညာရှင် ဒေါက်တာ မော်(ဟ)စင်န် ဖခ်ရီဇာဒေ အား လုပ်ကြံ မှု တာဝန်ခံ ဖြစ်ကြောင်း အစီရင်ခံ တင်ပြထားပါတယ်။

******************************************

END / 251