အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : Myanmar Muslim Media
တနင်္လာနေ့

၃၀ နိုဝင်ဘာ ၂၀၂၀

၂၀:၁၂:၅၃
1091022

အစ္စရေး ကို အသိအမှတ်ပြုသွား မယ်ဆိုတဲ့ သတင်းတွေ ကို ပါကစ္စတန် ပြတ်ပြတ် သားသား ပယ်ချ

ပါကစ္စတန်ဟာရှိနေပြီးသားပေါ်လစီအတိုင်း အာရပ်မဟာမိတ်တွေရဲ့ဖိအားပေးမှုရှိရင်တောင် အစ္စရေးကိုအသိအမှတ်ပြုသွားမှာမဟုတ်ကြောင်း ပါကစ္စတန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ထပ်လောင်းပြောကြားခဲ့ပါတယ်။


ပါကစ္စတန်ဟာရှိနေပြီးသားပေါ်လစီအတိုင်း အာရပ်မဟာမိတ်တွေရဲ့ဖိအားပေးမှုရှိရင်တောင် အစ္စရေးကိုအသိအမှတ်ပြုသွားမှာမဟုတ်ကြောင်း ပါကစ္စတန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ထပ်လောင်းပြောကြားခဲ့ပါတယ်။


အင်္ဂါနေ့ကထုတ်ပြန်ချက်ထဲမှာ ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ် ဇာဟိဒ်ဟာဖိဇ်ချောင်ဒ်ရီက “ပါကစ္စတန်က အစ္စရေးကိုအသိအမှတ်ပြုသွားဖို့ အလား အလားတွေရှိနေတယ်ဆိုတဲ့ အခြေအမြစ်မရှိတဲ့သတင်းတွေကို ပြင်းပြင်းထန်ထန်ပယ်ချပါတယ်” လို့ပြောကြားခဲ့ပါတယ်။ “ပါလက်စတိုင်း လူထု ရဲ့ထာဝရကိုယ်ပိုင်အုပ်ချုပ်ပိုင်ခွင့်ကို ပါကစ္စတန်ကအခိုင်အမာထောက်ခံထားပါတယ်” လို့ ထုတ်ပြန်ချက်ထဲမှာပြောကြားထားပါတယ်။ ထာဝရငြိမ်းချမ်းရေး ရရှိစေဖို့အတွက် သက်ဆိုင်ရာကုလသမဂ္ဂနဲ့ OIC ဆုံးဖြတ်ချက်တွေနဲ့ အညီ ၁၉၆၇ခုနှစ်နယ်စပ်စည်းမျဉ်းသတ်မှတ်ချက်အတိုင်း လွတ်လပ်တဲ့ ပါလက်စတိုင်းနိုင်ငံ ထူထောင်နိုင်တဲ့ နှစ်နိုင်ငံဖြေရှင်း ချက်ကို အကောင်အထည်ဖော်သွားရမှာဖြစ်ပါတယ်။” လို့ထုတ်ပြန်ချက်ထဲမှာပြောကြားထားပါတယ်။


စက်တင်ဘာမှာ အစ္စရေးနဲ့သံတမန်ဆက်ဆံရေးထူထောင်ခဲ့တဲ့ အာရပ်မဟာမိတ်တွေဖြစ်တဲ့ ယူအေအီးနဲ့ ဘာရိန်းတို့လမ်းစဉ်နောက် ပါကစ္စတန်လည်းလိုက်ဖို့ရှိမရှိ မေးခွန်းတွေမြင့်တက်လာခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ်ကပဲ ပထမဆုံးဘာရိန်းကိုယ်စားလှယ်အဖွဲ့ဟာ အစ္စရေးကိုသွားရောက်ခဲ့ကြပါတယ်။ ဒီလိုသဘော တူညီချက်မှာလက်မှတ်ရေးထိုးဖို့ ပါကစ္စတန်ကိုဖိအားပေးမှုတွေရှိခဲ့ကြောင်း ပါကစ္စတန်ဝန်ကြီးချုပ်အင်မရန်ခန်းက ဒီလအစောပိုင်းတုန်းကအတည်ပြုပြောကြားခဲ့ပါတယ်။


“ကျွန်တော်တို့ပြောလို့မရတဲ့ကိစ္စအများအပြားရှိပါတယ် အကြောင်းကဒီနိုင်ငံတွေနဲ့ဆက်ဆံရေးကောင်းတွေ ရှိထားတာကြောင့် သူတို့ကိုစိတ်ပျက်သွားတာမျိုး မဖြစ်စေချင် ပါဘူး။” လို့ခန်းကပြောကြားခဲ့ပါတယ်။ ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခနဲ့ပတ်သက်ပြီး ပါကစ္စတန်ရဲ့ရပ်တည်ချက်ဟာ ပြောင်းလဲမှုမရှိကြောင်း ခန်းကထပ်လောင်းပြော ကြားခဲ့ပါတယ်။ “ကျွန်တော့်အတွက်တော့ ဒီအရေးနဲ့ပတ်သက်ပြီး ဒုတိယအတွေးမျိုးမရှိပါဘူး။ ပါလက်စတိုင်းတွေလက်ခံနိုင်တဲ့ အခြေချမှုတွေမပေးသရွေ့ ကျွန်တော်တို့ အစ္စရေးကိုလက်ခံသွားမှာမဟုတ်ပါဘူး” လို့သူကဆက်လက်ပြောကြားခဲ့ပါတယ်။


Al Jazeera သတင်းဌာနပါ “Pakistan categorically rejects reports about recognising Israel” အမည်ဖြင့်ဖော်ပြထားသည့် သတင်း ကိုညောင်နီရွက်(Myanmar Muslim Media)က မြန်မာဘာသာသို့ဆီလျော်အောင်ပြန်ဆိုသည်။

******************************************

END / 251