အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : Myanmar Muslim Media
ကြာသပတေးနေ့

၃ ဒီဇင်ဘာ ၂၀၂၀

၂၀:၀၃:၂၄
1091986

ယူအေအီး နဲ့ ဘာရိန်း တို့ဆီ သွားရောက် လည်ပတ်ခြင်း မပြုဖို့ အစ္စရေး က သူ့နိုင်ငံ သားတွေ ကို သတိပေး

နူကလီးယားသိပ္ပံပညာရှင်မိုဟဟ်ဆန်ဖာခ်ဟရီဇာဒါ့ဟ်လုပ်ကြံသတ်ဖြတ်ခံရမှုနဲ့ပတ်သက်ပြီး အီရန်ကတုံ့ပြန်လာနိုင်တဲ့အခြေအနေကို စိုးရိမ်ပြီး ယူအေအီးနဲ့ ဘာရိန်းနိုင်ငံတို့ဆီ သွားရောက်လည်ပတ်ခြင်းမပြုဖို့ အစ္စရေးက သူ့နိုင်ငံသားတွေကို သတိပေးပြောကြားလိုက်ကြောင်း အလ်ခါလီဂျာအွန်လိုင်းသတင်းဌာနက ဖော်ပြခဲ့ပါတယ်။


နူကလီးယားသိပ္ပံပညာရှင်မိုဟဟ်ဆန်ဖာခ်ဟရီဇာဒါ့ဟ်လုပ်ကြံသတ်ဖြတ်ခံရမှုနဲ့ပတ်သက်ပြီး အီရန်ကတုံ့ပြန်လာနိုင်တဲ့အခြေအနေကို စိုးရိမ်ပြီး ယူအေအီးနဲ့ ဘာရိန်းနိုင်ငံတို့ဆီ သွားရောက်လည်ပတ်ခြင်းမပြုဖို့ အစ္စရေးက သူ့နိုင်ငံသားတွေကို သတိပေးပြောကြားလိုက်ကြောင်း အလ်ခါလီဂျာအွန်လိုင်းသတင်းဌာနက ဖော်ပြခဲ့ပါတယ်။


အီရန်နူကလီးယားသိပ္ပံပညာရှင်လုပ်ကြံသတ်ဖြတ်ခံရမှုဟာ အစ္စရေးထောက်လှမ်းရေး အေဂျင်စီမိုဆက်အဖွဲ့ရဲ့လက်ချက်ဖြစ်ကြောင်း ကျယ်ကျယ်ပြန့်ပြန့် သုံးသပ် မှုတွေရှိနေပေမယ့် တဲလ်အဗစ်အစိုးရကတော့ မှတ်ချက်ပြုထားခြင်းမရှိပါဘူး။ လွန်ခဲ့တဲ့နှစ်ပတ်လောက်ကတည်းက ယူအေအီးနဲ့ ဘာရိန်းတို့ ဆီသွားရောက် လည်ပတ်တဲ့ အစ္စရေးနိုင်ငံသားတွေကို အစ္စရေး အကြမ်းဖက်နှိမ်နင်းရေးကော်မရှင်က သတိပေးပြောကြားမှုတွေရှိခဲ့ပြီး မိုဟ်ဆန်လုပ်ကြံခံရပြီးနောက် နှစ်ဆ သတိပေး မှုတွေမြင့် တက်လာကြောင်း ဟီဘရူးဘာသာနဲ့ထုတ်ဝေတဲ့ ယီဒီအော့အာဟ်ရိုနော့သတင်းစာက ဖော်ပြခဲ့ပါတယ်။


လာမဲ့ရက်သတ္တပတ်တွေအတွင်း ခရီးသွားလုပ်ငန်းနဲ့ ကုန်သွယ်ရေးလုပ်ငန်းတွေအတွက်နဲ့ အစ္စရေးနိုင်ငံသားထောင်နဲ့ချီ ပင်လယ်ကွေ့နိုင်ငံတွေဆီသွားရောက်မယ်လို့ အကြမ်းဖက်နှိမ်နင်ရေးကော်မရှင်က မျှော်မှန်းထားပါတယ်။ အကြမ်းဖက်အဖွဲ့အစည်းတွေ လှုပ်ရှားမှုတွေရှိနေတာကြောင့် ယူအေအီးဆီသွားရောက်မဲ့ အစ္စရေးနိုင်ငံ သားတွေရဲ့လုံခြုံရေးအတွက် ခြိမ်းခြောက်မှုတွေရှိနေကြောင်း အမျိုးသားလုံခြုံရေးကောင်စီကပြောကြားခဲ့တယ်လို့ အစ္စရေးသတင်း စာထပ်ဖြည့်ဖော်ပြထား ပါတယ်။ ပင်လယ်ကွေ့နိုင်ငံတွေမှာ အစ္စရေးနိုင်ငံသားတွေ တိုက်ခိုက်ခံရနိုင်တဲ့ ခြိမ်းခြောက်မှုအန္တရာယ်တွေရှိနေတယ်လို့ ကော်မရှင်ကပြောကြား ထား ပါတယ်။


Middle East Monitor သတင်းဌာနပါ “Israel warns citizens against travelling to UAE and Bahrain” အမည်ဖြင့်ဖော်ပြထားသည့် သတင်းကိုညောင်နီရွက်(Myanmar Muslim Media)က မြန်မာဘာသာသို့ဆီလျော်အောင်ပြန်ဆိုသည်။



******************************************
END / 251