အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
သောကြာနေ့

၁၁ ဒီဇင်ဘာ ၂၀၂၀

၂၀:၂၄:၅၇
1094733

စူရဟ် ဖိုစေလသ် အကြောင်း သိကောင်းစရာ

ဟွဂ်ျဂျသွလ် အစ္စလာမ် ဝလ်မွစ်လေမီး မောင်လာနာ ဆရက်ဒ် မက်စ်အူးဒ်အခ်သဲရ်ရေဇာဝီးဆပ် ( အိန္ဒိယ) ((အလာဝီးဒါရိုကုရ်အာန်၊ကွမ်းမြို့ )) တည်ထောင်သူ ရေးသားသီးကုံးထားသည့် (( ကုရ်အာန်နီ စူရို(န) က သအာရိုဖ် )) ဆိုသည့် ကျမ်းမှ စူရဟ် ဖိုစေလသ် အကြောင်း ကို အဲဟ်လေ့ဘိုက်(သ) (علیهم السّلام ) သတင်းဌာန ဆိုင်ရာစာဖတ်ချစ်ပရိတ်သတ်များအတွက် ရိုသေစွာ တင်ပြအပ်ပါသည်။


စူရဟ် ဖိုစေလသ် အကြောင်း သိကောင်းစရာအမည် - ဖိုစေလသ်

အဓိပ္ပာယ် - အကျယ် ဖွင့်ဆို ခြင်း၊

ဤ အမည်ထွင်ရသည့် အာယသ်တော် - အာယသ်တော် အမှတ် ၃

ဖိုစေလသ် ဆိုသည့် စကားလုံး ဤ စူရဟ်တော် တွင်ပါဝင်သည့် အကြိမ် - ၂ ကြိမ်

ဖိုစေလသ် ဆိုသည့် စကားလုံး ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင် သည့် အကြိမ် - ၃ ကြိမ်

အစောင် - ၂၄ - ၂၅

ရကူအပိုဒ်တော်ပေါင်း - ၆

အာယသ်တော်ပေါင်း - ၅၄

စကားလုံးတော်ပေါင်း - ၇၉၄

အက္ခရာတော်ပေါင်း - ၃၃၆၄

ဤစူရဟ်တော် တွင် အလ္လာဟ်ဆိုသည့် စကားလုံးတော်ပါဝင်မှု - ၁၁ ကြိမ်

ကျရောက်တော်မူသည့်နေရာ - မက္ကာဟ် ရွှေမြို့တော်

ကျရောက်သည့် အနေအထား - သဒ်္ဒရေဂျီ (တဖြည်းဖြည်းခြင်း)

ကျရောက်သည့်အမှတ်စဉ် - ၆၁

ဤစူရဟ် အလျင်း ကျရောက်သည့်စူရဟ် - စူရဟ် ဂါဖေရ် (စူရဟ် မိုအ်မင် )

ဤစူရဟ် ပြီးနောက် ကျရောက်သည့်စူရဟ် - စူရဟ် ရှုရာ

ဤစူရဟ်၏ အခြားအမည်များ - (၁) ဖိုစေလသ် (၂) စဂ်ျဒဟ် (၃) ဟာမီးမ် စဂ်ျဒဟ်

(၄) မစာဗီးဟ်

အမည့်ထွင်ရသည့်အကြောင်း - ဤစူရဟ် ၏ တတိယ အာယသ် တော် တွင် ဖိုစေလသ် ဆိုသည့် စကားလုံးဖော်ပြထား၍ ဖြစ်ပါသည်။

 

အကျိုးအာနိသင် -အေမာမ် ဂျအ်ဖရ်ဆွာဒစ်က် (علیه السّلام) မိန့်တော်မူသည်။

“အကြင်မည်သူမဆို စူရဟ် ဟမီးမ် စဂ်ျဒဟ် အား သေလာဝသ် ပြုလုပ်မည် ဆိုလျှင် အလ္လာဟ်ဟို အရှင်မြတ် သခင်သည် ၎င်း အား ကေယာမသ် နေ့ တွင် နူးရ် (ရောင်ခြည်) ပေးသနားတော်မူမည်။၎င်းသည် ပျော်ရွှင် ပေမည်။ ၎င်းသည် လောကီတွင် ချီးင်္မမ်းထောပန ခြင်းခံရသူဖြစ်မည် ။လူ အများ အနေဖြင့် အားကြ ဂုဏ်ယူပေမည်။ ။”

(မဂ်ျမအိုလ်ဗရန်းန်ကျမ်း အတွဲ ၉ ၊ စာမျက်နှာ ၅ )

 

ကျမ်းကိုး - (( ကုရ်အာန်နီ စူရို(န) က သအာရိုဖ် )) ကျမ်း - ရေးသားသူ -ဟွဂ်ျဂျသွလ်အစ္စလာမ် ဝလ်မွစ်လေမီး မောင်လာနာ ဆရက်ဒ်မက်စ် အူးဒ် အခ် သဲရ်ရေဇာဝီးဆပ် ( အိန္ဒိယ) ((အလာဝီး ဒါရိုကုရ်အာန်၊ကွမ်းမြို့))တည်ထောင်သူA.F.H.M

 

*******************************************

END / 251