အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္လာနေ့

၁၄ ဒီဇင်ဘာ ၂၀၂၀

၂၀:၂၁:၃၉
1095816

စူရဟ် ဇိုခရိုဖ် အကြောင်း သိကောင်းစရာ

ဟွဂ်ျဂျသွလ် အစ္စလာမ် ဝလ်မွစ်လေမီး မောင်လာနာ ဆရက်ဒ် မက်စ်အူးဒ်အခ်သဲရ်ရေဇာဝီးဆပ် ( အိန္ဒိယ) ((အလာဝီးဒါရိုကုရ်အာန်၊ကွမ်းမြို့ )) တည်ထောင်သူ ရေးသားသီးကုံးထားသည့် (( ကုရ်အာန်နီ စူရို(န) က သအာရိုဖ် )) ဆိုသည့် ကျမ်းမှ စူရဟ် ဇိုခရိုဖ် အကြောင်း ကို အဲဟ်လေ့ဘိုက်(သ) (علیهم السّلام ) သတင်းဌာန ဆိုင်ရာစာဖတ်ချစ်ပရိတ်သတ်များအတွက် ရိုသေစွာ တင်ပြအပ်ပါသည်။


 

စူရဟ် ဇိုခရိုဖ်အကြောင်း သိကောင်းစရာအမည် -ဇိုခရိုဖ်

အဓိပ္ပာယ် - လက်ဝတ်ရတနာ ၊ ရွှေ ၊ တန်ဖိုးမဲ့ လက်ဝတ်ရတနာ၊اسم مجهول ဆိုလျှင် အဓိပ္ပာယ် မဲ့၊ အကျိုးမမြတ် မရှိဟု အဓိပ္ပာယ် ရပါတယ်။

ဤ အမည်ထွင်ရသည့် အာယသ်တော် - အာယသ်တော် အမှတ် ၃၅

ဇိုခရိုဖ် ဆိုသည့် စကားလုံး ဤ စူရဟ်တော် တွင်ပါဝင်သည့် အကြိမ် - ၁ ကြိမ်

ဇိုခရိုဖ ဆိုသည့် စကားလုံး ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင် သည့် အကြိမ် - ၄ ကြိမ်

အစောင် - ၂၅ရကူအပိုဒ်တော်ပေါင်း - ၇အာယသ်တော်ပေါင်း - ၈၉

စကားလုံးတော်ပေါင်း -၈၃၆

အက္ခရာတော်ပေါင်း - ၃၆၀၉

ဤစူရဟ်တော် တွင် အလ္လာဟ်ဆိုသည့် စကားလုံးတော်ပါဝင်မှု - ၃ ကြိမ်

ကျရောက်တော်မူသည့်နေရာ - မဒီနာ ရွှေမြို့တော်

ကျရောက်သည့် အနေအထား - သဒ်္ဒရေဂျီ (တဖြည်းဖြည်းခြင်း)

ကျရောက်သည့်အမှတ်စဉ် - ၆၃

ဤစူရဟ် အလျင်း ကျရောက်သည့်စူရဟ် - စူရဟ် ရှုရာ

ဤစူရဟ် ပြီးနောက် ကျရောက်သည့်စူရဟ် - စူရဟ် ဒိုခါန်း

အမည့်ထွင်ရသည့်အကြောင်း - ဤစူရဟ် တွင် ဇိုခ်ရိုဖ် ဆိုသည့် စကားလုံး ပါဝင်နေသည့် အတွက်ကြောင့် ဖြစ်ပါတယ်။

 

အကျိုးအာနိသင် - မဟာတမန်တော်မြတ် မိုဟမ္မဒ် (صلّی الله علیه وآله ) မိန့်တော်မူသည်။

“အကြင်မည်သူ မဆို စူရဟ် ဇိုခ်ရိုဖ် အား သေလာဝသ် ပြုမည်ဆိုလျှင် ကေယာမသ်နေ့ တွင် ၎င်းသေလာဝသ် ပြုအား ပြောကြားပေမည် ။အို အလ္လာဟ် ၏ ကျေးကျွန် ယနေ့ သည့် အသင်အတွက် မည်သည့် ကြောက်ရွံ့ စရာ မျှ ၊ အန္တရာယ် မျှ ရှိမည် မဟုတ်ချေ။ အသင် အတွ့် စာရင်းအင်း ရှင်းစရာ မလိုဘဲ ဂျန္နသ် (သုခဘုံ) သို့ ဝင်ရောက်ရပေမည်။”

(မဂ်ျမအိုလ်ဗရန်းန်ကျမ်း အတွဲ ၉ ၊ စာမျက်နှာ ၆၆ )

ကျမ်းကိုး - (( ကုရ်အာန်နီ စူရို(န) က သအာရိုဖ် )) ကျမ်း - ရေးသားသူ -ဟွဂ်ျဂျသွလ်အစ္စလာမ် ဝလ်မွစ်လေမီး မောင်လာနာ ဆရက်ဒ်မက်စ် အူးဒ် အခ် သဲရ်ရေဇာဝီးဆပ် ( အိန္ဒိယ) ((အလာဝီး ဒါရိုကုရ်အာန်၊ကွမ်းမြို့))တည်ထောင်သူA.F.H.M

********************************************

END / 251