အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
အင်္ဂါနေ့

၁၅ ဒီဇင်ဘာ ၂၀၂၀

၂၀:၁၇:၃၅
1096209

စူရဟ် ဒိုခါန်း အကြောင်း သိကောင်းစရာ

ဟွဂ်ျဂျသွလ် အစ္စလာမ် ဝလ်မွစ်လေမီး မောင်လာနာ ဆရက်ဒ် မက်စ်အူးဒ်အခ်သဲရ်ရေဇာဝီးဆပ် ( အိန္ဒိယ) ((အလာဝီးဒါရိုကုရ်အာန်၊ကွမ်းမြို့ )) တည်ထောင်သူ ရေးသားသီးကုံးထားသည့် (( ကုရ်အာန်နီ စူရို(န) က သအာရိုဖ် )) ဆိုသည့် ကျမ်းမှ စူရဟ် ဒိုခါန်း အကြောင်း ကို အဲဟ်လေ့ဘိုက်(သ) (علیهم السّلام ) သတင်းဌာန ဆိုင်ရာစာဖတ်ချစ်ပရိတ်သတ်များအတွက် ရိုသေစွာ တင်ပြအပ်ပါသည်။


 

စူရဟ် ဒိုခါန်း အကြောင်း သိကောင်းစရာအမည် - ဒိုခါန်း

အဓိပ္ပာယ် - အခိုအငွေ့

ဤ အမည်ထွင်ရသည့် အာယသ်တော် - အာယသ်တော် အမှတ် ၁၀

ဒိုခါန်း ဆိုသည့် စကားလုံး ဤ စူရဟ်တော် တွင်ပါဝင်သည့် အကြိမ် - ၁ ကြိမ်

ဒိုခါန်း ဆိုသည့် စကားလုံး ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင် သည့် အကြိမ် - ၂ ကြိမ်

အစောင် - ၂၅ ရကူအပိုဒ်တော်ပေါင်း -၃အာယသ်တော်ပေါင်း - ၅၉

စကားလုံးတော်ပေါင်း - ၃၄၆

အက္ခရာတော်ပေါင်း - ၁၄၇၅

ဤစူရဟ်တော် တွင် အလ္လာဟ်ဆိုသည့် စကားလုံးတော်ပါဝင်မှု - ၃ ကြိမ်

ကျရောက်တော်မူသည့်နေရာ - မက္ကာဟ် ရွှေမြို့တော်

ကျရောက်သည့် အနေအထား - သဒ်္ဒရေဂျီ (တဖြည်းဖြည်းခြင်း)

ကျရောက်သည့်အမှတ်စဉ် - ၆၄

ဤစူရဟ် အလျင်း ကျရောက်သည့်စူရဟ် - စူရဟ် ဇိုခ်ရိုဖ်

ဤစူရဟ် ပြီးနောက် ကျရောက်သည့်စူရဟ် - စူရဟ် ဂျာစီယဟ်

 

အမည့်ထွင်ရသည့်အကြောင်း - သူတေသနပြုထားသည့် စကားလုံး ဖြစ်ပြီး အခိုးအငွေ့ (သို့) အခိုးအငွေ့များ နှင့် ပုံစံတူ ဖြစ်ပါတယ်။ အခိုးအငွေ့ ၏ အရေးပါးမှု ကို အခြေခံ စူရဟ် အမည် ထွင်ခဲ့ခြင်းဖြစ်ပါတယ်။

 

 

ထူးခြားသည့်ကြင်အင်လက္ခဏာ - လက်ရှိ ကျမ်းတော်မြတ်ကုရ်အာန် ၏ အမှတ်အစဉ် နှင့် မြတ်အလ္လာဟ် ချပေးတော်မူသည့်အမှတ်စဉ် အရ တစ်ခု တည်း ဖြစ်နေပါတယ်။ ဆိုလိုသည် မှာ ဤစူရဟ် ၏ အရင် စူရဟ် မှာ စူရဟ် ဇိုခ်ရိုဖ် ဖြစ်ပါတယ်။ ပြီးနောက် နောက် စူရဟ် မှာ စူရဟ် ဂျာစီယဟ် ဖြစ်ပါတယ်။

အကျိုးအာနိသင် - အေမာမ် ဘာကေရ် (علیه السّلام) မိန့်တော်မူသည်။

“အကြင်မည်သူမဆို ဝဂျစ်ဗ် (သို့) မွတ်စ်သဟဗ် နမာဇ် တွင် စူရဟ် ဒိုခါန်းအားသေလာဝသ် ပြုမည်ဆိုလျှင် အလ္လာဟ် ဟို အရှင်မြတ် သခင်သည် ၎င်းအား ကေယာမသ နေ့ တွင် ၎င်း သေလာဝသ် ပြုသူသည် သစ္စာ ရှင်များ စာရင်း တွင် ပါဝင်ပေမည်။ အလ္လာဟ်ဟိုအရှမြတ် ၏ အရ်ရှ်တော် အောက်တွင် ရှိမည်။ စာရင်းအင်းရှင်းရာ တွင် လွယ်ကူ မှု ကို ဖြစ်စေမည်။ ၎င်း ၏ လုပ်ရပ် များ၏ မှတ်တမ်း အား ၎င်း ၏ ညာဖက် လက်တွင် ပေးတော် မူမည် ။ ”

(မဂ်ျမအိုလ်ဗရန်းန်ကျမ်း အတွဲ ၉ ၊ စာမျက်နှာ ၁၀၁ )

ကျမ်းကိုး - (( ကုရ်အာန်နီ စူရို(န) က သအာရိုဖ် )) ကျမ်း - ရေးသားသူ -ဟွဂ်ျဂျသွလ်အစ္စလာမ် ဝလ်မွစ်လေမီး မောင်လာနာ ဆရက်ဒ်မက်စ် အူးဒ် အခ် သဲရ်ရေဇာဝီးဆပ် ( အိန္ဒိယ) ((အလာဝီး ဒါရိုကုရ်အာန်၊ကွမ်းမြို့))တည်ထောင်သူA.F.H.M

********************************************

END / 251