အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
အင်္ဂါနေ့

၁၅ ဒီဇင်ဘာ ၂၀၂၀

၂၀:၂၀:၀၂
1096210

စူရဟ် ဂျာစီယဟ် အကြောင်း သိကောင်းစရာ

ဟွဂ်ျဂျသွလ် အစ္စလာမ် ဝလ်မွစ်လေမီး မောင်လာနာ ဆရက်ဒ် မက်စ်အူးဒ်အခ်သဲရ်ရေဇာဝီးဆပ် ( အိန္ဒိယ) ((အလာဝီးဒါရိုကုရ်အာန်၊ကွမ်းမြို့ )) တည်ထောင်သူ ရေးသားသီးကုံးထားသည့် (( ကုရ်အာန်နီ စူရို(န) က သအာရိုဖ် )) ဆိုသည့် ကျမ်းမှ စူရဟ် ဂျာစီယဟ်အကြောင်း ကို အဲဟ်လေ့ဘိုက်(သ) (علیهم السّلام ) သတင်းဌာန ဆိုင်ရာစာဖတ်ချစ်ပရိတ်သတ်များအတွက် ရိုသေစွာ တင်ပြအပ်ပါသည်။


 

စူရဟ် ဂျာစီယဟအကြောင်း သိကောင်းစရာအမည် - ဂျာစီယဟ

အဓိပ္ပာယ် - ဒူးထောက် ခြင်း ဆိုလိုသည်မှာ ကေယာမသ်နေ့ တွင် ရှိသမျှ ပုဂ္ဂိုလ် အားလုံး အလ္လာဟ် ဟို အရှင်မြတ် ၏ တရား မျှတမှု ရှေ့ တွင် ဒူးထောက်ကြ ပေမည်။

ဤ အမည်ထွင်ရသည့် အာယသ်တော် - အာယသ်တော် အမှတ် ၂၈

ဂျာစီယဟ် ဆိုသည့် စကားလုံး ဤ စူရဟ်တော် တွင်ပါဝင်သည့် အကြိမ် - ၁ ကြိမ်

ဂျာစီယဟ် ဆိုသည့် စကားလုံး ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင် သည့် အကြိမ် - ၁ ကြိမ်

အစောင် - ၂၅ ရကူအပိုဒ်တော်ပေါင်း -၄အာယသ်တော်ပေါင်း - ၃၇

စကားလုံးတော်ပေါင်း - ၄၈၈

အက္ခရာတော်ပေါင်း - ၂၀၈၅

ဤစူရဟ်တော် တွင် အလ္လာဟ်ဆိုသည့် စကားလုံးတော်ပါဝင်မှု - ၁၈ ကြိမ်

ကျရောက်တော်မူသည့်နေရာ - မက္ကာဟ် ရွှေမြို့တော် (အာယသ်တော် အမှတ် ၁၄ သည် မဒနီ ဖြစ်ပါတယ်။

ကျရောက်သည့် အနေအထား - သဒ်္ဒရေဂျီ (တဖြည်းဖြည်းခြင်း) ကျရောက်သည့်အမှတ်စဉ် - ၆၅ ဤစူရဟ် အလျင်း ကျရောက်သည့်စူရဟ် - စူရဟ် ဒိုခါန်း

ဤစူရဟ် ပြီးနောက် ကျရောက်သည့်စူရဟ် - စူရဟ် အဲဟ်ကာဖ်

ဤစူရဟ်၏ အခြားအမည်များ - ၁။ ဂျာစီယဟ်  ၂။ ရှရီအသ်

အမည့်ထွင်ရသည့်အကြောင်း - ကျမ်းတော်မြတ်ကုရ်အာန် တစ်အုပ်လုံး တွင် ဤ စူရဟ် တစ်ခုတည်းတွင် သာ ဂျာစီယဟ် ဆိုသည့် စကားလုံး ပါသည့် အတွက်ကြောင့် ဖြစ်ပါတယ်။

 

အကျိုးအာနိသင် - အေမာမ် ဂျအ်ဖရ် ဆွာဒစ် (علیه السّلام) မိန့်တော်မူသည်။

“ စူရဟ် ဂျာစီယေဟ် ကို သေလာဝသ် ပြုလုပ် သူ သည် မည်သည့်အခါ မှ မီး၏ စက်ကွင်း တွင် ရောက်မည် မဟုတ်ချေ။ မည်သည့်အခါ မျှ ဂျဟန္နမ် ၏ အခက်အခဲဒုက္ခ တွေ့ရမည် မဟုတ် ချေ။ထိုပြင် ဂျဟန္နမ် မီးစ ဖြစ်မည်မဟုတ်ချေ။ မဟာတမန်တော်မြတ် ကြီး (صلّی الله علیه وآله ) အတူ ရှိပေမည်။ ”

(မဂ်ျမအိုလ်ဗရန်းန်ကျမ်း အတွဲ ၉ ၊ စာမျက်နှာ ၁၁၉ )

ကျမ်းကိုး - (( ကုရ်အာန်နီ စူရို(န) က သအာရိုဖ် )) ကျမ်း - ရေးသားသူ -ဟွဂ်ျဂျသွလ်အစ္စလာမ် ဝလ်မွစ်လေမီး မောင်လာနာ ဆရက်ဒ်မက်စ် အူးဒ် အခ် သဲရ်ရေဇာဝီးဆပ် ( အိန္ဒိယ) ((အလာဝီး ဒါရိုကုရ်အာန်၊ကွမ်းမြို့))တည်ထောင်သူA.F.H.M

********************************************

END / 251