အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန၊အဗ်နာ
စူရဟ် အဲဟ်ကာဖ် အကြောင်း သိကောင်းစရာအမည် - အဲဟ်ကာဖ်
အဓိပ္ပာယ် - အာဒ် လူမျိုးများ နေထိုင်သည့် မြေ
ဤ အမည်ထွင်ရသည့် အာယသ်တော် - အာယသ်တော် အမှတ် ၂၁
အဲဟ်ကာဖ် ဆိုသည့် စကားလုံး ဤ စူရဟ်တော် တွင်ပါဝင်သည့် အကြိမ် - ၁ ကြိမ်
အဲဟ်ကာဖ် ဆိုသည့် စကားလုံး ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင် သည့် အကြိမ် - ၁ ကြိမ်
အစောင် - ၂၆
ရကူအပိုဒ်တော်ပေါင်း - ၎
အာယသ်တော်ပေါင်း - ၃၅
စကားလုံးတော်ပေါင်း - ၆၄၆
အက္ခရာတော်ပေါင်း - ၂၆၆၈
ဤစူရဟ်တော် တွင် အလ္လာဟ်ဆိုသည့် စကားလုံးတော်ပါဝင်မှု - ၁၆ ကြိမ်
ကျရောက်တော်မူသည့်နေရာ - မက္ကာဟ် ရွှေမြို့တော်
ကျရောက်သည့် အနေအထား - သဒ်္ဒရေဂျီ (တဖြည်းဖြည်းခြင်း)
ကျရောက်သည့်အမှတ်စဉ် - ၆၆
ဤစူရဟ် အလျင်း ကျရောက်သည့်စူရဟ် - စူရဟ် ဂျာစီယဟ်
ဤစူရဟ် ပြီးနောက် ကျရောက်သည့်စူရဟ် - စူရဟ် ဇာရီယာသ်
အမည့်ထွင်ရသည့်အကြောင်း - အာဒ် လူမျိုးများ အကြောင်းပါဝင်၍ အဲဟ်ကာဖ် ဟု အမည် ထွင်ရပါတယ်။
အကျိုးအာနိသင် - အေမာမ် ဂျအ်ဖရ်ဆွာဒစ် (علیه السّلام) မိန့်တော်မူသည်။
“အကြင်မည်သူမဆို ညစဉ်ညတိုင်း (သို့) သောကြာနေ့ တွင် စူရဟ် အဲဟ်ကာဖ် သေလာဝသ် ပြုမည် ဆိုလျှင် လောကတွင် မည်သူကို မျှ ကြောက်မည် မဟုတ်ချေ။ ကေယာမသ်နေ့ တွင် တွင်အင်န်ရှာအလာဟ် အလ္လာဟ် ဟို အရှင်မြတ်သည် သေလာဝသ် ပြုသူအား ကြောက်မက်ဖွယ် အမျိုးမျိုး မှ လုံခြုံ မှု ကို ပေးတော်မူမည်။ ”
(မဂ်ျမအိုလ်ဗရန်းန်ကျမ်း အတွဲ ၉ ၊ စာမျက်နှာ ၁၃၆ )
ကျမ်းကိုး - (( ကုရ်အာန်နီ စူရို(န) က သအာရိုဖ် )) ကျမ်း - ရေးသားသူ -ဟွဂ်ျဂျသွလ်အစ္စလာမ် ဝလ်မွစ်လေမီး မောင်လာနာ ဆရက်ဒ်မက်စ် အူးဒ် အခ် သဲရ်ရေဇာဝီးဆပ် ( အိန္ဒိယ) ((အလာဝီး ဒါရိုကုရ်အာန်၊ကွမ်းမြို့))တည်ထောင်သူA.F.H.M
********************************************
END / 251