အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန၊အဗ်နာ
စူရဟ် ဖသ်ဟ် အကြောင်း သိကောင်းစရာအမည် - ဖသ်ဟ်
အဓိပ္ပာယ် - အောင်မြင်၊အောင်နိုင်ခြင်း
ဤ အမည်ထွင်ရသည့် အာယသ်တော် - အာယသ်တော် အမှတ် ၁
ဖသ်ဟ် ဆိုသည့် စကားလုံး ဤ စူရဟ်တော် တွင်ပါဝင်သည့် အကြိမ် - ၄ ကြိမ်
ဖသ်ဟ် ဆိုသည့် စကားလုံး ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင် သည့် အကြိမ် - ၃၈ ကြိမ်
အစောင် - ၂၆
ရကူအပိုဒ်တော်ပေါင်း -၄အာယသ်တော်ပေါင်း - ၂၉
စကားလုံးတော်ပေါင်း - ၅၆၀
အက္ခရာတော်ပေါင်း - ၂၅၀၉
ဤစူရဟ်တော် တွင် အလ္လာဟ်ဆိုသည့် စကားလုံးတော်ပါဝင်မှု - ၃၉ ကြိမ်
ကျရောက်တော်မူသည့်နေရာ - မဒီနာ ရွှေမြို့တော်
ကျရောက်သည့် အနေအထား - သဒ်္ဒရေဂျီ (တဖြည်းဖြည်းခြင်း)
ကျရောက်သည့်အမှတ်စဉ် - ၁၁၁
ဤစူရဟ် အလျင်း ကျရောက်သည့်စူရဟ် - စူရဟ် ဂျွန်မာ
ဤစူရဟ် ပြီးနောက် ကျရောက်သည့်စူရဟ် - စူရဟ် မာအေဒဟ်
အမည့်ထွင်ရသည့်အကြောင်း - မွတ်စလင်မ်များ ၏ အောင်နိုင်သည့် သတင်း အကြောင်းကို ပေးထားသည့် အတွက် ကြောင့် ဖြစ်ပါတယ်။
ထူးခြားသည့်ကြင်အင်လက္ခဏာ - စိုလ်ဟေဟိုဒိုင်ဗီယာ ၏ ဖြစ်ရပ်မှန် ကို တင်ပြထားပါတယ်။
အကျိုးအာနိသင် - အေမာမ် ဂျအ်ဖရ် ဆွာဒစ် (علیه السّلام) မိန့်တော်မူသည်။
“မိမိ၏ ဥစ္စာ၊ပစ္စည်း များ နှင့် မိမိ၏ အမျိုးသမီးများ ၏ လုံခြုံရေး အတွက် စူရဟ် ဖသ်ဟ် ၏ သေလာဝသ် ပြုခြင်းဖြင့် ပြုလုပ်ပါလေ။ ”
(မဂ်ျမအိုလ်ဗရန်းန်ကျမ်း အတွဲ ၉ ၊ စာမျက်နှာ ၁၈၁ )
ကျမ်းကိုး - (( ကုရ်အာန်နီ စူရို(န) က သအာရိုဖ် )) ကျမ်း - ရေးသားသူ -ဟွဂ်ျဂျသွလ်အစ္စလာမ် ဝလ်မွစ်လေမီး မောင်လာနာ ဆရက်ဒ်မက်စ် အူးဒ် အခ် သဲရ်ရေဇာဝီးဆပ် ( အိန္ဒိယ) ((အလာဝီး ဒါရိုကုရ်အာန်၊ကွမ်းမြို့))တည်ထောင်သူA.F.H.M
********************************************
END / 251