အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ဗုဒ္ဓဟူးနေ့

၁၆ ဒီဇင်ဘာ ၂၀၂၀

၂၀:၂၇:၀၈
1096559

စူရဟ် ဟိုဂျရာသ် အကြောင်း သိကောင်းစရာ

ဟွဂ်ျဂျသွလ် အစ္စလာမ် ဝလ်မွစ်လေမီး မောင်လာနာ ဆရက်ဒ် မက်စ်အူးဒ်အခ်သဲရ်ရေဇာဝီးဆပ် ( အိန္ဒိယ) ((အလာဝီးဒါရိုကုရ်အာန်၊ကွမ်းမြို့ )) တည်ထောင်သူ ရေးသားသီးကုံးထားသည့် (( ကုရ်အာန်နီ စူရို(န) က သအာရိုဖ် )) ဆိုသည့် ကျမ်းမှ စူရဟ် ဟိုဂျရာသ် အကြောင်း ကို အဲဟ်လေ့ဘိုက်(သ) (علیهم السّلام ) သတင်းဌာန ဆိုင်ရာစာဖတ်ချစ်ပရိတ်သတ်များအတွက် ရိုသေစွာ တင်ပြအပ်ပါသည်။


 

စူရဟ် ဟိုဂျရာသအကြောင်း သိကောင်းစရာအမည် - ဟိုဂျရာသ်

အဓိပ္ပာယ်- ဟိုဂျရေ ၏အများကိန်း ၊ အခန်းများ

ဤ အမည်ထွင်ရသည့် အာယသ်တော် - အာယသ်တော် အမှတ် ၁

ဟိုဂျရာသ် ဆိုသည့် စကားလုံး ဤ စူရဟ်တော် တွင်ပါဝင်သည့် အကြိမ် - ၁ ကြိမ်

ဟိုဂျရာသ် ဆိုသည့် စကားလုံး ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင် သည့် အကြိမ် - ၁ ကြိမ်

အစောင် - ၂၆ ရကူအပိုဒ်တော်ပေါင်း - ၂အာယသ်တော်ပေါင်း - ၁၈

စကားလုံးတော်ပေါင်း - ၃၅၃

အက္ခရာတော်ပေါင်း - ၁၅၃၃ဤစူရဟ်တော် တွင် အလ္လာဟ်ဆိုသည့် စကားလုံးတော်ပါဝင်မှု - ၂၇ ကြိမ်

ကျရောက်တော်မူသည့်နေရာ - မဒနီ ရွှေမြို့တော်ကျရောက်သည့် အနေအထား - သဒ်္ဒရေဂျီ (တဖြည်းဖြည်းခြင်း)

ကျရောက်သည့်အမှတ်စဉ် - ၁၀၆ ဤစူရဟ် အလျင်း ကျရောက်သည့်စူရဟ် - စူရဟ် မိုဂျာဒေလဟ်

ဤစူရဟ် ပြီးနောက် ကျရောက်သည့်စူရဟ် - စူရဟ် သဲဟ်ရီးမ်

 

အမည့်ထွင်ရသည့်အကြောင်း - ဟိုဂျရာသ် ဆိုသည့် စကားလုံးသည် ဤ စူရဟ် တွင် တင်ပြထားသည့် အတွက် ကြောင့ ဖြစ်ပါတယ်။

 

အကျိုးအာနိသင် - အေမာမ် ဂျအ်ဖရ် ဆွာဒစ် (علیه السّلام) မိန့်တော်မူသည်။

“အကြင်မည်သူမဆို စူရဟ် ဟိုဂျရာသ် ၏ သေလာဝသ် ညစဉ် သို့မဟုတ် နေ့စဉ် ပြုလုပ်မည်ဆိုလျှင် ဟဇရသ် မိုဟမ္မဒ် (صلّی الله علیه وآله ) ကို ဇေယာရသ်ပြုသူများ စာရင်းတွင်ပါဝင် ပေမည်။”

(မဂ်ျမအိုလ်ဗရန်းန်ကျမ်း အတွဲ ၉ ၊ စာမျက်နှာ ၂၁၄ )

ကျမ်းကိုး - (( ကုရ်အာန်နီ စူရို(န) က သအာရိုဖ် )) ကျမ်း - ရေးသားသူ -ဟွဂ်ျဂျသွလ်အစ္စလာမ် ဝလ်မွစ်လေမီး မောင်လာနာ ဆရက်ဒ်မက်စ် အူးဒ် အခ် သဲရ်ရေဇာဝီးဆပ် ( အိန္ဒိယ) ((အလာဝီး ဒါရိုကုရ်အာန်၊ကွမ်းမြို့))တည်ထောင်သူA.F.H.M

********************************************

END / 251