အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
သောကြာနေ့

၁၈ ဒီဇင်ဘာ ၂၀၂၀

၂၀:၂၇:၅၀
1097147

စူရဟ် နဂ်ျမ် အကြောင်း သိကောင်းစရာ

ဟွဂ်ျဂျသွလ် အစ္စလာမ် ဝလ်မွစ်လေမီး မောင်လာနာ ဆရက်ဒ် မက်စ်အူးဒ်အခ်သဲရ်ရေဇာဝီးဆပ် ( အိန္ဒိယ) ((အလာဝီးဒါရိုကုရ်အာန်၊ကွမ်းမြို့ )) တည်ထောင်သူ ရေးသားသီးကုံးထားသည့် (( ကုရ်အာန်နီ စူရို(န) က သအာရိုဖ် )) ဆိုသည့် ကျမ်းမှ စူရဟ် နဂ်ျမ် အကြောင်း ကို အဲဟ်လေ့ဘိုက်(သ) (علیهم السّلام ) သတင်းဌာန ဆိုင်ရာစာဖတ်ချစ်ပရိတ်သတ်များအတွက် ရိုသေစွာ တင်ပြအပ်ပါသည်။

 


စူရဟ် နဂ်ျမ် အကြောင်း သိကောင်းစရာအမည် - နဂ်ျမ်အဓိပ္ပာယ် - ကြယ်တာရာ

ဤ အမည်ထွင်ရသည့် အာယသ်တော် - အာယသ်တော် အမှတ် ၁

နဂ်ျမ် ဆိုသည့် စကားလုံး ဤ စူရဟ်တော် တွင်ပါဝင်သည့် အကြိမ် - ၁ ကြိမ်

နဂ်ျမ် ဆိုသည့် စကားလုံး ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင် သည့် အကြိမ် - ၁၃ ကြိမ်

အစောင် - ၂၇ရကူအပိုဒ်တော်ပေါင်း - ၃အာယသ်တော်ပေါင်း - ၆၂

စကားလုံးတော်ပေါင်း - ၃၆၀

အက္ခရာတော်ပေါင်း - ၁၄၃၂

ဤစူရဟ်တော် တွင် အလ္လာဟ်ဆိုသည့် စကားလုံးတော်ပါဝင်မှု - ၃ ကြိမ်

ကျရောက်တော်မူသည့်နေရာ - မက္ကာဟ် ရွှေမြို့တော်

ကျရောက်သည့် အနေအထား - သဒ်္ဒရေဂျီ (တဖြည်းဖြည်းခြင်း)

ကျရောက်သည့်အမှတ်စဉ် - ၂၃ ဤစူရဟ် အလျင်း ကျရောက်သည့်စူရဟ် -စူရဟ် သောင်ဟီးဒ်

ဤစူရဟ် ပြီးနောက် ကျရောက်သည့်စူရဟ် - စူရဟ်အဗစ

အမည့်ထွင်ရသည့်အကြောင်း - ဤစူရဟ် ၏ ပထမ အာယသ် တော် တွင် နဂ်ျမ် ဆိုသည့် စကားလုံးဖော်ပြထား၍ ဖြစ်ပါသည်။

 

ထူးခြားသည့်ကြင်အင်လက္ခဏာ - မေအ်ရာဂ်ျ ကဏ္ဍ ကို ဖော်ပြထားပါတယ်။

အကျိုးအာနိသင် - အေမာမ် ဂျအ်ဖရ်ဆွာဒစ်က် (علیه السّلام) မိန့်တော်မူသည်။

“အကြင်မည်သူမဆို စူရဟ် နဂ်ျမ် အား အမြဲ သေလာဝသ် ပြုမည် ဆိုလျှင် လူထုအကြား လူချစ် လူခင်ပေါများ ပေမည်။ ၎င်းအား ချီးကျူးကြမည်၊ ရိုသေလေးစားကြမည်။ ပြီးနောက် ခွင့်လွတ်ပလပ်ခြင်းခံထားရသူ အဖြစ် ဤ လောက မှ ထွက်ခွာ ရပါမည်။ ”

(မဂ်ျမအိုလ်ဗရန်းန်ကျမ်း အတွဲ ၉ ၊ စာမျက်နှာ ၂၈၄ )

ကျမ်းကိုး - (( ကုရ်အာန်နီ စူရို(န) က သအာရိုဖ် )) ကျမ်း - ရေးသားသူ -ဟွဂ်ျဂျသွလ်အစ္စလာမ် ဝလ်မွစ်လေမီး မောင်လာနာ ဆရက်ဒ်မက်စ် အူးဒ် အခ် သဲရ်ရေဇာဝီးဆပ် ( အိန္ဒိယ) ((အလာဝီး ဒါရိုကုရ်အာန်၊ကွမ်းမြို့))တည်ထောင်သူA.F.H.M