အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္ဂနွေနေ့

၂၀ ဒီဇင်ဘာ ၂၀၂၀

၂၀:၂၄:၄၅
1097857

စူရဟ် ရဟ်မန် အကြောင်း သိကောင်းစရာ

ဟွဂ်ျဂျသွလ် အစ္စလာမ် ဝလ်မွစ်လေမီး မောင်လာနာ ဆရက်ဒ် မက်စ်အူးဒ်အခ်သဲရ်ရေဇာဝီးဆပ် ( အိန္ဒိယ) ((အလာဝီးဒါရိုကုရ်အာန်၊ကွမ်းမြို့ )) တည်ထောင်သူ ရေးသားသီးကုံးထားသည့် (( ကုရ်အာန်နီ စူရို(န) က သအာရိုဖ် )) ဆိုသည့် ကျမ်းမှ စူရဟ် ရဟ်မန် အကြောင်း ကို အဲဟ်လေ့ဘိုက်(သ) (علیهم السّلام ) သတင်းဌာန ဆိုင်ရာစာဖတ်ချစ်ပရိတ်သတ်များအတွက် ရိုသေစွာ တင်ပြအပ်ပါသည်။


စူရဟ် ရဟ်မန် အကြောင်း သိကောင်းစရာအမည် - ရဟ်မန်

အဓိပ္ပာယ် - ရဲဟ်မသ်တော် ပေးသနားတော်မူသည့် အရှင်

ဤ အမည်ထွင်ရသည့် အာယသ်တော် - အာယသ်တော် အမှတ် ၁

ရဟ်မန် ဆိုသည့် စကားလုံး ဤ စူရဟ်တော် တွင်ပါဝင်သည့် အကြိမ် - ၁ ကြိမ်

ရဟ်မန် ဆိုသည့် စကားလုံး ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင် သည့် အကြိမ် - ၅၇ ကြိမ်

အစောင် - ၂၇

ရကူအပိုဒ်တော်ပေါင်း - ၃

အာယသ်တော်ပေါင်း - ၇၈

စကားလုံးတော်ပေါင်း - ၃၅၂

အက္ခရာတော်ပေါင်း - ၁၆၄၈

ဤစူရဟ်တော် တွင် အလ္လာဟ်ဆိုသည့် စကားလုံးတော်ပါဝင်မှု -၀ ကြိမ်

ကျရောက်တော်မူသည့်နေရာ - မဒနီ ရွှေမြို့တော်

ကျရောက်သည့် အနေအထား - သဒ်္ဒရေဂျီ (တဖြည်းဖြည်းခြင်း)

ကျရောက်သည့်အမှတ်စဉ် - ၉၇ ဤစူရဟ် အလျင်း ကျရောက်သည့်စူရဟ် - စူရဟ် ရာအ်ဒ်

ဤစူရဟ် ပြီးနောက် ကျရောက်သည့်စူရဟ် - စူရဟ် အန်စာန်

ဤစူရဟ်၏ အခြားအမည်များ - ၁။ ရဟ်မန် ၂။ အာလာအ် ၃ ။ အိုရူစ်စေကုရ်အာန်

အမည့်ထွင်ရသည့်အကြောင်း - ဤစူရဟ် ၏ အစ ပထမ အာယသ် တော်တွင် ရဟ်မန် ဆိုသည့် စကားလုံး လာရှိသည့် အတွက် ကြောင့် ဖြစ်ပါတယ်။

 

ထူးခြားသည့်ကြင်အင်လက္ခဏာ - ၁။ အာယသ် တော် တစ်ခုတည်း ၃၁ ကြိမ် ပြန်၍ ပြန်၍ လာ ခြင်း ၊ ၂။ အိုရူစ်စေကုရ်အာန် ဆိုသည့် ဂုဏ် ရခြင်း ၃။ စကားလုံး အရေအတွက် အားဖြင့် အတိုဆိုး အာယသ် ၊အာယသ်တော် အမှတ် ၆၂ مدهآمّتان  ပါရှိခြင်း

 

အကျိုးအာနိသင် - အေမာမ် ဂျအ်ဖရ် ဆွာဒစ် (علیه السّلام) မိန့်တော်မူသည်။

“စူရဟ် ရဟ်မန်တွင် فَبِاَیِّ اٰلَآءِ رَبِّکُمَا تُکَذِّبٰنِ အာယသ်တော် ကို သေလာဝသ် ပြုတိုင်း لاَ بِشَيْ ءٍ مِنْ آلاَئِكَ رَبِّ أُكَذِّبُ   ကို ဖတ်ရွတ် မည်။ အကယ်၍ ၎င်းသေလာဝသ် ပြုသူသည် နေ့ တွင် လည်းကောင်း (သို့မဟုတ်) ညတွင် သေဆုံးမည်ဆို ရှဟီးဒ် အဖြစ် သေဆုံး ခြင်း မည် လေသည် ”

(မဂ်ျမအိုလ်ဗရန်းန်ကျမ်း အတွဲ ၉ ၊ စာမျက်နှာ ၃၂၆ )

ကျမ်းကိုး - (( ကုရ်အာန်နီ စူရို(န) က သအာရိုဖ် )) ကျမ်း - ရေးသားသူ -ဟွဂ်ျဂျသွလ်အစ္စလာမ် ဝလ်မွစ်လေမီး မောင်လာနာ ဆရက်ဒ်မက်စ် အူးဒ် အခ် သဲရ်ရေဇာဝီးဆပ် ( အိန္ဒိယ) ((အလာဝီး ဒါရိုကုရ်အာန်၊ကွမ်းမြို့))တည်ထောင်သူA.F.H.M

********************************************

END / 251