အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္ဂနွေနေ့

၂၀ ဒီဇင်ဘာ ၂၀၂၀

၂၀:၂၅:၅၆
1097858

စူရဟ် ဝါကေအဟ် အကြောင်း သိကောင်းစရာ

ဟွဂ်ျဂျသွလ် အစ္စလာမ် ဝလ်မွစ်လေမီး မောင်လာနာ ဆရက်ဒ် မက်စ်အူးဒ်အခ်သဲရ်ရေဇာဝီးဆပ် ( အိန္ဒိယ) ((အလာဝီးဒါရိုကုရ်အာန်၊ကွမ်းမြို့ )) တည်ထောင်သူ ရေးသားသီးကုံးထားသည့် (( ကုရ်အာန်နီ စူရို(န) က သအာရိုဖ် )) ဆိုသည့် ကျမ်းမှ စူရဟ်ဝါကေအဟ် အကြောင်း ကို အဲဟ်လေ့ဘိုက်(သ) (علیهم السّلام ) သတင်းဌာန ဆိုင်ရာစာဖတ်ချစ်ပရိတ်သတ်များအတွက် ရိုသေစွာ တင်ပြအပ်ပါသည်။


 

စူရဟ် ဝါကေအဟ် အကြောင်း သိကောင်းစရာအမည် - ဝါကေအဟ်

အဓိပ္ပာယ် - ကေယာမသ်

ဤ အမည်ထွင်ရသည့် အာယသ်တော် - အာယသ်တော် အမှတ် ၁

ဝါကေအဟ် ဆိုသည့် စကားလုံး ဤ စူရဟ်တော် တွင်ပါဝင်သည့် အကြိမ် - ၄ ကြိမ်

ဝါကေအဟ် ဆိုသည့် စကားလုံး ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင် သည့် အကြိမ် - ၂၄ ကြိမ်

အစောင် - ၂၇

ရကူအပိုဒ်တော်ပေါင်း - ၃

အာယသ်တော်ပေါင်း - ၉၆

စကားလုံးတော်ပေါင်း - ၃၇၈

အက္ခရာတော်ပေါင်း - ၁၇၅၆

ဤစူရဟ်တော် တွင် အလ္လာဟ်ဆိုသည့် စကားလုံးတော်ပါဝင်မှု - ၀ ကြိမ်

ကျရောက်တော်မူသည့်နေရာ - မက္ကာဟ် ရွှေမြို့တော်

ကျရောက်သည့် အနေအထား - သဒ်္ဒရေဂျီ (တဖြည်းဖြည်းခြင်း)

ကျရောက်သည့်အမှတ်စဉ် - ၄၆

ဤစူရဟ် အလျင်း ကျရောက်သည့်စူရဟ် - စူရဟ် သွာဟာ

ဤစူရဟ် ပြီးနောက် ကျရောက်သည့်စူရဟ် - စူရဟ် ရှေအ်ရာအ်

အမည့်ထွင်ရသည့်အကြောင်း - ဤစူရဟ် ၏ အစ ပထမ အာယသ် တော်တွင် ဝါကေအဟ် ဆိုသည့် စကားလုံး လာရှိသည့် အတွက် ကြောင့် ဖြစ်ပါတယ်။

 

ထူးခြားသည့်ကြင်အင်လက္ခဏာ - ကျမ်းတော်မြတ်ကုရ်အာန် ၏ ကြီးကျယ်မြင့်မြတ်ကို တင်ပြ ထားပါတယ်။ မသန့်ချိန် ကိုင်၍ မရချေ။

အကျိုးအာနိသင် - အေမာမ် ဂျအ်ဖရ်ဆွာဒစ် (علیه السّلام) မိန့်တော်မူသည်။

“အကြင်မည်သူမဆို ကြာသပတေးည တိုင်း စူရဟ်ယေ ဝါကေအဟ် ကို သေလာဝသ် ပြုမည် ဆိုလျှင် အလ္လာဟ်ဟို အရှင်မြတ် နှင့် ၎င်း၏ အဖန်းဆင်းခံ ကျေးကျွန်အားလုံး ချစ်ခင်ကြပေမည်။လောကတွင် ဆင်းရဲမွဲတေမှု ၊ဆာလောင်မှု နှင့် လောကီ ၏ ဒုက္ခ ကို ရင်ဆိုင် ရမည် မဟုတ်ချေ။ အမီးရွလ် မိုအ်မေနီး မောင်လာအလီ (علیه السّلام) ၏ အထူး အချစ်တော်များ မိတ်ဆွေများ တွင် ပါဝင်ပေမည်။ ”

(မဂ်ျမအိုလ်ဗရန်းန်ကျမ်း အတွဲ ၉ ၊ စာမျက်နှာ ၃၅၅ )

ကျမ်းကိုး - (( ကုရ်အာန်နီ စူရို(န) က သအာရိုဖ် )) ကျမ်း - ရေးသားသူ -ဟွဂ်ျဂျသွလ်အစ္စလာမ် ဝလ်မွစ်လေမီး မောင်လာနာ ဆရက်ဒ်မက်စ် အူးဒ် အခ် သဲရ်ရေဇာဝီးဆပ် ( အိန္ဒိယ) ((အလာဝီး ဒါရိုကုရ်အာန်၊ကွမ်းမြို့))တည်ထောင်သူA.F.H.M

********************************************

END / 251