အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္လာနေ့

၂၁ ဒီဇင်ဘာ ၂၀၂၀

၂၀:၂၅:၄၁
1098239

စူရဟ် ဟဒီးဒ် အကြောင်း သိကောင်းစရာ

ဟွဂ်ျဂျသွလ် အစ္စလာမ် ဝလ်မွစ်လေမီး မောင်လာနာ ဆရက်ဒ် မက်စ်အူးဒ်အခ်သဲရ်ရေဇာဝီးဆပ် ( အိန္ဒိယ) ((အလာဝီးဒါရိုကုရ်အာန်၊ကွမ်းမြို့ )) တည်ထောင်သူ ရေးသားသီးကုံးထားသည့် (( ကုရ်အာန်နီ စူရို(န) က သအာရိုဖ် )) ဆိုသည့် ကျမ်းမှ စူရဟ် ဟဒီးဒ် အကြောင်း ကို အဲဟ်လေ့ဘိုက်(သ) (علیهم السّلام ) သတင်းဌာန ဆိုင်ရာစာဖတ်ချစ်ပရိတ်သတ်များအတွက် ရိုသေစွာ တင်ပြအပ်ပါသည်။


စူရဟ် ဟဒီးဒ် အကြောင်း သိကောင်းစရာအမည် - ဟဒီးဒ်

အဓိပ္ပာယ် - သံ

ဤ အမည်ထွင်ရသည့် အာယသ်တော် - အာယသ်တော် အမှတ် ၂၅

ဟဒီးဒ် ဆိုသည့် စကားလုံး ဤ စူရဟ်တော် တွင်ပါဝင်သည့် အကြိမ် - ၁ ကြိမ်

ဟဒီးဒ် ဆိုသည့် စကားလုံး ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင် သည့် အကြိမ် -၆ကြိမ်

အစောင် - ၂၇ ရကူအပိုဒ်တော်ပေါင်း - ၎

အာယသ်တော်ပေါင်း - ၂၉

စကားလုံးတော်ပေါင်း - ၅၇၄

အက္ခရာတော်ပေါင်း - ၂၅၄၅

ဤစူရဟ်တော် တွင် အလ္လာဟ်ဆိုသည့် စကားလုံးတော်ပါဝင်မှု - ၃၂ ကြိမ်

ကျရောက်တော်မူသည့်နေရာ - မဒနီရွှေမြို့တော်

ကျရောက်သည့် အနေအထား - သဒ်္ဒရေဂျီ (တဖြည်းဖြည်းခြင်း)

ကျရောက်သည့်အမှတ်စဉ် - ၉၄

ဤစူရဟ် အလျင်း ကျရောက်သည့်စူရဟ် - စူရဟ် ဇေလ်ဇာလ်

ဤစူရဟ် ပြီးနောက် ကျရောက်သည့်စူရဟ် - စူရဟ် မိုဟမ္မဒ် (صلّی الله علیه وآله )

 

အမည့်ထွင်ရသည့်အကြောင်း - သ(ဟဒီးဒ်) ၏ အရေးကြီး ကြောင်း နှင့် ၎င်း ၏ အကျိုးအမြတ်ကို ဤ စူရဟ် ၏ အာယသ်တော် အမှတ် ၂၅ တွင် ဖော်ပြထား သည့် အတွက်ကြောင့် ဖြစ်ပါတယ်။

အကျိုးအာနိသင် - အေမာမ် ဂျအ်ဖရ် ဆွာဒစ် (علیه السّلام) မိန့်တော်မူသည်။

“အကြင်မည်သူမဆို စူရဟ် ဟဒီးဒ် နှင့် စူရဟ် မို ဂျာဒေလဟ် ၏ သေလာဝသ် နမာဇ် တွင် ပြုလုပ်မည်ဆိုလျှင် အလ္လာဟ် ဟို အရှင်မြတ် သခင်သည် ၎င်း အပေါ် မည်သည့်အခါ မှ အဇါးဗ် ချမည် မဟုတ်ချေ။ ဖတ်ရွတ်သူ ကိုယ်တိုင်နှင့် ၎င်း ၏ ဆွေမျိုး များ ကို မည်သည့် မကောင်းမှု အစုံ တွင် တွေ့ရမည် မဟုတ်ချေ။ ”

 

( မဂ်ျမအိုလ်ဗရန်းန်ကျမ်း အတွဲ ၉ ၊ စာမျက်နှာ ၃၈၁ )

ကျမ်းကိုး - (( ကုရ်အာန်နီ စူရို(န) က သအာရိုဖ် )) ကျမ်း - ရေးသားသူ -ဟွဂ်ျဂျသွလ်အစ္စလာမ် ဝလ်မွစ်လေမီး မောင်လာနာ ဆရက်ဒ်မက်စ် အူးဒ် အခ် သဲရ်ရေဇာဝီးဆပ် ( အိန္ဒိယ) ((အလာဝီး ဒါရိုကုရ်အာန်၊ကွမ်းမြို့))တည်ထောင်သူA.F.H.M

 

 

********************************************

END / 251