အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
အင်္ဂါနေ့

၂၂ ဒီဇင်ဘာ ၂၀၂၀

၂၀:၂၁:၀၃
1098621

စူရဟ် မိုဂျာဒေလဟ် အကြောင်း သိကောင်းစရာ

ဟွဂ်ျဂျသွလ် အစ္စလာမ် ဝလ်မွစ်လေမီး မောင်လာနာ ဆရက်ဒ် မက်စ်အူးဒ်အခ်သဲရ်ရေဇာဝီးဆပ် ( အိန္ဒိယ) ((အလာဝီးဒါရိုကုရ်အာန်၊ကွမ်းမြို့ )) တည်ထောင်သူ ရေးသားသီးကုံးထားသည့် (( ကုရ်အာန်နီ စူရို(န) က သအာရိုဖ် )) ဆိုသည့် ကျမ်းမှ စူရဟ် မိုဂျာဒေလဟ် အကြောင်း ကို အဲဟ်လေ့ဘိုက်(သ) (علیهم السّلام ) သတင်းဌာန ဆိုင်ရာစာဖတ်ချစ်ပရိတ်သတ်များအတွက် ရိုသေစွာ တင်ပြအပ်ပါသည်။


 

စူရဟ် မိုဂျာဒေလဟ်  အကြောင်း သိကောင်းစရာအမည် - မိုဂျာဒေလဟ်

အဓိပ္ပာယ် - တစ်ခါတစ်လေ ဓား (သို့) စကား များ ဖြင့် တိုက်ခိုက်ခြင်း

ဤ အမည်ထွင်ရသည့် အာယသ်တော် - အာယသ်တော် အမှတ် ၁

မိုဂျာဒေလဟ် ဆိုသည့် စကားလုံး ဤ စူရဟ်တော် တွင်ပါဝင်သည့် အကြိမ် - ၁ ကြိမ်

မိုဂျာဒေလဟ် ဆိုသည့် စကားလုံး ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင် သည့် အကြိမ်- ၉ ကြိမ်

အစောင် - ၂၈

ရကူအပိုဒ်တော်ပေါင်း -၃

အာယသ်တော်ပေါင်း - ၂၂

စကားလုံးတော်ပေါင်း - ၄၇၄

အက္ခရာတော်ပေါင်း - ၂၀၄၆

ဤစူရဟ်တော် တွင် အလ္လာဟ်ဆိုသည့် စကားလုံးတော်ပါဝင်မှု - ၄၀ ကြိမ်

ကျရောက်တော်မူသည့်နေရာ - မဒနီ် ရွှေမြို့တော်

ကျရောက်သည့် အနေအထား - သဒ်္ဒရေဂျီ (တဖြည်းဖြည်းခြင်း)

ကျရောက်သည့်အမှတ်စဉ် - ၁၀၅

ဤစူရဟ် အလျင်း ကျရောက်သည့်စူရဟ် - စူရဟ် မိုနာဖေကူးန်

ဤစူရဟ် ပြီးနောက် ကျရောက်သည့်စူရဟ် - စူရဟ် ဟိုဂျရာသ်

 

ဤစူရဟ်၏ အခြားအမည်များ - မိုဂျာဒေလဟ် ၂။ ဇေဟာရ်   ၃။ ကတ်ဒ်စမေအအ်

 

အမည့်ထွင်ရသည့်အကြောင်း - ဤစူရဟ် ၏ အစ ပထမ အာယသ် တော်တွင် မိုဂျာဒေလဟ် ဆိုသည့် စကားလုံး လာရှိ ပြီး အမျိုး သမီး တစ်ဦး မိမိ ၏ ခင်ပွန်းသည် နှင့်ပတ်သက်ပြီး ကိုယ်တော် မြတ် () အား စကား ဖြင့် အငြင်းအခုန် ပြုနေသည့် အတွက် ကြောင့် ဖြစ်ပါတယ်။

 

ထူးခြားသည့်ကြင်အင်လက္ခဏာ - ၁။ ကျမ်းတော်မြတ် ကုရ်အာန် တစ်အုပ်လုံး တွင် ဤ စူရဟ် တစ်ခု တည်းသာ ရှိ၏။ ရှိသမျှ အာယသ်တော် တိုင်း တွင် အလ္လာဟ် ဆိုသည့် စကားလုံး ရှိပါသည်။ ၂။ ဇေဟာရ် နှင့်ပတ်သက်ပြီး တင်ပြ ထားပါတယ်။

 

မဟာတမန်တော်မြတ် မိုဟမ္မဒ် (صلّی الله علیه وآله ) မိန့်တော်မူသည်။

“စူရဟ် မိုဂျာဒေလဟ် သေလာဝသ် ပြုသူသည် ကေယာမသ် နေ့ တွင် အလ္လာဟ် ဘက်တော်သား အုပ်စု တွင်ရှိပါမည်။ ။ ”

(မဂ်ျမအိုလ်ဗရန်းန်ကျမ်း အတွဲ ၉ ၊ စာမျက်နှာ ၄၀၇ )

ကျမ်းကိုး - (( ကုရ်အာန်နီ စူရို(န) က သအာရိုဖ် )) ကျမ်း - ရေးသားသူ -ဟွဂ်ျဂျသွလ်အစ္စလာမ် ဝလ်မွစ်လေမီး မောင်လာနာ ဆရက်ဒ်မက်စ် အူးဒ် အခ် သဲရ်ရေဇာဝီးဆပ် ( အိန္ဒိယ) ((အလာဝီး ဒါရိုကုရ်အာန်၊ကွမ်းမြို့))တည်ထောင်သူA.F.H.M

*************************************************

END /251