အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : DVB
ကြာသပတေးနေ့

၂၄ ဒီဇင်ဘာ ၂၀၂၀

၂၀:၀၇:၄၁
1099339

ဗြိတိန်နှင့် လေကြောင်း ခရီးစဉ် အားလုံး ကို တောင်ကိုရီးယား ယာယီဆိုင်းငံ့

ဗြိတိန်နိုင်ငံအတွင်း ကူးစက်နေတဲ့ ကိုရိုနာဗိုင်းရပ်စ် မူကွဲသစ်ပျံ့နှံ့ ကူးစက်မှာကို စိုးရိမ်တာကြောင့် ဗြိတိန်နဲ့ လေကြောင်းခရီးစဉ်အားလုံးကို တောင်ကိုရီးယားက ဒီဇင်ဘာလကုန်ထိ ယာယီ ဆိုင်းငံ့လိုက်ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ

ဗြိတိန်နိုင်ငံအတွင်း ကူးစက်နေတဲ့ ကိုရိုနာဗိုင်းရပ်စ် မူကွဲသစ်ပျံ့နှံ့ ကူးစက်မှာကို စိုးရိမ်တာကြောင့် ဗြိတိန်နဲ့ လေကြောင်းခရီးစဉ်အားလုံးကို တောင်ကိုရီးယားက ဒီဇင်ဘာလကုန်ထိ ယာယီ ဆိုင်းငံ့လိုက်ပါတယ်။

တောင်ကိုရီးယား ကျန်းမာရေး ဝန်ကြီးဌာန အရာရှိ ယွန်းတေးဟိုက ဒီဇင်ဘာ ၂၃ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။

“ကျန်းမာရေး အာဏာပိုင်တွေဟာ ဗြိတိန်က ရောက်လာတဲ့ လူတွေကို လေဆိပ်မှာ ရောဂါခြေချုပ် စစ်ဆေးတာတွေ အားဖြည့် လုပ်ဆောင်သွားမယ်၊ ကူးစက်ခံ အတည်ပြုလူနာတွေကို ထောက်လှမ်းသွားမယ်၊ ကူးစက်မှုက မူကွဲသစ်နဲ့ ပတ်သက်လားဆိုတာ စစ်ဆေးသွားမယ်။”

ဂျပန်ကလည်း ဒီဇင်ဘာ ၂၄ ရက်ကစပြီး ဗြိတိန်ကနေ ပြန်လာမယ့် ဂျပန်နိုင်ငံသား မဟုတ်သူတွေ ပြည်ဝင်ခွင့်ကို တားမြစ်ပိတ်ပင်သွားမယ်လို့ ဂျပန် အစိုးရအဖွဲ့ အတွင်းရေးမှူးချုပ် ခတ်စုနိုဘု ခါ့တိုးက သတင်းစာရှင်းလင်းပွဲမှာ မနေ့က ပြောပါတယ်။

******************************************
END / 251