အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ကြာသပတေးနေ့

၂၄ ဒီဇင်ဘာ ၂၀၂၀

၂၀:၂၄:၅၆
1099340

စူရဟ် ဟရှ်ရ် အကြောင်း သိကောင်းစရာ

ဟွဂ်ျဂျသွလ် အစ္စလာမ် ဝလ်မွစ်လေမီး မောင်လာနာ ဆရက်ဒ် မက်စ်အူးဒ်အခ်သဲရ်ရေဇာဝီးဆပ် ( အိန္ဒိယ) ((အလာဝီးဒါရိုကုရ်အာန်၊ကွမ်းမြို့ )) တည်ထောင်သူ ရေးသားသီးကုံးထားသည့် (( ကုရ်အာန်နီ စူရို(န) က သအာရိုဖ် )) ဆိုသည့် ကျမ်းမှ စူရဟ်ဟရှ်ရ် အကြောင်း ကို အဲဟ်လေ့ဘိုက်(သ) (علیهم السّلام ) သတင်းဌာန ဆိုင်ရာစာဖတ်ချစ်ပရိတ်သတ်များအတွက် ရိုသေစွာ တင်ပြအပ်ပါသည်။


 

စူရဟ် ဟရှ်ရ် အကြောင်း သိကောင်းစရာအမည် - ဟရှ်ရ်

အဓိပ္ပာယ် - စုပေါင်းခြင်း ၊ စုရုံးခြင်း

ဤ အမည်ထွင်ရသည့် အာယသ်တော် - အာယသ်တော် အမှတ်၂

ဟရှ်ရ် ဆိုသည့် စကားလုံး ဤ စူရဟ်တော် တွင်ပါဝင်သည့် အကြိမ် - ၁ ကြိမ်

ဟရှ်ရ် ဆိုသည့် စကားလုံး ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင် သည့် အကြိမ် -၂ ကြိမ်

အစောင် -၂၈

ရကူအပိုဒ်တော်ပေါင်း - ၃

အာယသ်တော်ပေါင်း - ၂၄

စကားလုံးတော်ပေါင်း - ၄၄၆

အက္ခရာတော်ပေါင်း - ၁၉၇၁

ဤစူရဟ်တော် တွင် အလ္လာဟ်ဆိုသည့် စကားလုံးတော်ပါဝင်မှု - ၂၉ ကြိမ်

ကျရောက်တော်မူသည့်နေရာ - မဒီနာ ရွှေမြို့တော်

ကျရောက်သည့် အနေအထား - သဒ်္ဒရေဂျီ (တဖြည်းဖြည်းခြင်း)

ကျရောက်သည့်အမှတ်စဉ် - ၁၀၁

ဤစူရဟ် အလျင်း ကျရောက်သည့်စူရဟ် - စူရဟ် ဗိုင်ယေနာ

ဤစူရဟ် ပြီးနောက် ကျရောက်သည့်စူရဟ် - စူရဟ် နူးရ်

 

ဤစူရဟ်၏ အခြားအမည်များ - ၁။ ဟရှ်ရ် ၂။ ဗနီနိုဇိုင်ရ်

အမည့်ထွင်ရသည့်အကြောင်း - ဟရှ်ရ် အကြောင်း အာယသ်တော် အမှတ် ၂ တွင်တင်ပြ ထားသည့် အတွက်ကြောင့် ဖြစ်ပါတယ်။

 

ထူးခြားသည့်ကြင်အင်လက္ခဏာ - ကျမ်းတော်မြတ်ကုရ်အာန် ၏ ကြီးကျယ်မြင့်မြတ်မှု ကို ဖော်ပြထားပါတယ်။

 

မဟာတမန်တော်မြတ် မိုဟမ္မဒ် (صلّی الله علیه وآله ) မိန့်တော်မူသည်။

“စူရဟ် ဟရှ်ရ် သေလာဝသ် ပြုသူ များ အပေါ် ဂျန္နသ် ၊ ဂျဟန္နမ် ၊ အရ်ရှ် ၊ ကုရ်စီ ၊ ဟေဂျာဗ် ၊ မိုး ခုနှစ်ထပ် ၊ မြေ ခုနှစ်ထပ် ၊ လေ ၊ ဌက်မျိုးစုံ ၊ သစ်ပင် ၊တောင် ၊လမင်း၊ နေမင်း ၊ ကောင်းကင် တမန်များ သရူးဒ် နှင့် စလာမ် ပို့ကြပါသည်။ ၎င်းအတွက် အေစ်သစ်ဂ်ဖွာ ပြုပေးကြပါသည်။ ၎င်း၏ သေခြင်းသည် ရှဟီးဒ် အဖြစ် သေခြင်း ဖြစ်ပါသည်။ ”

(မဂ်ျမအိုလ်ဗရန်းန်ကျမ်း အတွဲ ၉ ၊ စာမျက်နှာ ၄၂၃ )

ကျမ်းကိုး - (( ကုရ်အာန်နီ စူရို(န) က သအာရိုဖ် )) ကျမ်း - ရေးသားသူ -ဟွဂ်ျဂျသွလ်အစ္စလာမ် ဝလ်မွစ်လေမီး မောင်လာနာ ဆရက်ဒ်မက်စ် အူးဒ် အခ် သဲရ်ရေဇာဝီးဆပ် ( အိန္ဒိယ) ((အလာဝီး ဒါရိုကုရ်အာန်၊ကွမ်းမြို့))တည်ထောင်သူA.F.H.M

********************************************

END / 251