အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
သောကြာနေ့

၂၅ ဒီဇင်ဘာ ၂၀၂၀

၂၀:၂၂:၀၂
1099517

စူရဟ် မွန်မ်သဟေနဟ် အကြောင်း သိကောင်းစရာ

ဟွဂ်ျဂျသွလ် အစ္စလာမ် ဝလ်မွစ်လေမီး မောင်လာနာ ဆရက်ဒ် မက်စ်အူးဒ်အခ်သဲရ်ရေဇာဝီးဆပ် ( အိန္ဒိယ) ((အလာဝီးဒါရိုကုရ်အာန်၊ကွမ်းမြို့ )) တည်ထောင်သူ ရေးသားသီးကုံးထားသည့် (( ကုရ်အာန်နီ စူရို(န) က သအာရိုဖ် )) ဆိုသည့် ကျမ်းမှ စူရဟ် မွန်မ်သဟေနဟ် အကြောင်း ကို အဲဟ်လေ့ဘိုက်(သ) (علیهم السّلام ) သတင်းဌာန ဆိုင်ရာစာဖတ်ချစ်ပရိတ်သတ်များအတွက် ရိုသေစွာ တင်ပြအပ်ပါသည်။


စူရဟ် မွန်မ်သဟေနဟ်  အကြောင်း သိကောင်းစရာအမည်- မွန်မ်သဟေနဟ်

အဓိပ္ပာယ် - အစိအစစ်ခံရသည့် အမျိုးသမီးများ ၊ စာမေးပွဲ အစစ်ခံရသည့် အမျိုးသမီးများ

ဤ အမည်ထွင်ရသည့် အာယသ်တော် - အာယသ်တော် အမှတ် ၁၀

မွန်မ်သဟေနဟ် ဆိုသည့် စကားလုံး ဤ စူရဟ်တော် တွင်ပါဝင်သည့် အကြိမ် - ၁ ကြိမ်

မွန်မ်သဟေနဟ် ဆိုသည့် စကားလုံး ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင် သည့် အကြိမ် - ၂ ကြိမ်

အစောင် - ၂၈ ရကူအပိုဒ်တော်ပေါင်း -၂                                                                                                                                                    

အာယသ်တော်ပေါင်း - ၁၃

စကားလုံးတော်ပေါင်း - ၃၅၂

အက္ခရာတော်ပေါင်း - ၁၅၆၀

ဤစူရဟ်တော် တွင် အလ္လာဟ်ဆိုသည့် စကားလုံးတော်ပါဝင်မှု - ၂၁ ကြိမ်

ကျရောက်တော်မူသည့်နေရာ - မဒနီ် ရွှေမြို့တော်

ကျရောက်သည့် အနေအထား - သဒ်္ဒရေဂျီ (တဖြည်းဖြည်းခြင်း)

ကျရောက်သည့်အမှတ်စဉ် - ၉၁

ဤစူရဟ် အလျင်း ကျရောက်သည့်စူရဟ်- စူရဟ် အဲဟ်ဇါဗ်

ဤစူရဟ် ပြီးနောက် ကျရောက်သည့်စူရဟ် - စူရဟနေစာ

 

ဤစူရဟ်၏ အခြားအမည်များ - ၁။ မွန်မ်သဟေနဟ ၂။ အန်မ်သေဟန်   ၃။ မိုအဒသ်

အမည့်ထွင်ရသည့်အကြောင်း - ဤစူရဟ် ၏ အာယသ်တော် အမှတ် ၁၀ တွင် မိုဟာဂျေရ် အမျိုးသမီးများ   အား အစိအစစ်ခံရသည့် အကြောင်း တင်ပြ ထား၍ ဖြစ်ပါသည်။

 

အကျိုးအာနိသင် - အေမာမ် ဇိုင်နိုလ် အာဗေဒီးန် (علیه السّلام) မိန့်တော်မူသည်။

“အကြင်မည်သူမဆို နမာဇ်ဇေ ယောင်မီယာ (သို့မဟုတ်) မွတ်စ်သဟဗ်နမာဇ် တွင် စူရဟ် မွန်မ်သဟေနဟ် အား သေလာဝသ် ပြုမည်ဆိုလျှင် အလ္လာဟ် ဟို အရှင်မြတ် သခင် သည် ၎င်း ၏ နှလုံးသား ကို အီမာန် နှင့် ပြည့်ပေးသနားတော် မူမည်။ ၎င်း၏ မျက်လုံး ကို နူးရ် နှင့် တန်ဆာ ဆင်ပေးမည်။ ဆင်းရဲ မွဲတေ ၊ ဆာလောင် ငတ်မွတ်ခြင်းမှ လွတ်မြောက်မည်။ ဂျင်များ မှလည်း လုံခြုံမှု ရပါမည်။ ၎င်း၏ သားသမီးများသည်လည်း ရူးသွပ်ခြင်းမှ လုံခြုံ မှု ရရှိပေမည်။ ”

(မဂ်ျမအိုလ်ဗရန်းန်ကျမ်း အတွဲ ၉ ၊ စာမျက်နှာ ၄၄၃ )

ကျမ်းကိုး - (( ကုရ်အာန်နီ စူရို(န) က သအာရိုဖ် )) ကျမ်း - ရေးသားသူ -ဟွဂ်ျဂျသွလ်အစ္စလာမ် ဝလ်မွစ်လေမီး မောင်လာနာ ဆရက်ဒ်မက်စ် အူးဒ် အခ် သဲရ်ရေဇာဝီးဆပ် ( အိန္ဒိယ) ((အလာဝီး ဒါရိုကုရ်အာန်၊ကွမ်းမြို့))တည်ထောင်သူA.F.H.M

********************************************

END / 251