အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
စနေနေ့

၂၆ ဒီဇင်ဘာ ၂၀၂၀

၂၀:၂၂:၀၀
1099849

စူရဟ် ဆွဖ် အကြောင်း သိကောင်းစရာ

ဟွဂ်ျဂျသွလ် အစ္စလာမ် ဝလ်မွစ်လေမီး မောင်လာနာ ဆရက်ဒ် မက်စ်အူးဒ်အခ်သဲရ်ရေဇာဝီးဆပ် ( အိန္ဒိယ) ((အလာဝီးဒါရိုကုရ်အာန်၊ကွမ်းမြို့ )) တည်ထောင်သူ ရေးသားသီးကုံးထားသည့် (( ကုရ်အာန်နီ စူရို(န) က သအာရိုဖ် )) ဆိုသည့် ကျမ်းမှ စူရဟ် ဆွဖ် အကြောင်း ကို အဲဟ်လေ့ဘိုက်(သ) (علیهم السّلام ) သတင်းဌာန ဆိုင်ရာစာဖတ်ချစ်ပရိတ်သတ်များအတွက် ရိုသေစွာ တင်ပြအပ်ပါသည်။


စူရဟ် ဆွဖ် အကြောင်း သိကောင်းစရာအမည် - ဆွဖ်

အဓိပ္ပာယ် - အတန်း

ဤ အမည်ထွင်ရသည့် အာယသ်တော်- အာယသ်တော် အမှတ် ၎

ဆွဖ် ဆိုသည့် စကားလုံး ဤ စူရဟ်တော် တွင်ပါဝင်သည့် အကြိမ် - ၁ ကြိမ်

ဆွဖ် ဆိုသည့် စကားလုံး ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင် သည့် အကြိမ် - ၇ ကြိမ်

အစောင် - ၂၈ ရကူအပိုဒ်တော်ပေါင်း - ၂အာယသ်တော်ပေါင်း - ၁၄

စကားလုံးတော်ပေါင်း - ၂၂၆

အက္ခရာတော်ပေါင်း - ၉၆၆

ဤစူရဟ်တော် တွင် အလ္လာဟ်ဆိုသည့် စကားလုံးတော်ပါဝင်မှု - ၁၇ ကြိမ်

ကျရောက်တော်မူသည့်နေရာ - မဒနီ ရွှေမြို့တော်

ကျရောက်သည့် အနေအထား - ဒဖ်အီ (တစ်ချိန်တည်း)

ကျရောက်သည့်အမှတ်စဉ် - ၁၀၉

ဤစူရဟ် အလျင်း ကျရောက်သည့်စူရဟ် - စူရဟ် သဂါဗွန်

ဤစူရဟ် ပြီးနောက် ကျရောက်သည့်စူရဟ် - စူရဟ် ဂျွန်မ်အဟ်

 

ဤစူရဟ်၏ အခြားအမည်များ - ၁။ ဆွဖ် ၂။ ဟဝါရ်ရီယွန်း ၃။ အီဆာ

အမည့်ထွင်ရသည့်အကြောင်း - မိုဂျဟစ်ဒ်ဒီးန်နေ အစ္စလာမ် ၏ အသင့် ဖြစ်နေသည့် စစ်တပ် အကြောင်း ကို တင်ပြ ထားသည့် အတွက်ကြောင့် ဖြစ်ပါတယ်။

 

အကျိုးအာနိသင် - အေမာမ် မိုဟမ္မဒ် ဘာကေရ် (علیه السّلام) မိန့်တော်မူသည်။

“အကြင်မည်သူမဆို စူရဟ် ဆွဖ် ၏ သေလာဝသ် ပြုမည် နမာဇ်များတွင် အစဉ်အမြဲ သေလာဝသ် ပြုမည် ဆိုလျှင် အလ္လာဟ် ဟိ အရှင်မြတ် သခင် သည် သေလာဝသ် ပြုသူအား အန်ဗီယာ ၊ မိုရ်စေလီးန် နှင့် ကောင်းကင်တမန် များ ၏ အတန်းတွင် ထားတော် မူမည်။ ။ ”

(မဂ်ျမအိုလ်ဗရန်းန်ကျမ်း အတွဲ ၉ ၊ စာမျက်နှာ ၄၅၉ )

ကျမ်းကိုး - (( ကုရ်အာန်နီ စူရို(န) က သအာရိုဖ် )) ကျမ်း - ရေးသားသူ -ဟွဂ်ျဂျသွလ်အစ္စလာမ် ဝလ်မွစ်လေမီး မောင်လာနာ ဆရက်ဒ်မက်စ် အူးဒ် အခ် သဲရ်ရေဇာဝီးဆပ် ( အိန္ဒိယ) ((အလာဝီး ဒါရိုကုရ်အာန်၊ကွမ်းမြို့))တည်ထောင်သူA.F.H.M

********************************************

END / 251