အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : Eleven News
ကြာသပတေးနေ့

၃၁ ဒီဇင်ဘာ ၂၀၂၀

၂၁:၅၁:၃၇
1101755

၂၀၂၁ ခုနှစ်တွင် COVID-19 နှင့် အတူ ခက်ခဲ သည့်အချိန်များ ကို ရင်ဆိုင် ရလိမ့်မည် ဟု ဂျာမနီဝန်ကြီး ချုပ် ပြောကြား

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးများကြောင့် မျှော်လင့်ချက်အနည်းငယ်ရှိနေသည့်တိုင် ဂျာမနီနိုင်ငံ၏ သမိုင်းဝင် ကိုရိုနာဗိုင်းရပ်စ် အကျပ်အတည်းသည် ၂၀၂၁ ခုနှစ်အထိ ဆက်ရှိနေလိမ့်မည်ဟု ဂျာမန်ဝန်ကြီးချုပ် အင်ဂျလာမာကယ်က ဒီဇင်ဘာ ၃၁ ရက်တွင် ၎င်း၏နှစ်သစ်ကူးမိန့်ခွန်း၌ ပြောကြားခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးများကြောင့် မျှော်လင့်ချက်အနည်းငယ်ရှိနေသည့်တိုင် ဂျာမနီနိုင်ငံ၏ သမိုင်းဝင် ကိုရိုနာဗိုင်းရပ်စ် အကျပ်အတည်းသည် ၂၀၂၁ ခုနှစ်အထိ ဆက်ရှိနေလိမ့်မည်ဟု ဂျာမန်ဝန်ကြီးချုပ် အင်ဂျလာမာကယ်က ဒီဇင်ဘာ ၃၁ ရက်တွင် ၎င်း၏နှစ်သစ်ကူးမိန့်ခွန်း၌ ပြောကြားခဲ့သည်။

ဗိုင်းရပ်စ်ကို အယုံအကြည်ကင်းမဲ့သူများ၏ ကောလာဟလများသည် မှားယွင်းပြီး အန္တရာယ်ရှိရုံသာမကဘဲ ကပ်ရောဂါအတွင်း ခံစားခဲ့ရသူများကို စာနာမှုမရှိဘဲ ရက်စက်ရာကျကြောင်း မာကယ်က ရှုတ်ချခဲ့သည်။

“ဒီလိုနေ့ရက်တွေနဲ့ ဒီလိုသီတင်းပတ်တွေဟာ ကျွန်မတို့နိုင်ငံအတွက် ခက်ခဲတဲ့အချိန်တွေပဲဖြစ်ပါတယ်။ ဒီလိုခက်ခဲမှုတွေဟာ အဆုံးမသတ်သေးဘဲ အချိန်ကြာမြင့်စွာ တည်ရှိနေနိုင်ပါသေးတယ်” ဟု မာကယ်က သတိပေးခဲ့သည်။

နှစ်သစ်ကူးမိန့်ခွန်းပြောကြားရန်ပြင်ဆင်နေသည့် မာကယ်အား ဒီဇင်ဘာ ၃၁ ရက်၌ တွေ့ရစဉ်



ဂျာမနီ ဝန်ကြီးချုပ်အဖြစ် သက်တမ်းလေးဆက်ကြာ တာဝန်ထမ်းဆောင်ခဲ့သည့် မာကယ်သည် သူ၏ နောက်ဆုံးနှစ်သစ်ကူး မိန့်ခွန်းဖြစ်နိုင်သည့် မိန့်ခွန်းပြောကြားမှုပုံစံသည် ထူးခြားစွာ တည်ငြိမ်မှုရှိနေသည်။

“ဆောင်းရာသီဟာ ခက်ခဲနေပါလိမ့်မယ်။ ကပ်ရောဂါရဲ့ စိန်ခေါ်မှုတွေဟာလည်း ဆက်ရှိနေပါလိမ့်မယ်” ဟု မာကယ်က ပြောကြားခဲ့သည်။

ထို့ပြင် ဗိုင်းရပ်စ်ပျံ့နှံ့မှုများကို ထိန်းချုပ်ရန်အတွက် အာဏာပိုင်များက ချမှတ်ခဲ့သည့် လုံခြုံရေး တားမြစ်ကန့်သတ်ချက်များကို လိုက်နာခဲ့ကြသည့် ဂျာမနီနိုင်ငံသားများကိုလည်း ကျေးဇူးတင်ကြောင်း မာကယ်က ပြောကြားခဲ့သည်။

သို့သော် ဗိုင်းရပ်စ်ကို အယုံအကြည်မရှိဘဲ နှာခေါင်းစည်းဝတ်ဆင်မှုများကဲ့သို့ လုံခြုံရေးအစီအစဉ်များကို လျစ်လျူရှုပြီး လမ်းများပေါ်ထွက်ကာ ဆန္ဒပြခဲ့ကြသူများကို မာကယ်က ပြင်းထန်စွာ ဝေဖန်ခဲ့သည်။

“ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကိုယ်ချစ်တဲ့သူတွေကို ဆုံးရှုံးခဲ့ရသူတွေနဲ့ ကပ်ရောဂါရဲ့ ရိုက်ခတ်မှုဒဏ်ကို ခံနေရတဲ့သူတွေရဲ့ ဝမ်းနည်းစရာကောင်းတဲ့ ခံစားချက်တွေကို နားလည်မိပါတယ်။ ဒီလိုအချိန်မျိုးမှာ ကောလာဟလတွေ ဖြန့်တဲ့သူတွေဟာ ကိုယ်ချင်းစာစိတ်မရှိဘဲ ရက်စက်တဲ့သူတွေဖြစ်ပါတယ်” ဟု မာကယ်က ပြောကြားခဲ့သည်။

သို့သော်လည်း လာမည့်နှစ်ထဲတွင် မျှော်လင့်ချက်များရှိသည်ဟုလည်း သူက ထပ်လောင်းပြောကြားခဲ့သည်။

“အချို့နေ့ရက်တွေအတွက် မျှော်လင့်ချက်တွေလည်းရှိနေပါတယ်။ သက်ကြီးစောင့်ရှောက်ရေးဂေဟာတွေ၊ ကျန်းမာရေးဝန်ထမ်းတွေကို ကာကွယ်ဆေးတွေအရင်ဆုံး ထိုးပေးရမှာဖြစ်ပါတယ်” ဟု မာကယ်က ပြောကြားခဲ့သည်။

ဂျာမနီနိုင်ငံသည် ကပ်ရောဂါပထမလှိုင်းတွင် ရောဂါထိန်းချုပ်မှုများကောင်းမွန်ခဲ့သဖြင့် ချီးကျူးခံခဲ့ရသော်လည်း ဒုတိယလှိုင်းရိုက်ခတ်မှုကို ပြင်းထန်စွာခံခဲ့ရသည်။

ဂျာမနီတွင် ဗိုင်းရပ်စ်ကြောင့် သေဆုံး သူ ၃၂၀၀၀ ကျော်ရှိခဲ့ပြီး ဒီဇင်ဘာ ၃၀ ရက် တစ်ရက်တည်းမှာပင် ပထမဆုံးအကြိမ်အဖြစ် သေဆုံးသူ ၁၀၀၀ ကျော်ရှိခဲ့သည်။

လက်ရှိတွင် ဂျာမနီ၌ ဇန်နဝါရီလ ၁၀ ရက်အထိ Lockdown ချထားပြီး စာသင်ကျောင်းများ၊ စားသောက်ဆိုင်များ၊ ယဉ်ကျေးမှုနှင့် အပန်းဖြေနေရာများကို ပိတ်ပင်ထားသည်။

နှစ်သစ်ကူးအကြို ပျော်ပွဲရွှင်ပွဲများနှင့် မီးရှူးမီပန်းရောင်းချမှုများကို တားမြစ်ပိတ်ပင်ခဲ့ပြီး အများပြည်သူပိုင် နေရာများတွင် များပြားသည့် လူစုလူဝေးများ မပြုလုပ်ရန် ကန့်သတ်ချက်များ ထုတ်ပြန်ခဲ့သည်။

******************************************

END / 251