အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : Myanmar Muslim Media
အင်္ဂါနေ့

၅ ဇန်နဝါရီ ၂၀၂၁

၂၀:၂၉:၅၅
1103549

၂၀၂၀ခုနှစ် အတွင်း အစ္စရေး (ဇီယွန်) တပ်ဖွဲ့တွေက ပါလက် စတိုင်း ၂၇ ဦးထက် မနည်း သတ်ဖြတ်ခဲ့ကြောင်း အစ္စရေး လူ့အခွင့် အရေး အဖွဲ့ထုတ်ပြန်

၂၀၂၀ခုနှစ်အတွင်း အစ္စရေး(ဇီယွန်) လုံခြုံရေးတပ်ဖွဲ့တွေဟာ အလွန်ယုတ်မာတဲ့သတ်ဖြတ်မှုတွေကျူးလွန်ခဲ့ကြပြီး အသိမ်းပိုက်ခံပါလက်စတိုင်းနယ်မြေတွေနဲ့ အစ္စရေးတို့မှာ ပါလက်စတိုင်း ၂၇ဦးထက်မနည်း ပစ်သတ်ခံခဲ့ရကြောင်း အစ္စရေးလူ့အခွင့်အရေးအဖွဲ့ B’Tselem ကဖော်ပြခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ

၂၀၂၀ခုနှစ်အတွင်း အစ္စရေး(ဇီယွန်) လုံခြုံရေးတပ်ဖွဲ့တွေဟာ အလွန်ယုတ်မာတဲ့သတ်ဖြတ်မှုတွေကျူးလွန်ခဲ့ကြပြီး အသိမ်းပိုက်ခံပါလက်စတိုင်းနယ်မြေတွေနဲ့ အစ္စရေးတို့မှာ ပါလက်စတိုင်း ၂၇ဦးထက်မနည်း ပစ်သတ်ခံခဲ့ရကြောင်း အစ္စရေးလူ့အခွင့်အရေးအဖွဲ့ B’Tselem ကဖော်ပြခဲ့ပါတယ်။


“၂၀၂၀ခုနှစ်အတွင်း အစ္စရေးလုံခြုံရေးတပ်ဖွဲ့တွေက ပါလက်စတိုင်း ၂၇ဦးထက်မနည်းကိုသတ်ဖြတ်ခဲ့ပါတယ် အဲဒီထဲက၇ဦးက အသက်မပြည့်သေးသူတွေဖြစ်ပါတယ်။” လို့ B’Tselem ကတနင်္လာနေ့က ပြောကြားခဲ့ပါတယ်။ အသိမ်းပိုက်ခံအနောက်ဘက်ကမ်းက အစ္စရေးတပ်ဖွဲ့တွေရဲ့ သတ်ဖြတ်မှု ၁၆မှုထဲက ၁၁မှုကို B’Tselem ကစုံစမ်းစစ်ဆေးခဲ့ပါတယ်။ စုံစမ်းတွေ့ရှိခဲ့တဲ့အစီရင်ခံစာထဲက ဥပမာတစ်ချို့အနေနဲ့ အသိမ်းပိုက်ခံဂျေရုဆလင်မြို့ဟောင်းက အထူးလိုအပ်နေတဲ့လူတွေအတွက်ဖွင့်ထားတဲ့ ကျောင်းကိုတက်ရောက် အလုပ်လုပ်ကိုင်နေတဲ့ စိတ်ပိုင်းဆိုင်ရာအထီးကျန်ဝေဒနာခံစားနေရသူ ၃၂နှစ်အရွယ် အီယက်ဒ်ဟာလက်ဂ်ကို အစ္စရေးတပ်ဖွဲ့တွေရဲ့သတ်ဖြတ်မှုဖြစ်ရပ်ပါပါဝင်ပါတယ်။


အဲဒီအချိန်တုန်းက ဟာလက်ဂ်ဟာလက်နက်ကိုင်ထားကြောင်းနဲ့ သူ့နောက်လိုက်ချိန်မှာ ထိတ်လန့်ပြီးထွက်ပြေးခဲ့ကြောင်း အစ္စရေးတာဝန်ရှိသူတွေကပြောကြားခဲ့ပါတယ်။ သူ့ကျောင်းနဲ့မီတာတစ်ချို့အကွာ အမှိုက်ပုံးနောက်မှာပုန်းနေချိန်မှာ ပစ်သတ်ခံခဲ့ရတာဖြစ်ပါတယ်။ ဟာလက်ဂ်ရဲ့ဖခင်အဆိုအရ သူ့သားဟာ စိတ်ပိုင်းဆိုင်ရာအနေအထားက ၈နှစ်သားအရွယ်စိတ်သာရှိနေပြီး အသက်အန္တရာယ်နဲ့ပတ်သက်တဲ့ အဖြစ်မှန်သဘောတရားတွေကိုနားလည်နိုင်စွမ်းမရှိကြောင်း ဇွန်လတုန်းက အလ်ဂျာဇီးယား သတင်း ဌာနကိုပြောကြားခဲ့ပါတယ်။
“နှစ်နဲ့ချီ အစ္စရေးဟာ အနောက်ဘက်ကမ်းဒေသမှာ အဆင်ခြင်မဲ့ ဥပဒေမဲ့ပစ်ခတ်မှုတွေ လုပ်ဆောင်နေခဲ့ပါတယ်။ ဒီပေါ်လစီကို အစိုးရ စစ်ဘက်နဲ့ တရားရုံးတွေကလည်း အပြည့် အဝထောက်ခံခဲ့တယ်”လို့ B’Tselem အဖွဲ့ရဲ့ထုတ်ပြန်ချက်ထဲမှာပြောကြားထားပါတယ်။ ပါလက်စတိုင်းတွေကိုသတ်ဖြတ်မှုအတွက် တရားရုံး တင်ခံရပြီးထောင်      ချခံရတဲ့ အစ္စရေးတပ်ဖွဲ့ဝင်တွေဆိုတာ ရှားပါးကြောင်း အဖွဲ့ရဲ့ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။ ၂၀၂၀ခုနှစ်အတွင်း ကိုဗစ်-၁၉ကပ်ရောဂါနဲ့ လုံးထွေးနေချိန်မှာ အစ္စရေး(ဇီယွန်) အာဏာပိုင်တွေက ပါလက်စတိုင်းနေအိမ်တွေနဲ့ လူနေထိုင်ခြင်းမရှိတဲ့အဆောက်အအုံတွေအပါအဝင် စုစုပေါင်းပါလက်စတိုင်းအဆောက်အဦး ၇၂၉ခုကို ဖျက်ဆီးဖြိုချခဲ့ကြောင်း အဖွဲ့ကထုတ်ပြန်ခဲ့ပါတယ်။


၂၀၁၆ခုနှစ် ကတည်းက အနောက်ဘက် ကမ်းနဲ့အရှေ့ဂျေရုဆလင်တို့မှာ ပါလက်စတိုင်းတွေသူတို့ရဲ့နေအိမ်တွေကို ဆုံးရှုံးရမှုတစ်နှစ်ထက်တစ်နှစ်ပိုလာကြောင်း အဖွဲ့ကထုတ်ပြန် ထား ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့နှစ်အတွင်းအနောက်ဘက် ကမ်းဒေသ မှာ အစ္စရေး(ဇီယွန်) ကျူးကျော်သူတွေရဲ့ ပါလက်စတိုင်းတွေကို ဥပဒေမဲ့တိုက်ခိုက်မှု ၂၄၈ မှုထက်မနည်းရှိခဲ့ကြောင်း အဖွဲ့ကမှတ်တမ်းတင်ထားပါတယ်။


Al Jazeera သတင်းဌာနပါ “Heinous: Israeli forces killed 27 Palestinians in 2020” အမည်ဖြင့်ဖော်ပြထားသည့် သတင်းကိုညောင်နီရွက်(Myanmar Muslim Media)က မြန်မာဘာသာသို့ဆီလျော်အောင်ပြန်ဆိုသည်။

******************************************

END / 251