အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : Eleven News
တနင်္လာနေ့

၈ ဖေဖော်ဝါရီ ၂၀၂၁

၂၀:၁၄:၄၉
1113533

တရုတ်နှင့် ပဋိပက္ခ ဖြစ်ရန် ထက် အပြင်းအထန် ယှဉ်ပြိုင်မည့် ပုံစံမျိုးဖြင့် ဆက်လက် ယှဉ်ပြိုင် သွား မည်ဟု အမေရိကန် သမ္မတ ပြောကြား

ကမ္ဘာ့အင်အားကြီးနှစ်နိုင်ငံဖြစ်သည် တရုတ်နှင့် အမေရိကန်ကြား ပြိုင်ဆိုင်မှုသည် ပဋိပက္ခဖြစ်ရန်ထက် အပြင်းအထန် ယှဉ်ပြိုင် မည့်ပုံစံဖြင့် ဆက်ရှိနေလိမ့်မည်ဟု အမေရိ ကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြောကြားခဲ့သည်။



ကမ္ဘာ့အင်အားကြီးနှစ်နိုင်ငံဖြစ်သည် တရုတ်နှင့် အမေရိကန်ကြား ပြိုင်ဆိုင်မှုသည် ပဋိပက္ခဖြစ်ရန်ထက် အပြင်းအထန် ယှဉ်ပြိုင် မည့်ပုံစံဖြင့် ဆက်ရှိနေလိမ့်မည်ဟု အမေရိ ကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြောကြားခဲ့သည်။

အမေရိကန်သမ္မတဖြစ်လာခဲ့ချိန်က တည်းက တရုတ်သမ္မတရှီကျင်းပင်နှင့် တစ် စုံတစ်ရာ ပြောဆိုမှုမရှိခဲ့ကြောင်း ဘိုင်ဒင်က CBS သတင်းဌာနနှင့်ပြုလုပ်သည့် အင်တာ ဗျူးတွင် ပြောကြားခဲ့သည်။

သို့သော်လည်း ဘိုင်ဒင်သည် သမ္မတ ဟောင်း ဘာရက်အိုဘားမားလက်ထက်က ဒုသမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့ချိန်က ရှီနှင့် ကြိမ်ဖန်များစွာ တွေ့ဆုံခဲ့ဖူးသည်ဟု ဘိုင်ဒင်က ပြောကြားခဲ့သည်။

“ကျွန်တော် သူ့အကြောင်းကို ကောင်း ကောင်းသိပါတယ်။ သူဟာ အရမ်းတော် သလို အရမ်းကြမ်းတမ်းပါတယ်။ ကျွန်တော် ဝေဖန်တဲ့သဘောနဲ့ ပြောတာမဟုတ်ပါဘူး။ အမှန်တရားကို ပြောတာပါ။ သူ့ခန္ဓာကိုယ်ထဲ မှာ ဒီမိုကရေစီ အရိုးတစ်ချောင်း တောင်မရှိ ပါဘူး” ဟု ဘိုင်ဒင်က ပြောကြားခဲ့သည်။

“ကျွန်တော်အရင်က ပြောခဲ့သလိုပါပဲ။ ကျွန်တော်တို့ဟာ ပဋိပက္ခဖြစ်စရာမလိုပါဘူး။ ဒါပေမယ့် အပြင်းအထန်ယှဉ်ပြိုင်တဲ့ ပုံစံမျိုး နဲ့သွားမှာပါ” ဟု ဘိုင်ဒင်ကပြောကြားခဲ့သည်။

“ကျွန်တော်ဟာ ဒေါ်နယ်ထရန့်လုပ်ခဲ့တဲ့ နည်းလမ်းအတိုင်း လုပ်ဆောင်မှာမဟုတ်ပါ ဘူး။ ကျွန်တော်တို့ဟာ အပြည်ပြည်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေအတိုင်း အာရုံစိုက် လုပ်ဆောင်သွားမှာပါ” ဟု ဘိုင်ဒင်က ပြော ကြားခဲ့သည်။

တရုတ်သည် အမေရိကန်၏ နံပတ် တစ် မဟာဗျူဟာမြောက် ပြိုင်ဘက်အဖြစ် ၀ါရှင် တန်က ရှုမြင်ထားပြီး ကမ္ဘာ့ဇာတ်ခုံပေါ်တွင် လည်း အမေရိကန်၏ အဓိက စိန်ခေါ်မှုအဖြစ် ယူဆထားသည်။

အမေရိကန်သမ္မတဟောင်း ထရန့်လက် ထက်တွင်မူ တရုတ်နိုင်ငံအား ဝေဖန်ပြောဆို မှုများနှင့် ထိတ်တိုက်တွေ့သည့်နည်းလမ်းကို ရွေးချယ်ခဲ့ပြီး တရုတ်နှင့် ကုန်သွယ်မှုတွင် အမေရိကန်၏ ကြီးမားသည့် ကုန်သွယ်ရေး လိုငွေပြမှုကို လက်ဆုပ်လက်ကိုင်ပြနိုင်သည့် ရလဒ်များ ထွက်ပေါ်ခြင်း မရှိခဲ့ပေ။

ဘိုင်ဒင်ကမူ ထရန့်လက်က အငြင်းပွား ဖွယ် စီမံချက်အများစုကို စနစ်တကျ ပယ်ဖျက် ခဲ့ပြီး တစ်ချိန်တည်းမှာပင် အမေရိကန်သည် ၎င်း၏ အကျိုးစီးပွားအတွက် အကျိုးရှိစေမည့် နည်းလမ်းများကို လုပ်ဆောင်သွားမည် ဆိုသည့် အချက်ကို ထင်ရှားပေါ်လွင်အောင် လုပ်ဆောင်ခဲ့သည်။

လက်ရှိတွင် ဘိုင်ဒင်သည် သမ္မတအဖြစ် တာဝန်ထမ်းဆောင်ချိန်ခဲ့ချိန်မှစ၍ မဟာမိတ် နိုင်ငံများနှင့် တယ်လီဖုန်းမှတစ်ဆင့် သံတမန် ဆက်သွယ်မှုများပြုလုပ်ရန် အာရုံစိုက်နေဖွယ် ရှိသည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့ သည်။

ဘိုင်ဒင်သည် ကနေဒါ၊ မက္ကဆီကို၊ ဗြိ တိန်၊ ပြင်သစ်၊ ဂျာမနိ၊ ဂျပန်၊ တောင်ကိုရီးယား၊ သြစတြေးလျ နိုင်ငံများမှ ခေါင်းဆောင်များ အပါအဝင် နေတိုးအဖွဲ့အတွင်းရေးမှူးချုပ် နှင့်လည်း တယ်လီဖုန်းမှတစ်ဆင့် ဆက်သွယ် ပြောဆိုမှုများရှိခဲ့သည်။

ထို့ပြင် ၎င်းသည် ရုရှားသမ္မတ ဗလာဒီ မာ ပူတင်နှင့်လည်း ဖုန်းဖြင့် ဆက်သွယ်ပြီး စကားပြောဆိုခဲ့ပြီးဖြစ်သည်။



********************************************
END / 251