အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : Myanmar Muslim Media
ကြာသပတေးနေ့

၁၁ ဖေဖော်ဝါရီ ၂၀၂၁

၂၀:၁၈:၄၅
1114470

မြန်မာစစ် အာဏာ သိမ်းခေါင်းဆောင်တွေကို အမေရိကန် ကအရေးယူ ပိတ်ဆို့ သွားမယ်လို့ သမ္မတဘိုင်ဒန် ကြေငြာ

စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး မြန်မာစစ်ခေါင်းဆောင်တွေကို အမေရိကန်ကအရေးယူပိတ်ဆို့မှုတွေလုပ်ဆောင်သွားမယ်လို့ သမ္မတဂျိုးဘိုင်ဒန်က ဗုဒ္ဓဟူးနေ့ကကြေငြာခဲ့ပြီး အရပ်သားခေါင်းဆောင်တွေ ထံ အာဏာပြန်လွှဲပြောင်းပေး အပ်ဖို့တိုက်တွန်းပြောကြားလိုက်ပါတယ်။



စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး မြန်မာစစ်ခေါင်းဆောင်တွေကို အမေရိကန်ကအရေးယူပိတ်ဆို့မှုတွေလုပ်ဆောင်သွားမယ်လို့ သမ္မတဂျိုးဘိုင်ဒန်က ဗုဒ္ဓဟူးနေ့ကကြေငြာခဲ့ပြီး အရပ်သားခေါင်းဆောင်တွေ ထံ အာဏာပြန်လွှဲပြောင်းပေး အပ်ဖို့တိုက်တွန်းပြောကြားလိုက်ပါတယ်။


အိမ်ဖြူတော်ကမိန့်ခွန်းအတွင်း အရပ်သားဦးဆောင်တဲ့အစိုးရကိုဖြုတ်ချပြီး နိုင်ငံရဲ့ရွေးကောက်ခံခေါင်းဆောင် နိုဗယ်ဆုရှင်ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထိန်းသိမ်းပြီး စစ်အာဏာသိမ်းယူမှုအပေါ် ဘိုင်ဒန်ကရှုတ်ချခဲ့ပါတယ်။ “စစ်အာဏာသိမ်းခေါင်းဆောင်တွေအပေါ် အကျိုးဆက်အရေးယူပိတ်ဆို့မှုတွေ ကျွန်တော်တို့စတင်လုပ်ဆောင်သွားမှာဖြစ်သလို အရေးယူမှုအများအပြားလုပ်ဆောင်သွားမယ်လို့ ကျွန်တော်ကြေငြာပါတယ်” လို့ဘိုင်ဒန်က ဆိုပါတယ်။


“အမေရိကန်မှာထားရှိတဲ့ မြန်မာအစိုးရရန်ပုံငွေ ငွေကြေးဒေါ်လာ၁ဘီလီယံကိုလည်း စစ်ဗိုလ်ချုပ်တွေတစ်လွဲအသုံးချမှုမလုပ်နိုင်အောင် တားဆီးတဲ့အနေနဲ့ အမေရိကန်အစိုးရက ထိန်းသိမ်းသွားပါမယ်” လို့ဘိုင်ဒန်ကဆိုပါတယ်။ ဒါ့အပြင် စစ်အာဏာသိမ်းယူမှုမှာတိုက်ရိုက်ပါဝင်တဲ့ စစ်ခေါင်းဆောင်တွေ သူတို့ရဲ့အကျိုးစီးပွားတွေ နဲ့ နီးစပ်တဲ့မိသားစုအသိုင်းအဝန်းတွေကိုလည်း တိုက်ရိုက်အရေးယူပိတ်ဆို့မှုတွေလုပ်ဆောင်သွားမယ်လို့ ဘိုင်ဒန်ကကြေငြာခဲ့ပါတယ်။


ဒီတစ်ပတ်အတွင်း ပထမအဆင့်အရေးယူပိတ်ဆို့မှုတွေနဲ့ သွင်းကုန် ပို့ကုန်တွေကိုလည်းထိန်းချုပ်သွားမယ်လို့ အမေရိကန်ဟာကြေငြာသွားမှာဖြစ်ပေမယ့် ဆေးဘက်ဆိုင်ရာထောက်ပံ့မှုတွေနဲ့ လူသားချင်းစာနာထောက်ပံ့ရေးတွေကိုတော့ ဆက်လက်ထောက်ပံ့ကူညီပေးသွားမှာဖြစ်ကြောင်း အမေရိကန်သမ္မတကဆိုပါတယ်။


“မြန်မာပြည်သူတစ်ရပ်လုံးကလည်း သူတို့ရဲ့အသံကမ္ဘာကကြားအောင်ကြိုးပမ်းလုပ်ဆောင်နေကြသလို ကမ္ဘာကြီးကလည်းစောင့်ကြည့်နေပါတယ်။ နောက်ထပ် ထပ်တိုးအရေးယူမှုတွေလုပ်ဆောင်သွားဖို့ ကျွန်တော်တို့အဆင်သင့်ပြင်သွားမှာဖြစ်သလို ဒီကြိုးပမ်းအားထုတ်မှုမှာ ကျွန်တော်တို့ရဲ့နိုင်ငံတကာမိတ်ဆွေတွေနဲ့ တစ်ခြားနိုင်ငံတွေပူးပေါင်းပါဝင်လာဖို့ တိုက်တွန်းရေးကျွန်တော်တို့ ဆက်လက်လုပ်ဆောင်သွားပါမယ်” လို့ဘိုင်ဒန်ကပြောကြားခဲ့ပါတယ်။


စစ်အာဏာသိမ်းခေါင်းဆောင်တွေ အာဏာထိန်းချုပ်ထားမှုကိုလက်လွတ်ဖို့နဲ့ ထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးခေါင်းဆောင်တွေကိုပြန်လွှတ်ပေးဖို့ ဘိုင်ဒန်က ဖေဖေါ်ဝါရီ၂ရက်နေ့က တိုက်တွန်းပြောကြားခဲ့ပြီး စစ်အာဏာသိမ်းမှုမှာတာဝန်ရှိတဲ့သူတွေကို အရေးယူပိတ်ဆို့မှုတွေပြန်လည်လုပ်ဆောင်သွားမယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။ ဒီလိုအရေးယူမှုတွေလုပ်ဆောင်သွာဖို့ ဘိုင်ဒန်ဟာ အမေရိကန်လွှတ်တော်ထဲက ရီပတ်ပလစ်ကန်နဲ့ ဒီမိုကရက်တစ်နှစ်ဖက်ပါတီရဲ့ထောက်ခံမှုတွေရရှိခဲ့ပါတယ်။


Al Jazeera သတင်းဌာနပါ “US to impose sanctions on military leaders in Myanmar, Biden says” အမည်ဖြင့်ဖော်ပြထားသည့် သတင်းကိုညောင်နီရွက်(Myanmar Muslim Media)က မြန်မာဘာသာသို့ဆီလျော်အောင်ပြန်ဆိုသည်။

********************************************
END / 251