အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန၊အဗ်နာ
စူရဟ် မိုဇမေလ် အကြောင်း သိကောင်းစရာအမည် -မိုဇမေလ်
အဓိပ္ပာယ် - ခြုံထည် စောင်ထားသူ ၊ မဟာတမန်တော်မြတ် ကြီး (ဆွ) ၏ ဂုဏ်တော်
ဤ အမည်ထွင်ရသည့် အာယသ်တော် - အာယသ်တော် အမှတ် ၁ ၊၂
မိုဇမေလ် ဆိုသည့် စကားလုံး ဤ စူရဟ်တော် တွင်ပါဝင်သည့် အကြိမ် - ၁ ကြိမ်
မိုဇမေလ် ဆိုသည့် စကားလုံး ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင် သည့် အကြိမ် - ၁ ကြိမ်
အစောင် - ၂၉ရကူအပိုဒ်တော်ပေါင်း - ၂အာယသ်တော်ပေါင်း - ၂၀
စကားလုံးတော်ပေါင်း - ၂၀၀
အက္ခရာတော်ပေါင်း - ၈၅၃
ဤစူရဟ်တော် တွင် အလ္လာဟ်ဆိုသည့် စကားလုံးတော်ပါဝင်မှု - ၇ ကြိမ်
ကျရောက်တော်မူသည့်နေရာ - မက္ကဟ် ရွှေမြို့ တော်
ကျရောက်သည့် အနေအထား - - ဒဖ်အီ (အစအဆုံးကျရောက်ခြင်း) ၊
သဒ်္ဒရေဂျီ (တဖြည်းဖြည်းခြင်း) ကျရောက်သည်ဟုလည်း လာရှိပါတယ်။
ကျရောက်သည့်အမှတ်စဉ် - ၃
ဤစူရဟ် အလျင်း ကျရောက်သည့်စူရဟ် - စူရဟ် ကလန်မ်
ဤစူရဟ် ပြီးနောက် ကျရောက်သည့်စူရဟ် - စူရဟ် မိုဒဇေရ်
အမည့်ထွင်ရသည့်အကြောင်း - ပထမ အာယသ် တော် တွင် မိုဇမေလ် ဆိုသည့် စကားလုံး လာရှိ သည့် အတွက် ကြောင့် ဖြစ်ပါတယ်။
အကျိုးအာနိသင် - အေမာမ် ဂျအ်ဖရ် ဆွာဒစ် (علیه السّلام) မိန့်တော်မူသည်။
“ အကြင် မည်သူ မဆို စူရဟ် မိုဇမေလ် အား နမာဇ်ဇေ အေရှာ တွင် (သို့မဟုတ်) ည၏ နောက်ဆုံး အပိုင်းတွင် သေလာဝသ် ပြုမည်ဆိုလျှင် နေ့ နှင့် ည တွင် စူရဟ် မိုဇမေလ် သည် သေလာဝသ် ပြုသူနှင့် အတူ ရှိပေမည်။ အလ္လာဟ် ဟို အရှင်မြတ် သခင်သည် ၎င်းအား သန့် ရှင်းသည့် ဘဝပေးသနားတော်မူမည် ။၎င်း၏ သေဆုံးခြင်းသည်လည်း သန့်ရှင်းသည့် သေခြင်း ဖြစ်ပေမည် ။ ”
(မဂ်ျမအိုလ်ဗရန်းန်ကျမ်း အတွဲ ၁၀ ၊ စာမျက်နှာ ၁၅၇ )
ကျမ်းကိုး - (( ကုရ်အာန်နီ စူရို(န) က သအာရိုဖ် )) ကျမ်း - ရေးသားသူ -ဟွဂ်ျဂျသွလ်အစ္စလာမ် ဝလ်မွစ်လေမီး မောင်လာနာ ဆရက်ဒ်မက်စ် အူးဒ် အခ် သဲရ်ရေဇာဝီးဆပ် ( အိန္ဒိယ) ((အလာဝီး ဒါရိုကုရ်အာန်၊ကွမ်းမြို့))တည်ထောင်သူA.F.H.M
******************************************
END / 251