အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : Myanmar Muslim Media
စနေနေ့

၅ ဇွန် ၂၀၂၁

၁၃:၄၄:၀၃
1147722

စစ်အာဏာသိမ်း ခဲ့တဲ့ မာလီကို အာဖရိက သမဂ္ဂ က အဖွဲ့ဝင် နိုင်ငံ အဖြစ် မှ ရပ်ဆိုင်း အရေး ယူပိတ်ဆို့ မှု တွေလုပ်သွားမယ် လို့ ခြိမ်းခြောက်

ပြီးခဲ့တဲ့အပတ်တုန်းက မာလီစစ်အာဏာသိမ်းယူမှုနဲ့ပတ်သက်ပြီး အာဖရိကသမဂ္ဂအဖွဲ့က မာလီကို အဖွဲ့ဝင်နိုင်ငံအဖြစ်ကနေရပ်ဆိုင်းလိုက်ပြီး အရပ်သားဦးဆောင်တဲ့အစိုးရအဖွဲ့ထံ အာဏာပြန်မအပ်ဘူးဆိုရင် အရေးယူပိတ်ဆို့မှုတွေလုပ်သွားမယ်လို့ ခြိမ်းခြောက်ခဲ့ကြောင်း အင်္ဂါနေ့ကထုတ်ပြန်ချက်ထဲမှာ ပြောကြားထားပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ



ပြီးခဲ့တဲ့အပတ်တုန်းက မာလီစစ်အာဏာသိမ်းယူမှုနဲ့ပတ်သက်ပြီး အာဖရိကသမဂ္ဂအဖွဲ့က မာလီကို အဖွဲ့ဝင်နိုင်ငံအဖြစ်ကနေရပ်ဆိုင်းလိုက်ပြီး အရပ်သားဦးဆောင်တဲ့အစိုးရအဖွဲ့ထံ အာဏာပြန်မအပ်ဘူးဆိုရင် အရေးယူပိတ်ဆို့မှုတွေလုပ်သွားမယ်လို့ ခြိမ်းခြောက်ခဲ့ကြောင်း အင်္ဂါနေ့ကထုတ်ပြန်ချက်ထဲမှာ ပြောကြားထားပါတယ်။


ကြားဖြတ်သမ္မတဘာဟ်အန်ဒေါနဲ့ ဝန်ကြီးချုပ် မိုခ်တာအိုနေတို့ကို စစ်တပ်က ပြီးခဲ့တဲ့အပတ်တုန်းကဖမ်းဆီးခဲ့ပြီး ရာထူးကနေနုတ်ထွက်ဖို့ ဖိအားပေးခဲ့ကြပါတယ်။ ပြီးခဲ့တဲ့သြဂုတ်လတုန်းကလည်း ယခင်အစိုးရကိုဖြုတ်ချပြီး စစ်အာဏာသိမ်းပြီးနောက် ဒီမိုကရက်တစ်ရွေးကောက်ပွဲစတင်ဖို့ အကူးအပြောင်းမှာ နောက်တစ်ကြိမ်လမ်းကြောင်းကနေ သွေဖယ်သွားတာဖြစ်ပါတယ်။


သြဂုတ်လစစ်အာဏာသိမ်းမှုကိုဦးဆောင်ခဲ့တဲ့ စစ်ဗိုလ်ချုပ်တစ်ဦးဖြစ်တဲ့ ဒုသမ္မတဟောင်း အာစီမီဂွိုင်တာက သမ္မတဖြစ်ကြောင်း သောကြာနေ့ကကြေငြာခဲ့ပါတယ်။ ပိတ်ပင်တားဆီးမှုမရှိတဲ့ အရပ်သားဦးဆောင်တဲ့ဒီမိုကရေစီအကူးအပြောင်း လမ်းကြောင်းပေါ်ပြန်လည်လျှောက်လှမ်းဖို့ အာဖရိကသမဂ္ဂအဖွဲ့(AU)က တိုက်တွန်းခဲ့ပြီး မလိုက်နာပါက အရေးယူပိတ်ဆို့မှုတွေလုပ်ဆောင်သွားဖို့ နှောင့်နှေးနေမှာမဟုတ်ကြောင်း သတိပေးခဲ့တယ်လို့ AU ရဲ့ငြိမ်းချမ်းရေးနဲ့လုံခြုံရေး ကောင်စီကပြောကြားခဲ့ပါတယ်။


Reuters သတင်းဌာနပါ “African Union suspends Mali after military coup and threatens sanctions” အမည်ဖြင့်ဖော်ပြထားသည့် သတင်းကိုညောင်နီရွက်(Myanmar Muslim Media)က မြန်မာဘာသာသို့ဆီလျော်အောင်ပြန်ဆိုသည်။



*****************************************************************
END / 251