အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္လာနေ့

၇ ဇွန် ၂၀၂၁

၀၆:၂၃:၂၈
1148156

အကောင်းတကာ အကောင်းဆုံး လူများ နှင့် အဆိုး တကာ အဆိုးဆုံး လူများ

အေမာမ်ဟစန် (အ.စ) မှ ရီဝါယသ် တော် တစ်ခု တွင် အကောင်းတကာ အကောင်းဆုံး လူများ နှင့် အဆိုး တကာ အဆိုးဆုံး လူများ ဘက်သို့ ညွှန် ပြ၍ မိန့်တော် မူထားပါတယ်။


 

ရီဝါယသ် ၏ ကျမ်း များ မှ တစ်ကျမ်း ဖြစ်သည့် ဗေဟာရွလ်အန်နဝါရ် ကျမ်း လာရှိမှု ကို တင်ပြပါ မည်။

 

ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

 

قال الامام المجتبی علیہ السلام:

 

اَلنّاسُ اَرْبَعَةٌ فَمِنْهُمْ مَنْ لَهُ خُلقٌ وَ لا خَلاقَ لَهُ وَ مِنْهُمْ مَنْ لَهُخَلاقٌ وَ لا خُلقَ لَهُ، قَدْ ذَهَبَ الرّابِـعُ وَ هُوَ الَّذى لا خَلاقَ وَ لا خُلقَ لَهُ وَ ذلِكَ شَرُّ النّاسِوَ مِنْهُمْ مَنْ لَهُ خُلقٌ وَ خَلاقٌ فَذلِكَ خَيْرُ النّاسِ .

 

အေမာမ်ဟစန် (علیه السلام) မိန့်တော် မူ၏။

 

အကောင်းတကာ အကောင်းဆုံး လူများ နှင့် အဆိုး တကာ အဆိုးဆုံး လူများ မှာ လေးမျိုး လေးစား ရှိပါသည်။ ၎င်းတို့ မှ တစ်ချို့ သည် ကိုယ်ကျင့်စာရိတ္တ ကောင်းမွန်ပါသည်။သို့သော် ၎င်းတို့ထံတွင် လောကီ အကျိုးအမြတ် (ငွေကြေးစသည်) မရှိချေ။ တစ်ချို့ ထံ လောကီ အကျိုးအမြတ် (ငွေကြေးစသည်) ရှိ၏ ။ သို့သော် ကိုယ်ကျင့်တရား စာရိတ္တ ကောင်းမရှိချေ။ တစ်ချို့ ထံ လောကီ အကျိုးအမြတ် (ငွေကြေးစသည်) လည်း မရှိ ကိုယ်ကျင့်စာရိတ္တ ကောင်းလည်း မရှိ ချေ။ ဤလူများသည် အဆိုးတကာ ဆိုးဆုံး သူများ ဖြစ်ပါသည်။ တစ်ချို့ ထံ ကိုယ်ကျင့်စာရိတ္တ ကောင်းလည်း ရှိ၏။ လောကီ အကျိုးအမြတ် (ငွေကြေးစသည်) လည်း ပိုင်၏။ ဤလူများသည် အကောင်းတကာ အကောင်းဆုံး လူများ ဖြစ်ကြပါသည်။

 

 

ကျမ်းကိုး ။ ။ ဗေဟာရွလ်အန်နဝါရ် ကျမ်း ၊ အတွဲ ၇၀ ၊ စ ၁၀ ၊ ဟဒီးစ်တော် အမှတ် ၈

 

 *****************************************************************
END / 251