အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : DVB
တနင်္လာနေ့

၇ ဇွန် ၂၀၂၁

၀၇:၄၂:၅၇
1148182

နိုင်ဂျီးရီးယား အစ္စလာမ် ခုတုံးလုပ် အဖွဲ့ ဘိုကိုဟာရမ် ခေါင်းဆောင် အဘူဘာခါရှက်ခူ သေဆုံး

နိုင်ဂျီးရီးယား အစ္စလာမ် ခုတုံးလုပ် အဖွဲ့ ဘိုကိုဟာရမ်ရဲ့ ခေါင်းဆောင် အဘူဘာခါ ရှက်ခူ သေဆုံးသွားပြီလို့ အနောက်အာဖရိက အခြေစိုက် အစ္စလာမ် ခုတုံးလုပ် အဖွဲ့ အိုင်အက်စ် စစ်သွေးကြွ အဖွဲ့ISWAP က ဇွန်လ ၆ ရက်မှာ ပြောပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ

နိုင်ဂျီးရီးယား အစ္စလာမ် ခုတုံးလုပ် အဖွဲ့  ဘိုကိုဟာရမ်ရဲ့ ခေါင်းဆောင် အဘူဘာခါ ရှက်ခူ သေဆုံးသွားပြီလို့ အနောက်အာဖရိက အခြေစိုက် အစ္စလာမ် ခုတုံးလုပ် အဖွဲ့    အိုင်အက်စ် စစ်သွေးကြွ အဖွဲ့ISWAP  က ဇွန်လ ၆ ရက်မှာ ပြောပါတယ်။

ရှက်ခူဟာ တိုက်ပွဲအတွင်း အိုင်အက်စ်တပ်တွေ အမီလိုက်လာတာ ခံရချိန် ဖောက်ခွဲရေး ပစ္စည်းကို ဖောက်ခွဲအပြီး မေလ ၁၈ ရက်က သေဆုံးခဲ့တာလို့ အိုင်အက်စ် အဖွဲ့ခေါင်းဆောင် အဘူ မူဆဘ် အယ်လ် ဘာနာဝီက အသံဖိုင်ထဲမှာ ပြောထားပါတယ်။

အယ်လ်ဘာနာဝီနဲ့ နီးစပ်တဲ့ လူ၂ယောက်ကလည်း ဒီအသံဟာ ISWAP ခေါင်းဆောင်ရဲ့ အသံ ဖြစ်ကြောင်း ရိုက်တာ သတင်းဌာနကို အတည်ပြု ခဲ့ပါတယ်။

ရှက်ခူ သေဆုံးမှုဟာ အိုင်အက်စ်နဲ့  ဘိုကိုဟာရမ်တို့ကြား အကြမ်းဖက် ပြိုင်ပွဲကို အဆုံးသတ်စေနိုင်တယ်။

အနောက်အာဖရိက အခြေစိုက် အစ္စလာမ် ခုတုံးလုပ် အဖွဲ့ အိုင်အက်စ် စစ်သွေးကြွတွေဟာ ဘိုကိုဟာရမ် စစ်သည်တွေကို သိမ်းသွင်းနိုင်ပြီး နိုင်ဂျီးရီးယား အရှေ့မြောက်ပိုင်း နယ်မြေကို ကျစ်ကျစ်လစ်လစ် ထိန်းချုပ်နိုင်လိမ့်မယ်လို့ နိုင်ငံရေး အကဲခတ်တွေက ပြောပါတယ်။

ဒါအပြင် အစ္စလာမ် ခုတုံးလုပ် အဖွဲ့  အစွန်းရောက် အဖွဲ့ အိုင်အက်စ်တွေဟာ အစိုးရနဲ့ စစ်တပ်ကို ပိုပြီး အာရုံစိုက် လာနိုင်လိမ့်မယ်လို့လဲည်း သတင်းဌာနက ရေးသားဖော်ပြပါတယ်။


*****************************************************************
END / 251