အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : Eleven News
ဗုဒ္ဓဟူးနေ့

၁၆ ဇွန် ၂၀၂၁

၁၈:၁၇:၄၄
1151204

အာဖရိကတွင် ကိုရိုနာ ဗိုင်းရပ်စ် ကူးစက် ခံရသူ ငါးသန်း ကျော် ရှိလာ

၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်း၌ တရုတ်နိုင်ငံ တွင် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ စတင်ပေါ် ပေါက်လာချိန်ကတည်းက လက်ရှိအချိန်အ ထိ အာဖရိကတွင် ဗိုင်းရပ်စ်ကူးစက်ခံရသူငါးသန်းကျော် ရှိလာခဲ့သည်ဟု အေအက်ဖ်ပီသတင်းဌာန၏ စစ်တမ်းတွင် ဇွန် ၁၂ ရက်ကဖော် ပြခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ


၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်း၌ တရုတ်နိုင်ငံ တွင် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ စတင်ပေါ် ပေါက်လာချိန်ကတည်းက လက်ရှိအချိန်အ ထိ အာဖရိကတွင် ဗိုင်းရပ်စ်ကူးစက်ခံရသူငါးသန်းကျော် ရှိလာခဲ့သည်ဟု အေအက်ဖ်ပီသတင်းဌာန၏ စစ်တမ်းတွင် ဇွန် ၁၂ ရက်ကဖော် ပြခဲ့သည်။

အာဖရိကရှိနိုင်ငံ ၅၄ ခုတွင် လွန်ခဲ့သည့် ခုနစ်ရက်က နေ့အလိုက် ဗိုင်းရပ်စ်ကူးစက်ခံ ရသူ ပျမ်းမျှ ၁၅,၆၈၀ ကြောင့် ထိုရက်အတွင်း ကူးစက်ခံရသူပေါင်း ၁၀၉,၈၀၀ နီးပါးရှိလာ မှုနှင့်အတူ လက်ရှိအချိန်တွင် အာဖရိက၌ ဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်း ၅,၀၀၈,၆၅၆ ဦးအထိ မြင့်တက်လာခဲ့ခြင်းဖြစ်သည်။

နေ့အလိုက် ဗိုင်းရပ်စ်ကြောင့် သေဆုံး သူ ပျမ်းမျှ ၃၂၀ နီးပါးနှင့် ဗိုင်းရပ်စ်ကြောင့်သေ ဆုံးသူပေါင်း ၁၃၄,၀၀၀ ကျော် ရှိပြီးလွန်ခဲ့ သည့် သီတင်းပတ်နှင့်နှိုင်းယှဉ်လျှင် ဗိုင်းရပ်စ် ကြောင့် သေဆုံးသူ ၁၆ ရာခိုင်နှုန်းမြင့်တက် လာခဲ့သည်။

တစ်နိုင်ငံနှင့်တစ်နိုင်ငံ ကွဲပြားခြားနားသည့် ဗိုင်းရပ်စ်ကူးစက်ခံရခြင်းရှိ၊မရှိ စစ်ဆေး မှုနှုန်းနှင့် မတူညီသော ကျန်းမာရေးမူဝါဒများ ကြောင့်အမှန်တကယ်ကူးစက်ခံရသူဦးရေ သည် တရားဝင်ဖော်ပြထားသည့် ကိန်းဂဏန်း များထက် ပိုမိုများပြားဖွယ်ရှိနိုင်သည်။

အာဖရိကသည်လက်ရှိအချိန်တွင်ကို ရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ကူးစက်မှုဆက် လက်မြင့်တက်နေသည့် တစ်ခုတည်းသော ဒေသဖြစ်သည်နှင့်အတူ သီတင်းတစ်ပတ်ချင်း စီ၌ ကူးစက်မှုနှုန်း ၃၀ ရာခိုင်နှုန်းမြင့်တက်ခဲ့ ပြီး ကပ်ရောဂါ၏ တတိယလှိုင်းနှင့်ကြုံတွေ့ နိုင်ဖွယ်ရှိနေသည်။

ကမ္ဘာတစ်ဝန်းတွင်မူ ဗိုင်းရပ်စ်ကူးစက် ခံရသူဦးရေသည် သီတင်းပတ်ခြောက်ပတ် ဆက်တိုက်အတွင်း ၁၄ ရာခိုင်နှုန်း ကျဆင်း ခဲ့သည်။

အာဖရိကတွင် ဗိုင်းရပ်စ်ကူးစက်မှုအ သစ် ၁၀ ဦးတွင် ခုနစ်ဦးနီးပါးမှာ အီဂျစ်၊ တောင်အာဖရိက၊တူနီးရှား၊ ယူဂန်ဒါနှင့်ဇမ် ဘီယာနိုင်ငံစသည့် ငါးနိုင်ငံမှဖြစ်သည်။

တောင်အာဖရိကသည် နည်းပညာအရ တတိယလှိုင်း စတင်ရောက်ရှိနေသည်ဟု ကူးစက်ရောဂါဆိုင်ရာ အမျိုးသားဌာနကထုတ် ပြန်ခဲ့သည်။

ထိုစဉ် လက်ရှိအချိန်တွင် ဇမ်ဘီယာနိုင်ငံ သည် ကမ္ဘာတစ်ဝန်းရှိ အခြားနိုင်ငံများထက် COVID-19 ကူးစက်မှုပိုမိုမြန်ဆန်နေပြီး သီတင်းတစ်ပတ်စီတိုင်း ဗိုင်းရပ်စ်ကူးစက်မှု နှုန်း ၁၄၇ ရာခိုင်နှုန်း သို့မဟုတ် နေ့အလိုက် ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁,၂၀၀ ရှိနေသည်။

အာဖရိကတွင် ဗိုင်းရပ်စ်ကာကွယ်ဆေး ထိုးနှံမှု အစီအစဉ်များသည် ဆက်လက်ရုန်း ကန်လျက်ရှိနေပြီး ကမ္ဘာတစ်ဝန်း၌လူဦးရေ ၁၀၀ တွင် ၂၉.၅၆ ဦးကို ကာကွယ်ဆေးထိုးနှံ  ပြီးချိန်တွင် အာဖရိက၌ လူဦးရေ ၁၀၀ တွင် ၂.၈၇ ဦးသာ ကာကွယ်ဆေးထိုးနှံရသေး ကြောင်း အေအက်ဖ်ပီသတင်း၏စစ်တမ်း၌ ဖော်ပြထားသည်။

ချမ်းသာသောနိုင်ငံများအနေဖြင့် ၎င်းတို့ လက်ဝယ် ပိုင်ဆိုင်ထားသော ကာကွယ် ဆေးများကို မျှဝေပေးရန် ကမ္ဘာ့ကျန်းမာရေး အဖွဲ့(WHO) က လွန်ခဲ့သော သီတင်းပတ် တွင် ထပ်မံဖိအားပေးပြောကြားခဲ့ပြီး WHO ၏ အာဖရိကဆိုင်ရာ ညွှန်ကြားရေးမှူး မက် ရှီဒီဆို မိုးတီကလည်း ယင်းလုပ်ရပ်သည်အ သက်ရှင်ခြင်း သို့မဟုတ် သေဆုံးခြင်း၏မေး ခွန်းတစ်ရပ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။


*****************************************************************
END / 251