အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : Myanmar Muslim Media
တနင်္လာနေ့

၂၁ ဇွန် ၂၀၂၁

၁၅:၃၀:၀၅
1152587

ကနေဒါ အထူး တရားရုံးရဲ့ ပထမဆုံး မွတ်စလင် တရားသူကြီး အဖြစ် ဝန်ကြီးချုပ်ရဲ့ အဆိုပြု ခန့်အပ်ခြင်း ခံရတဲ့ တရားသူကြီး မာဟ်မွတ်ဒ်ဂျမားလ်

ဝန်ကြီးချုပ် ဂျက်စတင်ထရူးဒရူးက တရားသူကြီး မာဟ်မွတ်ဒ်ဂျမားလ်ကို ကနေဒါအထူးတရားရုံးအဖွဲ့ဝင်တရားသူကြီးအဖြစ် အဆိုပြုခဲ့တာကြောင့် သူဟာ ဒီရာထူးကိုလက်ခံရရှိတဲ့ လူဖြူမဟုတ်တဲ့ပထမဆုံးသော မွတ်စလင်တရားသူကြီးဖြစ်လာခဲ့ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ
 



ဝန်ကြီးချုပ် ဂျက်စတင်ထရူးဒရူးက တရားသူကြီး မာဟ်မွတ်ဒ်ဂျမားလ်ကို ကနေဒါအထူးတရားရုံးအဖွဲ့ဝင်တရားသူကြီးအဖြစ် အဆိုပြုခဲ့တာကြောင့် သူဟာ ဒီရာထူးကိုလက်ခံရရှိတဲ့ လူဖြူမဟုတ်တဲ့ပထမဆုံးသော မွတ်စလင် တရားသူကြီးဖြစ်လာခဲ့ပါတယ်။


သူဟာကနေဒါထိပ်တန်းတရားရုံးကနေ အငြိမ်းစားယူသွားတဲ့ တရားသူကြီးရိုဆယ်လီအက်ဘယ်လာရဲ့ နေရာမှာအစားထိုး တာဝန်ထမ်းဆောင်သွားမှာဖြစ်ကြောင်း CBC သတင်းဌာနကဖော်ပြခဲ့ပါတယ်။ “ထူးခြားပြောင်မြောက် တဲ့ ဥပဒေပိုင်းစွမ်းဆောင်ရည်တွေ ပညာရှင်အတွေ့အကြုံတွေနဲ့ တစ်ခြားသူတွေအတွက် တာဝန်ထမ်းဆောင်ပေးသွားဖို့ စိတ်နှစ်မြုပ်ထားတဲ့ တရားသူကြီးဂျမားလ်ဟာ ကျွန်တော်တို့နိုင်ငံ ရဲ့အမြင့်ဆုံးတရားရုံးအတွက် တန်ဖိုးရှိပုဂ္ဂိုလ်တစ်ဦးဖြစ်လာမှာပါ” လို့ ကနေဒါဝန်ကြီးချုပ်က ထုတ်ပြန်ချက်ထဲမှာပြောကြားခဲ့ပါတယ်။


ဘာသာစကားနှစ်မျိုးတတ်တဲ့ တရားသူကြီးဂျမားလ်ဟာ ၂၀၁၉ခုနှစ်မှာ အွန်တာရီယိုအယူခံတရားရုံးမှာ တာဝန်ပေးခန့်အပ်ခံခဲ့ရပြီး အများပြည်သူဆိုင်ရာ ဖွဲ့စည်းပုံအခြေခံဥပဒေ ရာဇဝတ်မှုဆိုင်ရာနဲ့ စီမံခန့်ခွဲရေးအရေး ကိစ္စများဆိုင်ရာ ကနေဒါအထူးတရားရုံးအဖွဲ့ဝင်တရားသူကြီးအဖြစ် ခန့်အပ်ခြင်းမခံရခင် အယူခံတရားရုံးလျှောက်ထားမှု အမှု ၃၅ မှုကိုဖြေရှင်းခဲ့သူဖြစ်ပါတယ်။ တရားသူကြီးဂျမားလ်ဟာ မက်ဂီလ်တက္ကသိုလ်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေအကြောင်း သင်ကြားပေးခဲ့သလို အော်စ်ဂိုဒီဟောဥပဒေကျောင်းမှာလည်း စီမံခန့်ခွဲရေးဥပဒေကို သင်ကြားပေးခဲ့ပါတယ်။


“ကျွန်တော့်ဘဝရဲ့ဒီအဆင့်မှာ ဥပဒေရေးတာဝန်ထမ်းဆောင်ဖို့နဲ့ တရားသူကြီးတစ်ဦးအဖြစ် အများပြည်သူတွေအတွက် တရားမျှတမှုတွေရရှိအောင် ကြိုးပမ်းဆောင်ရွက်ခွင့်ရဖို့ ဒီထက်ပိုအဓိပ္ပာယ်ရှိတဲ့ နည်းလမ်းမရှိတော့ပါဘူး။” လို့ တရားသူကြီးဂျမားလ်ကပြောကြားခဲ့ပါတယ်။ “တရားစီရင်ရေးအခန်းကဏ္ဍမှာ ဘယ်အရာကအထူးအခွင့်အရေးလဲ ဘယ်အရာကတာဝန်ကြီးမားလဲဆိုတာ တရားသူကြီးတိုင်းသိကြပါတယ်။ အစဉ်အလာတိုင်းမဟုတ်ရင်တောင် အမှုတိုင်းဟာအရေးကြီးပါတယ် အကြောင်းက သက်ဆိုင်ရာနှစ်ဖက်စလုံးအတွက် အရေးပါတာကြောင့်ဖြစ်ပါတယ်။ ဒါကြောင့် အမှုတိုင်းကို ကျွန်တော့်စိတ်တွေဖွင့်ထားပြီး စိတ်ပါလက်ပါနားထောင်ပါတယ် ဝတ်လုံတော်ရရှေ့နေတွေကော ကျွန်တော့်လုပ်ဖော်ကိုင်ဖက်တွေရဲ့ အကြံပေးမှုတွေကိုပါနားထောင်ပြီး အမှုကိုဖြေရှင်းပါတယ်။ ပြောတာထက် နားထောင်တာက အမြဲတမ်း ပိုပြီးတော့အရေးပါပါတယ်” လို့ သူကဆက်လက်ပြောကြားခဲ့ပါတယ်။


သူ့ကို ကင်ညာနိုင်ငံ နိုင်ရိုဘီမှာ ၁၉၆၇ခုနှစ်ကမွေးဖွားခဲ့ပါတယ်။ သူ့မိသားစုရဲ့မူလဇာတိက အိန္ဒိယကဖြစ်ပါတယ်။ သူ့မိသားစုဟာ ၁၉၆၉ခုနှစ်မှာ ပိုမိုကောင်းမွန်တဲ့ဘဝကိုရှာဖွေတဲ့ အနေနဲ့ ဗြိတိန်ကိုရွှေ့ပြောင်းခဲ့ပြီး ၁၉၈၁ ခုနှစ်မှာ အဒ်မွန်တန်မှာ အခြေချခဲ့ပါတယ်။ အဲဒီမှာပဲသူဟာ အထက်တန်းကျောင်းတက်ခဲ့တာဖြစ်ပါတယ်။


သူဟာမိသားစုထဲမှာ တက္ကသိုလ်တက်ရောက်ခွင့်ရတဲ့ပထမဆုံးသူဖြစ်ပါတယ်။ တိုရွန်တိုတက္ကသိုလ်ကနေ စီးပွားရေးဒီဂရီဘွဲ့မရခင် သူဟာ လန်ဒန်ကစီးပွားရေးကျောင်းမှာ တစ်နှစ်ပညာသင်ယူခဲ့ပါတယ်။ နောက်တော့ သူဟာ ယေးဥပဒေကျောင်းကနေ ဥပဒေဒီဂရီဘွဲ့မရခင် ဥပဒေပညာနဲ့ ကွင်ဘက်ပြည်သူ့ဥပဒေပညာရပ်ကို သင်ယူဖို့ မက်ဂီလ်ကိုသွားရောက်ခဲ့ပါတယ်။


Geo News သတင်းဌာနပါ “Justice Mahmud Jamal named as first non-white judge to Canadian Supreme Court” အမည်ဖြင့်ဖော်ပြထားသည့် သတင်းကိုညောင်နီရွက်(Myanmar Muslim Media)က မြန်မာဘာသာသို့ဆီလျော်အောင်ပြန်ဆိုသည်။



*****************************************************************
END / 251