အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
စနေနေ့

၂၆ ဇွန် ၂၀၂၁

၁၅:၃၉:၁၆
1154094

ဟဇရသ် လွတ်က်မန် (အ.စ) မှ မိမိ၏ သား အား လောက နှင့်ပတ်သက်ပြီး ဆိုဆုံးမ စကားများ

အေမာမ် မူစာယေ ကာစင်မ် (အ.စ) မှ ရီဝါယသ် တော် တစ်ခု ဟဇရသ် လွတ်က်မန် (အ.စ) မှ မိမိ၏ သား အား လောက နှင့်ပတ်သက်ပြီးဆိုဆုံးမ စကားများ ဘက်သို့ ညွှန် ပြ ၍ မိန့်တော် မူထားပါတယ်။


 

ကျမ်းကြီး များ မှ တစ်ကျမ်း ဖြစ်သည့် ဗေဟာရွလ်အန်ဝါရ် ကျမ်း ပါ လာရှိမှု ကို တင်ပြပါ မည်။

 

ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

 

قال الامام الکاظم علیہ السلام:

كانَ لُقمانُ عليه السلام يَقولُ لاِبنِهِ : ... يا بُنَيَّ ، خُذ مِنَ الدُّنيا بُلغَةً ، و لا تَدخُل فيها دُخولاً يَضُرُّ بِآخِرَتِكَ ، و لا تَرفُضها فَتَكونَ عِيالاً عَلَى النّاسِ.

 

 

အေမာမ် မူစာယေ ကာစင်မ် (အ.စ) မိန့်တော် မူ၏။

 

ဟဇရသ်လွတ်က်မန် (အ.စ) အမြဲတမ်း မိမိ သား ကို ပြောလေ့ရှိ၏။ အို ..ကျွန်ုပ် သားတော် ! လောက ထံမှ လိုအပ်သလောက် ယူပါလေ၊ပြီးနောက် မိမိ၏ အာခေရသ် (လောကုတ္တရာ) ပျက်စီး ဆုံးရှုံး ရသည့် အထိ လောက (လောကီ) နောက်သို့ မလိုက်ပါလေနှင့်။ သူတစ်ပါး အပေါ် ဝန်ထုပ် ဝန်ပိုး ဖြစ်သွားသည်အထိလည်း လောက ကို မလွှတ်လိုက်ပါနှင့်လေ။

 

ကျမ်းကိုး ။ ။ ဗေဟာရွလ်အန်ဝါရ် ကျမ်း ၊ အတွဲ ၁၃ ၊ စာမျက်နှာ ၄၁၆ ၊ ဟဒီးစ်တော် ၁၀

*****************************************************************
END / 251