အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
သောကြာနေ့

၂ ဇူလိုင် ၂၀၂၁

၁၈:၅၀:၃၉
1156118

ဂျန္နသ် (အမတသုခဘုံ) ၏ သစ်ပင်ကို လောင်းကျွမ်း စေသည့် မီး

မဟာတမန်တော်မြတ်ကြီး မိုဟမ္မဒ် (ဆွ) မှ ရီဝါယသ် တော် တစ်ခု တွင် ဂျန္နသ် (အမတသုခဘုံ) ၏ သစ်ပင်ကို လောင်းကျွမ်း စေသည့် မီး ဘက်သို့ ညွှန် ပြ ၍ ဆုံးမ မိန့်တော် မူထား ပါတယ်။


 

ဤရေဝါယသ် တော်အား အိုဒသွဒ်ဒအီကျမ်း မှ တင်ပြပါ မည်။

 

ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

 

 

قالرسولاللہصلیاللهعلیهوآلهوسلم:

 

مَنْ قَالَ سُبحَانَ اللّٰهِ غَرَسَ اللّٰهُ لَه شَجَرَةً فِی الْجَنَّةِ فَقَامَ رَجُلٌ مِّنْ قُرَیْشٍ وَقَالَ اِنَّ شَجَرَنَا فِی الْجَنَّةِ لَکَثِیْرَةٌ قَالَ (ص) نَعَمْ وَلٰکِنْ اِیَّاکُمْ اَنْ تُرْسِلُوْا اِلَیْهَا نِیْراناً فَتُحْرِ قُوْهَا.

 

မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မိန့်တော် မူ၏။

 

အကြင်မည်သူမဆို စိုဗ်ဟနလ္လာဟ် ဟုရွတ်ဆိုမည် ဆိုလျှင် အလ္လာဟ်ဟို အရှင့်မတ် သခင်သည် ၎င်း အတွက် ဂျန္နသ် (အမတသုခဘုံ) တွင် သစ်ပင်တစ်ပင် စိုက်ပေး တော် မူ၏။ ဤမိန့်တော်မှုကို ကြားလျှင် ကြားခြင်း ကိုရိုင်ရှ် လူမျိုး မှ တစ်ဦး တစ်ယောက် သည် ထရပ်လေ၏။ ပြီးနောက် လျှောက် ထား လေ၏။ အကယ်၍ ဤကဲ့သို့ ဆိုလျှင် ကျွန်ုပ် တို့ အတွက် ဂျန္နသ် တွင် သစ်ပင်တွေအများကြီး ဖြစ်နေပြီး ဖြစ်ပါသည်။ ကိုယ်တော်မြတ် (ဆွ) အဖြေပေး မိန့် ကြားတော် မူ၏။ ဟုတ်ပါသည်။ သို့သော် အသင်နေဖြင့် ဤနေရာက နေ မီး (တောက်) မပို့မိရန် ကြောက်ဖို့တော့ လိုပေမည်။ သို့မဟုတ် လျှင် (၎င်းမီးတောက်သည်) (သစ်ပင်)အားလုံးကို လောင်းကျွမ်း သွားစေမည်။

 

ကျမ်းကိုး ။ ။ အိုဒသွဒ်ဒအီကျမ်း၊ စ၂၃၅


****************************************************************

END / 251