အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္လာနေ့

၅ ဇူလိုင် ၂၀၂၁

၁၉:၁၈:၀၄
1157256

အေမာမ် ဂျအ်ဖရ်ဆွာဒစ် (အ.စ) ၏ အမြင်အရ မည်သူ ကို မဲ ပေးသင့် ပါ သနည်း ?

အေမာမ် ဂျအ်ဖရ်ဆွာဒစ် (အ.စ) ၏ အမြင်အရ မည်သူ ကို မဲ ပေးသင့် ပါ သနည်း? ဆိုသည့် ကိစ္စကို ကျနော်တို့ လေ့လာ ကြည့်ပါမည်။

 အေမာမ် ဂျအ်ဖရ်ဆွာဒစ် (အ.စ) ၏ အမြင်အရ မည်သူ ကို မဲ ပေးသင့် ပါ သနည်း ?

 

တစ်ဦးတစ်ယောက်မှ အေမာမ်ဂျအ်ဖရ်ဆွာဒစ် (အ.စ) အား မေးမြန်း လျှောက်ထားလေ၏။

 

အုပ်ချုပ်သူ နှစ်ဦး အကြား မည်သူကို ရွေးချယ်ရမည် ဆိုတာ ကို ဝေခွဲမရ ဖြစ်နေချိန် မည်သူကို ရွေးချယ်ရမည်နည်း ?

 

အေမာမ် (အ.စ) အဖြေပေး မိန့်တော်မူ၏။ အာဒဲရ် ( ဝါဂျစ်ဗ်များ ကို ပြုလုပ်သူ ၊ ဟရာမ် များကို ရှောင်ကြသူ ၊ အပြစ်ပေါ်တင်၊လူသိရှင်ကြားမပြုသူ ) ၊ အမှန်ကိုဆိုသူ(လိမ်မပြောသူ) ၊ ဖကီးဟ် (ဓမ္မသတ်ပညာရှင်) နှင့် သီလ၊သမာဓိ (သက္က်ဝါး) အရှိဆုံး သူ ကို ရွေးချယ်ပါလေ။

 

ထိုပုဂ္ဂိုလ် မှ ဆက်လက်ပြီးလျှောက်ထားလေ၏။ အကယ်၍ ထပ်ပြီး ရွေးချယ်ရန် ခွဲခြား မရ ဖြစ်နေ ပါက ဘာလုပ်ရမည်နည်း ?

 

အေမာမ် (အ.စ) အဖြေပေး မိန့်တော်မူ၏။ ဘာသာရေး ကို လိုက်နာဆောင်ရွက် သူများ သည် မည်သူကို ရွေးချယ်လဲ၊၎င်းကို ရွေးချယ်ပါ ။

 

အေမာမ် (အ.စ) အဖြေပေး မိန့်တော်မူ ၏။ အကယ်၍ (ဘာသာရေး ကို လိုက်နာဆောင်ရွက် သူများ ) မည်သူမည်ဝါ ) ဆိုသည်ကို နားမလည်လျှင် ဘာလုပ်ရမည်နည်း ?

 

အေမာမ် (အ.စ) အဖြေပေး မိန့်တော်မူ၏။ ကြည့် ရှုလေ့လာပါ။ ကျွန်ုပ်တို့ (အဲဟ်လေ့ဘိုက်(သ) (အ.စ) ) ၏ စည်းမျည်း ၊ ဥပဒေ ကို ဆန်ကျင့်သူများ မည်သူကို ပိုပြီး နှစ်သက်လဲ ၊ ၎င်းကို ဘေးဖယ် ပြီး ဘယ်သူကို ၎င်းတို့ ပိုမို၍ အမျက် ဒေါသဖြစ်သလဲ ၎င်းကို ရွေးချယ် ပါလေ။

 

ကျမ်းကိုး ။ ။ အူစူလေကာဖီ ကျမ်း အတွဲ ၁ ၊ စာမျက်နှာ ၆၈

 

သင်ခန်းစာများ

၁။ ။ ကျွန်ုပ်တို့ အနေဖြင့် မိမိ တို့ အနေဖြင့် မိမိ တို့ ဗလီဝတ်ကျောင်းတော်များ ၊ အေမာမ် ဘာရာများ ၊ ကဗဲရ်စတန်များ စသည်ဖြင့် ဘာသာရေး အဆောက်အဦးများ ၏ ဂေါပက ကိုလည်း အေမာမ် ဂျအ်ဖရ်ဆွာဒစ် (အ.စ) ၏ ဟဒီးစ်တော် အတိုင်း ရွေးချယ် တင်မြှောက်ရပါမည်။

 

၂။ ။ နမာဇ်ရှေ့ ဆောင်ဆရာများ ၊ တရား ဟောဆရာများ ကိုလည်း ဤ နည်းအတိုင်းရွေးချယ်သင့်ပါ တယ်။

****************************************************************

END / 251