အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္လာနေ့

၁၉ ဇူလိုင် ၂၀၂၁

၁၉:၁၁:၀၀
1161571

ဟရာမ် အစားအစာ သည် ခဝပ်ကိုးကွယ်မှုများ (အေဗါဒသ်) ကို လောင်းကျွမ်းစေပါတယ်

မဟာတမန်တော်မြတ်ကြီး မိုဟမ္မဒ် (ဆွ) မှ ရီဝါယသ် တော် တစ်ခု တွင် ဟရာမ် အစားအစာ သည် ခဝပ်ကိုးကွယ်မှုများ (အေဗါဒသ်) ကို လောင်းကျွမ်းစေပါတယ် ဘက်သို့ ညွှန် ပြ ၍ ဆုံးမ မိန့်တော် မူထား ပါတယ်။


 

ဤရေဝါယသ် တော်အား အိုဒသွဒ်ဒအီကျမ်း မှ တင်ပြပါ မည်။

 

ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

 

 

قالرسولاللہصلیاللهعلیهوآلهوسلم:

لَیَجِیْئَنَّ اَقْوَامٌ یَوْمَ الْقِیَامَةِ لَهُمْ مِنَ الْحَسَنَاتِ کَجبَالِ تَهَامَةَ فَیُوْمَرُ بِهِمْ اِلٰی النَّارِ، فَقِیْلَ یَارَسُوْلَ اللّٰهِ اَمْ مُّصَلُّوْنَ ؟ قَالَ (ص) کَانُوا مُصَلّوْنَ وَیَصُوْمُوْنَ وَیَاْخُذُوْنَ وَهْنًا مِّنَ اللَّیْلِ لٰکِنَّهُمْ کَانُوْا اِذَالاَحَ لَهُمْ شَی مِنْ الدُّنْیَا وَسَبُوْا اِلَیْهِ .

မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မိန့်တော် မူ၏။

 

ကေယာမသ်နေ့ တွင် ဤကဲ့သို့သော် လူမျိုးများ လည်း ရှိပေမည်။ ၎င်းတို့၏ ကောင်းမှု လုပ်ရပ်များ သည် သဟာမာတောင်ပမာ လေးလံ ပေမည် ။ ဤကဲ့သို့ (လေးလံ နေသည် ) ပင် ၎င်းတို့အား ဂျဟန္နမ် ငရဲဘုံ သို့ တွန်းချရန် အမိန့်တော် ကျလာမည် ။ (ဤအသံကိုကြားပြီးနောက်) တစ်ဦးတစ်ယောက်မှ မေးမြန်းလျှောက်ထားလေ၏။ အိုတမန် တော်မြတ် (ဆွ) ! ဤပုဂ္ဂိုလ်များ သည် နမာဇ်ဆောက် တည် သူများမဟုတ်ကြပါသလား ? မိန့်တော်မူ၏ ၊ ဟုတ်ပါတယ်။ နမာဇ် တည်ဆောက်ကြပါသည်။ ပြီးနောက် ရိုဇာထားကြပါ သည်။ ပြီးနောက်ည၏ အချိန် အချို့ ကိုလည်း အေဗာဒသ် (ခဝပ်ကိုးကွယ်မှု) ပြုကြပါသည်။ သို့သော် ၎င်းတို့ကို လောကီ ၏ ပစ္စည်း တစ်ခုခု ရလျှင် ၎င်းပစ္စည်းနောက်လိုက်လေသည်။ (ဆိုလိုသည်မှာ - ဟလာ နှင့်ဟရာမ် ကို မခွဲခြားတော့ချေ။ )

 

ကျမ်းကိုး ။ ။ အိုဒသွဒ်ဒအီကျမ်း၊ စ၂၉၅

 ****************************************************************

END / 251