၂၄ ဇူလိုင် ၂၀၂၁ - ၁၈:၄၇
ရဲဟ်ဗရ်အင်န်ကေလာဗ် အစ္စလာမ်မီ ကိုရိုနာ ကာကွယ်ဆေး ဒုတိယ အကြိမ် အထိုးခံ + ဗီဒီယိုကလစ်ဗ်

ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီခါမေနာအီ မှ အီရန်နိုင်ထုတ် ကိုရိုနာ ကာကွယ်ဆေး ကို ဒုတိယ အကြိမ် အထိုးခံကြောင်း သိရှိရပါတယ်။ တဆက်တည်း ဗီဒီကလစ်ဗ် မှတ်တမ်းလည်း တင်ပြအပ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ရဲဟ်ဗရ်အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ ခါမေနာအီ မှ ဇူလိုင် ၂၃ရက်နေ့ သောကြာနေ့ တွင် မိမိနိုင်ငံ အီရန် ထုတ် ကိုရိုနာ ကာကွယ်ဆေး ကို ဒုတိယ အကြိမ် အထိုးခံခဲ့ပြီး ဆေးနှင့်ပတ်သည့် ရှိသမျှ ယုန်ထင်ကြောင်ထင် မှုများကို ဖြေရှင်း ပေးခဲ့ပါတယ်။

 အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ ရန်သူများ မှ အီရန် နိုင်ငံထုတ် ကိုရိုနာ ကာကွယ် ဆေးနှင့်ပတ်သက်ပြီး ဆန့်ကျင် ဝါဒဖြန့် မှု ကို အားသွန်ခွန်စိုက် ပြုခဲ့ပါတယ်။ အီရန် ပြည်သူ များ အနေဖြင့် မထိုးကြရန် အထိ နိုးဆော် ပြောကြားခဲ့ကြပါတယ်။ သို့သော် ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ မှ နောက်တဖန် ထပ်၍ မိမိ၏ ခြေလှမ်းများ ဖြင့် ရန်သူများ၏ ပူးပေါင်းကြံစည်မှုကို အချည်းနှီး ဖြစ်အောင် ပြုလုပ် ခဲ့ပါတယ်။

 

ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီခါမေနာအီ မှ အီရန်နိုင်ထုတ် ကိုရိုနာ ကာကွယ်ဆေး ကို ပထမ အကြိမ် အဖြစ် ဇွန်လ ၂၅ ရက်တွင် အထိုးခံခဲ့ပါတယ်။ ဤ ကာကွယ်ဆေး အား အီရန်နိုင်ငံသား သိပ္ပံ ပညာရှင် လူငယ် လူရွယ်များ နှင့် ကျွမ်းကျင်သူများ မှ တီထွင် ခဲ့ခြင်း ဖြစ်ပါတယ်။ မကြာသေးမီ က ကာကွယ်ဆေးအား အများ သုံးခွင့် ပြုခဲ့ပါတယ်။

 

အခြား တစ်ဖက် တွင်လည်း အီရန် ကိုရိုနာ ကာကွယ်ဆေး ထုတ်လုပ်မှု စီမံကိန်း ၏ အကြီးအကဲ ဟစန်ဂျလီလီ မှ ဤ ကာကွယ်ဆေး သည် ၉၃ % ထက်ပို၍ အကျိုးအာနိသင် ထိရောက် မှု ရှိကြောင်း နှင့် အောင်မြင် ကြောင်း ကြေငြာခဲ့ပါတယ်။

 

၎င်းမှဆက်လက်ပြောကြားသည်မှာ - ကိုရိုနာ ကာကွယ်ဆေးတတိယ အကြိမ် စမ်းသင်မှု ပြီးမှသာလျင် အောင်မြင်မှု ၏ အကျိုးသက်ရောက်မှု နှင့်ပတ်သပက်ပြီး ယုံကြည်စိတ်ချစွာ ပြောဆိုနိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

 

 

ဟစန်ဂျလီလီ မှဆက်လက်ပြီး - လာမည့် ရက်အနည်းငယ် အတွင်း တီဟီရန် နှင့် အလ်ဗိုဇ် ပြည်နယ်ရှိ ယောက်တိုင်းကို ဒုတိယ အကြိမ် ကာကွယ်ဆေး ထိုးပေးနိုင်မည် ဟု မျှော်လင့် ကြောင်း လာမည့် ရက်သတ္တပတ် တွင် အီရန် တစ်နိုင်ငံ တစ်ဝှမ်းလုံး တွင် ဤ ခြေလှမ်း ကို လှမ်းနိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

 

မှတ်သားရမည့် အချက်မှာ အီရန် နိုင်ငံသား သိပ္ပံ ပညာရှင် လူငယ် လူရွယ်များ နှင့် ကျွမ်းကျင် သူများ မှကိုရိုနာ ဗိုင်းရပ်စ် ကို တိုက်ဖျက် နိုင်ရန် ကာကွယ် ဆေးအမျိုးမျိုးတီထွင် နိုင်ခဲ့ပါတယ်။ အီရန် နိုင်ငံ ၏ ဤ ခြေလှမ်းကို နိုင်ငံတကာ အသိုင်းအဝိုင်း မှလည်း ကောင်းစွာ လက်ခံခဲ့ပါတယ်။

 

 
****************************************************************

END / 251