အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ကြာသပတေးနေ့

၂၉ ဇူလိုင် ၂၀၂၁

၀၆:၃၆:၄၂
1164318

ကေယာမသ်နေ့ တွင် အမီးရွလ်မိုအ်မေနီ အေမာမ်အလီ (အ.စ) ၏နေရာ

မဟာတမန်တော်မြတ်ကြီး မိုဟမ္မဒ် (ဆွ) မှ ရီဝါယသ်တော် တစ်ခု တွင် ကေယာမသ်နေ့ တွင် အမီးရွလ်မိုအ်မေနီ အေမာမ်အလီ (အ.စ) ၏နေရာဘက်သို့ ညွှန် ပြ၍ မိန့်တော် မူထားပါတယ်။


 

ရီဝါယသ် ၏ ကျမ်း များ မှ တစ်ကျမ်း ဖြစ်သည့် ရနာဘီအိုလ်မိုဝဒဟ် ကျမ်းလာရှိမှု ကို တင်ပြပါ မည်။

 

ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

 

قال رسول اللہ صلی الله علیه و آله و سلم :

أنت أول من آمن بي وأنت أول من يصافحني يوم القيامة وأنت الصديق الأكبر وأنت الفاروق الذي يفرق بين الحق والباطل وأنت يعسوب المسلمين والمال يعسوب الكفار.

မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မိန့်တော် မူ၏။

အို! အလီ (အ.စ) အသင်သည် ကျွန်ုပ်အပေါ် ပထမဦးဆုံး သက်ဝင် ယုံကြည်သူ ဖြစ်ပါသည်။ ပြီးနောက် အသင်သည် ကေယာမသ်နေ့ တွင် ပထမဦးဆုံး ကျွန်ုပ်နှင့် လက်ဆွဲ နှုတ်ဆက် မည့်သူဖြစ်ပါသည်။အသင်သည် ဆစ်ဒီက်ကေအဲက်္ကဘရ် နှင့် အမှန် ကို အမှား မှ ခွဲခြားပေးမည့် ဖွရွတ်ခ် ဖြစ်ပါသည်။ အသင်သည်မိုအ်မင်များ ၏ ဦးသျှောင်နှင့် လမ်းညွှန် သူ ၊ ခေါင်းဆောင် ဖြစ်ပါသည်။ ပစ္စည်း ဥစ္စာ သည် ကာဖေရ်များ ၏ ခေါင်းဆောင် ၊လမ်းညွှန် သူဖြစ် ပါသည်။

ကျမ်းကိုး ။ရနာဘီအိုလ်မိုဝဒဟ် ကျမ်းစာမျက်နှာ ၇၃

****************************************************************

END / 251