အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္ဂနွေနေ့

၈ ဩဂုတ် ၂၀၂၁

၁၇:၅၀:၀၃
1167701

ပထမအကြိမ် ((ကမ္ဘာ့ဆုကြီး၁၁၄ ဆု)) ပြိုင်ပွဲ ၏ ပိတ်ပွဲ အခမ်းအနား ကျင်းပမည် ။ ပိုစတာ နှင့် တိုက်ရိုက်ထုတ်လွှင့်မည့် လင်းခ်များ

ပထမအကြိမ် ((ကမ္ဘာ့ဆုကြီး၁၁၄ ဆု)) ပြိုင်ပွဲ ၏ ပိတ်ပွဲ အခမ်းအနား ကို မနက်ဖန် ကျင်းပမည် ဖြစ်ပါသည်။ ထိုပြိုင်ပွဲတွင် အဲဟ်လေ့ဘိုက်(အ.စ) ၏နောက်လိုက်နောက်သားများ မှ အကောင်း တကာအေကာင်းဆုံး ကျမ်းတော်မြတ် ကုရ်အာန်ဆိုင်ရာ လှုပ်ရှားမှု ကို အထူးရွေးချယ် မည့် ပွဲ ဖြစ်ပါတယ်။



ပထမအကြိမ် ((ကမ္ဘာ့ဆုကြီး၁၁၄ ဆု)) ပြိုင်ပွဲ ၏ ပိတ်ပွဲ အခမ်းအနား ကို မနက်ဖန် ကျင်းပမည် ဖြစ်ပါသည်။ ထိုပြိုင်ပွဲတွင် အဲဟ်လေ့ဘိုက်(အ.စ) ၏နောက်လိုက်နောက်သားများ မှ အကောင်း တကာအေကာင်းဆုံး ကျမ်းတော်မြတ် ကုရ်အာန်ဆိုင်ရာ လှုပ်ရှားမှု ကို အထူးရွေးချယ် မည့် ပွဲ ဖြစ်ပါတယ်။  ဤအခမ်းအနား အား အွန်းလိုင်း ကျင်းပမည်ဖြစ်ပါတယ်။
ဤအခမ်းအနား အား မနက်ဖန် သြဂုတ်လ ၈ ၇က်နေ့ ၂၀၂၁ခုနှစ်  ဒေသစံ တော်ချိန် ညနေခင်း ၆နာရီ တွင် ကျန်းမာရေးဆိုင်ရာ စည်းမျည်းစည်းကမ်း များနှင့်အညီ မဂ်ျမယေ ဂျဟာနီ အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ အစည်းအဝေးခန်းမ တွင် ကျင်းပမည် ဖြစ်ပါတယ်။
ပထမအကြိမ် ((ကမ္ဘာ့ဆုကြီး၁၁၄ ဆု)) ပြိုင်ပွဲ အား မဂ်ျမယေ ဂျဟာနီ အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ ကြီးကြပ်မှု ဖြင့် လမြတ်ရမ်တွာန် တွင် ကြေညာ ခဲ့ခြင်းဖြစ်ပါတယ်။ တကမ္ဘာလုံးရှိ အဲဟ်လေ့ ဘိုက်(အ.စ) ၏ နောက်လိုက်နောက်သားများ မှမိမိတို့ ၏ ကြိုးပမ်းထားသည့် လက်ရာများ ကို ပို့ဆောင် ပြီး နေရာ ယူခဲ့ကြပါတယ်။
 ထင်ရှားပေါ်လွင်သည် ကျမ်းတော်မြတ်ဆိုင်ရာ ထူးချွန် ပုဂ္ဂိုလ်များ ကို တန်ဖိုးထားကျေးဇူးတင်ခြင်း

ပထမအကြိမ် ((ကမ္ဘာ့ဆုကြီး၁၁၄ ဆု)) ပြိုင်ပွဲ တွင် ပါဝင်သူများ မှ ရွေးချယ်ခံ ပုဂ္ဂိုလ်များ ကို ဆုချီးမြှင့် ပေးမည့်အပြင် မဂ်ျမယေ ဂျဟာနီ အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ ကြီးကြပ်မှုဖြင့် ကျမ်းတော်မြတ် ကုရ်အာန်ဆိုင်ရာ လှုပ်ရှားမှု ဆိုင်ရာ ထူးချွန် သူ ၂ဦး အား တန်ဖိုးထား ကျေးဇူး တင် မည်ဖြစ်ပါတယ်။
မရ်ဟွန်မ် အာယာသွလ္လာဟ် မိုဟမ္မဒ် အလီ သက်စခီရီ နှင့်အာယာသွလ္လာဟ် မိုဟမ္မဒ် စအီးဒ် နိုအ်မာနီ အဖိုးတန် "المختصر المفید في تفسیر القرآن المجید" အမည်ရှိ စာအုပ် အား ရေးသား သီးကုံးထား သူဖြစ်ပါတယ်။  ဤ ထူးချွန် ပုဂ္ဂိုလ်  ၂ ဦးအား တန်ဖိုးထားကျေးဇူးတင်မည်ဖြစ်ပါတယ်။

ပထမအကြိမ် ((ကမ္ဘာ့ဆုကြီး၁၁၄ ဆု)) ပြိုင်ပွဲ ၏ ပိတ်ပွဲ အခမ်းအနား အိုင်းလွန်း တိုက်ရိုက် ထုတ်လွှင့်မှု အစီအစဉ်


ပြည်တွင်း မှ ဖြစ်စေ ပြည်ပ မှ ဖြစ်စေ ဤအခန်းအနားတွင် ဝင်ရောက်နေရယူလို သူများ အတွက် အွန်းလိုင်း မှဝင်ရောက်နိုင်ပါတယ်။ အောက်ဖော်ပြပါ လင်းခ်များ ဖြင့် ပထမအကြိမ် ((ကမ္ဘာ့ဆုကြီး၁၁၄ ဆု)) ပြိုင်ပွဲ ၏ ပိတ်ပွဲ အခမ်းအနား တွင် ဝင်ရောက် နေရာ ယူ နိုင်ပါတယ်။
ပါးရှား(ခ) ဖွာရစီ ဘာသာ  ဖြင့် (Adobe Connect)
class.mou.ir/jalasat

အာရဘီ ဘာသာ နှင့် Instagram တွင်
 instagram.com/majales_majazi_ahlulbayt

အင်္ဂလိပ် ဘာသာ (Instagram)  တွင် အွန်းလိုင်း အသံလွှင့်ခြင်း
instagram.com/ahlulbayt_world_assembly

အာရဘီ ဘာသာဖြင့် တိုက်ရိုက် ဂြိုဟ်တု ထုတ်လွှင့်ခြင်း
စကလိုင်း ဂြိုဟ်တုလိုင်း ၊ Frequency 11641/H / 27500 Frequency 11641/H / 27500
ဝလီယေ အဆွရ် (အ.ဂျ) အင်တာနက် တီဗီလိုင်း
www.valiasr-aj.tv
ပါးရှား(ခ) ဖွာရစီ ဘာသာ  ဖြင့် တိုက်ရိုက် ထုတ်လွှင့် မည့် အိုင်းလွန်း ဝက်ဘ်ဆိုက်ဒ်
heyatonline.ir/fa

ပါးရှား(ခ) ဖွာရစီ ဘာသာ  အိုင်းလွန်း အေဗရသ် ဝက်ဘ်ဆိုက်ဒ်
www.abarat.info


မှတ်သားရမည်မှာ တကမ္ဘာလုံး မှ နိုင်ငံပေါင်း ၄၀ မှ ၁၃၀ ဦး မှ ကြိုးပမ်းမှုလက်ရာပေါင်း ၅၀၀ ကျော် အား ပထမအကြိမ် ((ကမ္ဘာ့ဆုကြီး၁၁၄ ဆု)) ပြိုင်ပွဲ ရုံးခန်း သို့ ပို့ဆောင် ခဲ့ကြပါတယ်။
ပို့ဆောင်လာသည့်  ကြိုးပမ်းမှု လက်ရာ များ ကို ကျွမ်းကျင်သူများ နှင့် စိစစ်ပြီး နောက်ဆုံး အဆင့် အဖြစ် လက်ရာ ၂၀ ကို ရွေး ချယ်ခဲ့ပါတယ်။ နောက်ဆုံး အဆင့် တွင် ၄နိုင်ငံ ၏ ဒိုင်များ အဆုံး အဖြတ်နှင့်ရွေးချယ်ခံခြင်း ဖြစ်ပါတယ်။ ၎င်းတို့အား မနက်ဖန် အခမ်းအနား တွင် ထုတ်ဖော်ကြေညာ ပေးမည် ဖြစ် ပါတယ်။



****************************************************************

END / 251