အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : Mizzimaburmese
ကြာသပတေးနေ့

၁၂ ဩဂုတ် ၂၀၂၁

၁၉:၀၅:၃၈
1169131

လူ့အခွင့် အရေးချိုး ဖောက်မှု ပြောဆိုချက် များက တရုတ် ၏ နိုင်ငံရပ်ခြား ရင်းနှီး မြှုပ်နှံမှု အပေါ် ထိခိုက် စေဟု ဆို

နိုင်ငံရပ်ခြားတွင် တာဝန်ခံမှု၊ တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံသူတစ်ဦးအဖြစ် ရှုမြင်ခံရစေရန် တရုတ်၏ ကြိုးပမ်းအားထုတ်မှုများသည် ယခုအခါ ထိခိုက်ခံရနိုင်သည့် အရေးနှင့် ကြုံတွေ့နေပြီး အကြောင်းမှာ ယင်း၏ စီးပွားရေးလုပ်ငန်း လည်ပတ်ဆောင်ရွက်မှုများနှင့် ဆက်နွယ်သည့် လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ များပြားလှသည့် စွပ်စွဲခံရမှုများကြောင့် ဖြစ်ကြောင်း သြဂုတ် ၁၁ ရက်က ထုတ်ပြန်သည့် အစီရင်ခံစာတစ်ရပ်တွင် ဖော်ပြထားသည်။ ထိုကဲ့သို့ လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ စွပ်စွဲမှုများသည် သတ္တုတူးဖော်ရေးကဏ္ဍတွင် အများဆုံး ဖြစ်ပွားထားကြောင်း ထိုအစီရင်ခံစာအရ သိရသည်။



နိုင်ငံရပ်ခြားတွင် တာဝန်ခံမှု၊ တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံသူတစ်ဦးအဖြစ် ရှုမြင်ခံရစေရန် တရုတ်၏ ကြိုးပမ်းအားထုတ်မှုများသည် ယခုအခါ ထိခိုက်ခံရနိုင်သည့် အရေးနှင့် ကြုံတွေ့နေပြီး အကြောင်းမှာ ယင်း၏ စီးပွားရေးလုပ်ငန်း လည်ပတ်ဆောင်ရွက်မှုများနှင့် ဆက်နွယ်သည့် လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ များပြားလှသည့် စွပ်စွဲခံရမှုများကြောင့် ဖြစ်ကြောင်း သြဂုတ် ၁၁ ရက်က ထုတ်ပြန်သည့် အစီရင်ခံစာတစ်ရပ်တွင် ဖော်ပြထားသည်။ ထိုကဲ့သို့ လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ စွပ်စွဲမှုများသည် သတ္တုတူးဖော်ရေးကဏ္ဍတွင် အများဆုံး ဖြစ်ပွားထားကြောင်း ထိုအစီရင်ခံစာအရ သိရသည်။

နိုင်ငံတကာ အစိုးရမဟုတ်သည့်အဖွဲ့အစည်းတစ်ခုဖြစ်သည့် The Business & Human Rights Resource Centre သည် ၂၀၁၃ ခုနှစ်နှင့် ၂၀၂၀ ခုနှစ်အကြား ပြည်ပတွင် လုပ်ငန်း လည်ပတ်ဆောင်ရွက်နေသည့် တရုတ်ကုမ္ပဏီများအပေါ်စွဲဆိုသည့် လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက် ၆၇၉ ခုကို မှတ်တမ်းရေးသွင်းထားခဲ့သည်။

သတ္တုများနှင့် သတ္တုတူးဖော်ရေးလုပ်ငန်းကဏ္ဍသည် လူ့အခွင့်အရေးဆိုင်ရာ စွပ်စွဲချက်အများစုကို ကြုံတွေ့ခဲ့ရပြီး စွပ်စွဲချက် ၂၃၆ ခု သို့မဟုတ် စွပ်စွဲချက် စုစုပေါင်း၏ ၃၅ ရာခိုင်နှုန်းအထိ ရှိခဲ့သည်။ ကမ္ဘာ့

ဒုတိယအကြီးဆုံး ကြေးနီ ထုတ်လုပ်သူ ပီရူးနှင့် သံဖြူဒြပ်စင်နှင့် မြေရှားသတ္တုရိုင်း ဦးဆောင်ပေးသွင်းသူဖြစ်သည့် တရုတ်၏ အိမ်နီးချင်း မြန်မာတို့သည် တရုတ်ကုမ္ပဏီများအပေါ် စွပ်စွဲမှုများ အဓိကဖြစ်ပေါ်ထားသည့် နေရာများအဖြစ် ဖော်ပြထားခဲ့သည်။

ကမ္ဘာပေါ်တွင် သတ္တု သုံးစွဲမှု အများဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်သည့် တရုတ်သည် ယင်း၏ ပြည်တွင်း လိုအပ်ချက်ကို ပြည့်မီအောင် ဖြည့်ဆည်းနိုင်ရန် လုံလောက်သည့် ရင်းမြစ်များ မရှိသလို နိုင်ငံရပ်ခြားမှ အဖိုးတန်ပစ္စည်းများကို ဝယ်ယူခြင်းအားဖြင့် ဖြည့်သွင်းမှု ရယူရန် ကုမ္ပဏီများကို တိုက်တွန်းထားခဲ့သည်။

တရုတ်သည် ယင်း၏ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင် လက်လှမ်းမှုကို တိုးချဲ့ထားခဲ့သလို ရာသီဥတု ရည်မှန်းချက်ပန်းတိုင်များ ပြည့်မီရောက်ရှိနိုင်ရေး ကြိုးပမ်းနေစဉ် ပတ်ဝန်းကျင်စိမ်းလန်းရေး ဦးတည်သော ခါးပတ်တစ်ကွင်း၊ လမ်းတစ်စင်း အခြေခံအဆောက်အအုံ စီမံကိန်းတစ်ခု တည်ဆောက်မည်ဟု ကတိပြုထားသည်။

“နိုင်ငံရပ်ခြားက တရုတ်ရဲ့ သတ္တု တူးဖော်ရေး လုပ်ငန်းတွေအပေါ် စွပ်စွဲထားတဲ့ စွပ်စွဲချက်တွေရဲ့ သုံးပုံ တစ်ပုံကျော်ဟာဆိုရင် လက်တင်အမေရိကနဲ့ ပါပူအာ နယူးဂီနီ (PNG) မှာ တရုတ်ထောက်ပံ့တဲ့ နိုင်ငံစုံပါတဲ့ သတ္တုတူးဖော်ရေး ကုမ္ပဏီတွေနဲ့ ဒေသခံ အစုအဖွဲ့တွေအကြား အချိန်ရှည်ကြာနေပြီဖြစ်တဲ့ ပဋိပက္ခတွေနဲ့ သက်ဆိုင်ပတ်သက်နေပါတယ်” ဟု အစီရင်ခံစာက ဖော်ပြသည်။

PNG တွင် ရွှေ ၊ နီကယ် နဲ့ ကိုဗော့သတ္တု ထုတ်လုပ်ရာမှာ နိုင်ငံပိုင် တရုတ်ကုမ္ပဏီတွေ ပါဝင်ပတ်သက်လျက် ရှိသည်။

သတ္တုများ၊ တွင်းထွက်ပစ္စည်းများ၊ ဓာတုဆိုင်ရာ တင်သွင်းသူများနှင့် တင်ပို့သူများ ဆိုင်ရာ တရုတ်ကုန်သည်ကြီးများအသင်း (CCCMC) ထံမှ “ဖြစ်လာနိုင်မှုများအတွက် ကြိုတင်ပြင်ဆင်သော အားထုတ်မှုများ” ရှိနေလင့်ကစား တရုတ်ကုမ္ပဏီများ၏ supply chain (ထောက်ပံ့ဖြည့်ဆည်းကွင်းဆက်) ဆိုင်ရာ due diligence (ထိခိုက်နစ်နာမှုများကို ကြိုတင်သိရှိနိုင်ရန် စစ်ဆေးခြင်း) ပိုင်း ပြဿနာများကို အစီရင်ခံစာတွင် ကိုးကားဖော်ပြထားသည်။

CCMC ၏ ဖွံ့ဖြိုးရေးဌာန၏ ညွှန်ကြားရေးမှူး ဆန်းလီဟွေက ပြောကြားရာတွင် တရုတ် ကုမ္ပဏီအများအပြားအနေဖြင့် ကောင်းမွန်သော လူ့အခွင့်အရေးဆိုင်ရာ မူဝါဒများ ရှိကြသော်လည်း ယင်းတို့အနေဖြင့် အမြဲတစေဆိုသလို ၎င်းတို့ကို အလိုအပ်ဆုံးသော အပိုင်းနေရာများတွင် အားထုတ်ကြိုးပမ်းမှုများကို အာရုံစိုက်ခဲ့ခြင်းမရှိဟု ပြောခဲ့သည်။

“သူတို့က စည်းကမ်းပိုင်းဆိုင်ရာ စုံစမ်းစစ်ဆေးမှုရဲ့ အရေးပါမှုကိုပဲ အလေးထားကြပါတယ်၊ ဒါပေမယ့် သူတို့ရဲ့ ထောက်ပံ့ဖြည့်ဆည်းကွင်းဆက်ထဲမှာရှိတဲ့ ကုမ္ပဏီတွေကို လေ့ကျင့်သင်ကြားမှုပေးဖို့၊ လမ်းညွှန်မှုပေးဖို့ကို လျစ်လျူရှုထားခဲ့ကြပါတယ်” ဟု ၎င်းက ပြောခဲ့သည်။

သတ္တုလုပ်ငန်းကဏ္ဍ၏ နောက် ဒုတိယအမြင့်ဆုံးသော စွပ်စွဲချက် အရေအတွက်အဖြစ် ၁၅၂ ခုအထိ ရှိနေသည့် ကဏ္ဍသည် ဆောက်လုပ်ရေးကဏ္ဍဖြစ်သည်။ ယင်းတို့ထဲတွင် လာအိုနိုင်ငံတွင် ရထားလမ်းစီမံကိန်းတစ်ခုနှင့် ဆက်နွယ်ပြီး အသက်‌မွေးဝမ်းကျောင်းများ ဆုံးရှုံးခဲ့ရမှုများ ပါဝင်နေခဲ့သည်။

ရုပ်ကြွင်းလောင်စာနှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ကဏ္ဍများသည် ဝေဖန်ပြစ်တင်မှုများနှင့် ရင်ဆိုင်ထားခဲ့ရပြီး စွပ်စွဲချက်ပေါင်း ၁၁၈ ခုနှင့် ၈၇ ခုစီတို့ဖြင့် အသီးသီး ရှိနေခဲ့သည်။ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဆိုင်ရာ တိုင်ကြားမှုများ၏ အများစုသည် ရေအားလျှပ်စစ် စီမံကိန်းများနှင့် ပတ်သက်နေသည်။

လုပ်ငန်းကဏ္ဍအားလုံးထဲတွင် နိုင်ငံများအနက် မြန်မာတွင် တရုတ်ကုမ္ပဏီများအပေါ် လူ့အခွင့်အရေးဆိုင်ရာ စွပ်စွဲမှု အများဆုံးကို မြင်တွေ့ထားခဲ့ရပြီး စွပ်စွဲမှုပေါင်း ၉၇ ခု ရှိနေခဲ့သည်။


****************************************************************

END / 251