အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
သောကြာနေ့

၂၀ ဩဂုတ် ၂၀၂၁

၁၄:၄၆:၀၃
1171388

ကြိုးပမ်းအားထုတ်မှုရှိသည့် မြန်မာ ရှီအာ သာသနာပြုဆရာ အလ္လာဟ် အမိန့်ခံယူ

မြန်မာနိုင်ငံ ရန်ကုန်မြို့တော်ရှိ မဂိုရှီအာ ဂျအ်မေမစ္စ်ဂျစ်ဒ် ၏သောကြာနမာဇ် ရှေ့ဆောင်ဆရာ တစ်ပါးဖြစ်ပြီး နှစ်ပေါင်းများစွာ ကျမ်းတော်မြတ်ကုရ်အာန် နှင့် အဲဟ်လေ့ဘိုက်(သ) (အ.စ) ဆိုင်ရာ အသိပညာ တိုးတက်ရေး အတွက် ကြိုးပမ်းအားထုတ်ခဲ့သည့် သာသနာပြု ဆရာ တစ်ပါး ဖြစ်သည့် ဟွဂ်ျဂျသွလ်အစ္စလာမ် ဝလ်မွတ်စ်လေမီးန် ရှိက်္ခ မိုဟမ္မဒ် ဘာကဲရ် အစ္စ်ဖဟန်နီ အလ္လာဟ်ဟို အရှင်မြတ် ၏ အမိန့်တော် အား သြဂုဏ်လ ၁၇ ရက်နေ့ တွင် ခံယူခဲ့ပါတယ်။


မြန်မာနိုင်ငံ ရန်ကုန်မြို့တော်ရှိ မဂိုရှီအာ ဂျအ်မေမစ္စ်ဂျစ်ဒ် ၏သောကြာနမာဇ် ရှေ့ဆောင်ဆရာ ဟွဂ်ျဂျသွလ်အစ္စလာမ် ဝလ်မွတ်စ်လေမီးန် ရှိက်္ခ မိုဟမ္မဒ် ဘာကဲရ် အစ္စ်ဖဟန်နီ အလ္လာဟ်ဟို အရှင်မြတ် ၏ အမိန့်တော် အား သြဂုဏ်လ ၁၇ ရက်နေ့ တွင် ခံယူခဲ့ပါတယ်။

မရ်ဟွန်မ်၏ ဘိုးဘွားများသည် အီရန် နိုင်ငံ အစ္စ်ဖဟန် မှ ဖြစ်ပါတယ်။ မရ်ဟွန်မ်သည် မြန်မာပြည်ဘွား မြန်မာပြည်သား တစ်ဦးဖြစ်ပြီး သာသနာ့ ပညာ သင်ယူဆည်းပူးရန် အီရန် နိုင်ငံသို့ သွားရောက်ခဲ့ပြီး ဂျအ်မေအသိုလ်မွတ်စ်သဖွာ (ဆွ) အလ်အာလေမီယဟ် မှ ကျောင်းဆင်းပြီး မိမိနိုင်ငံ သို့ ပြန်ခဲ့ပါတယ်။

မရ်ဟွန်မ် မဲဟ်မူဒီ အနေဖြင့် နိုင်ငံခြား မှ ပြန်လာပြီးနောက် ဘာသာရေး ဆိုင်ရာ သာသနာပြု နေရာ အများအပြား တွင်တာဝန် ထမ်းဆောင်ခဲ့ပါတယ်။ နှစ်ပေါင်းများစွာ အရှေ့ တောင်အာရှ တွင် ကျမ်းတော်မြတ်ကုရ်အာန် နှင့် အဲဟ်လေ့ဘိုက်(သ) (အ.စ) ဆိုင်ရာ အသိပညာ တိုးတက်ရေး အတွက် ကြိုးပမ်းခဲ့ပါတယ်။

မရ်ဟွန်မ် မဲဟ်မူဒီ သည် ပြည်မြို့ တွင် မဒဲရ်ဆာယေ ဟွဂ်ျဂျသ်သီယေ ကိုတည်ထောင်ခဲ့သူ ၊ ရန်ကုန်မြို့ ၏ သောကြာ နမာဇ် ရှေ့ဆောင် ဆရာ နှင့် မဂ်ျမယေ ဂျဟာနီအဲဟ်လေ့ဘိုက်(သ) (علیهم‌ السلام) ၏ အဖွဲ့ဝင် တစ်ဦး ဖြစ်ပါတယ်။

ဤမရ်ဟွန်မ် သည် လူမှုရေး ကိစ္စများတွင် အထူးသဖြင့် ဆင်းရဲနွမ်းပါးသူများ ၊ ချို့တဲ့သည့် မိသားစု ဝင်များ အတွက် အကျိုးဆောင် ပေးခဲ့ပါတယ်။

ဟွဂ်ျဂျသွလ်အစ္စလာမ် ဝလ်မွတ်စ်လေမီးန် ရှိက်္ခ မိုဟမ္မဒ် ဘာကဲရ် အစ္စ်ဖဟန်နီ သည် ၂၅နှစ်တာ သာသနာအတွက် ကြိုးပမ်းမှုများ အမိ မြန်မာပြည်တွင် ပြုလုပ်ရင်း သက်တော် ၆၂ နှစ်အရွယ် တွင် ရန်ကုန်မြို့ ၌ အလ္လာဟ် ဟို အရှင်မြတ် ၏ အမိန့်တော် ကို ခံယူခဲ့ပါတယ်။

မဂ်ျမယေ ဂျဟာနီအဲဟ်လေ့ဘိုက်(သ) (علیهم‌ السلام) ၏ အထွေထွေ အတွင်းရေး မှူး ဟဇရသ် အာယာသွလ္လာဟ် ရမ်တွာန်နီ မှ လည်း မရ်ဟွန်မ် အတွက် ဝမ်းနည်းကြောင်း သဝဏ်လွှာ ကို ရေးသား ထားပါတယ်။

မဂ်ျမယေ ဂျဟာနီအဲဟ်လေ့ဘိုက်(သ) (علیهم‌ السلام) ၏ အထွေထွေ အတွင်းရေး မှူး ဟဇရသ် အာယာသွလ္လာဟ် ရမ်တွာန်နီ ၏ ဝမ်းနည်းကြောင်း သဝဏ်လွှာ အား အောက်ဖော်ပြပါ လင်းခ် တွင် ဖွာရစီ (ပါရှန်း)ဘာသာဖြင့် ဖတ်ရှု နိုင်ပါတယ်။

http://fa.abna.cc/9Mk7


****************************************************************

END / 251