အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
စနေနေ့

၂၁ ဩဂုတ် ၂၀၂၁

၁၉:၁၁:၀၄
1171854

သေခြင်းတရား သည် သုံးခုသော် အမျိုးအစား များ မှ တစ်ခု မဟုတ် တစ်ခု ဖြစ်ရပေမည်

ဟဇရသ် အေမာမ် မိုဟမ္မဒ် သကီ (အ.စ) အနေဖြင့် မိမိ၏ ဘိုးတော်ဘေးတော်များ မှ တဆင့် ရီဝါယသ်တော်အား ဆင့်ပြန် တင်ပြမိန့်တော်မူသည်။ အေမာမ် အလီ (အ.စ) မှ ရီဝါယသ် တော် တစ်ခု တွင်သေခြင်းတရား သည် သုံးခုသော် အမျိုးအစား များ မှ တစ်ခု မဟုတ် တစ်ခု ဖြစ်ရပေမည်ဘက်သို့ ညွှန် ပြ ၍ မိန့်တော် မူထားပါတယ်။


 

ကျမ်းကြီး များ မှ တစ်ကျမ်း ဖြစ်သည့် ဗေဟာရွလ်အန်နဝါ ကျမ်း ပါ လာရှိမှု ကို တင်ပြပါ မည်။

 

ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

 

قال الامام العلی علیه السلام:

 

قال قیل لامیرالمُومنین صِفْ لَنَااَلْمُوْتَ؟ فَقَالَ عَلَیْهِ السَّلاَم؛ عَلٰی الخَبِیْرِ سَقَطْتُمْ هُوَاَحَدُ ثَلاثَةِ اُمُورٍ یُرَدُّ عَلَیْهِ اِمَّا بَشَارَةٌ بِنَعِیْمِ الْاَبَدِ وَاِمَّا بَشَارَةٌ بِعَذَابِ الْاَبَدِ وَاِمَّا تَحزِیْنٌ وَتَهْوِیْلٌ وَاَمْرُه مُبْهَمٌ لاَ یَذرِیْ مِنْ اَیِّ الْفِرَاقِ هُوَ فَمُوَا الِیْنَا الْمُطِیْعُ لِاَمْرِنَا فَهُوَ الْبَشَرَّ بِنَعِیْم اِلْاَبَدِ وَاَمَا عَدُوَّنَا الْمُخَالِفُ عَلَیْنَا فَهُوَ الْمُبَشَرُ بِعَذابِ الْاَبَدِ وَاَمَّا الْمُبْهَمُ اَمْرُهُ الَّذِیْ لاَ یَدْرِیْ مَاحَالُهُ فَهُوَ الْمُومِنْ مِنَ الْمُسْرِفْ عَلٰی نفسِهِ لاَ یَدْرِیْ مَایَولُ اِلَیْهِ حَالُه یَاتیهِ الْخَبَرُ مُبْهَمًا تَخُوْفاً ثُمَّ لَنْ یُسَوِّیَهُ اللّٰهُ بِهِ اَعدَائَنَا لکِنْ یُخْرِجُه مِنَ النّارِ بِشَفَاعَتِنَا فَاعَمَلُوْا وَاطِیعُوْا وَلاَتَنْکِلُوْا وَلاَ تَسْتَصْغِرُوْا عُقُوْبَةَ اللّٰهِ عَزَّوَجَلَّ فَاِنَّ مِنَ الْمُسْرِفِیْنَ مَنْ لاَ تُلْحِقُهُ شَفَاعَتُنَا اِلاَّ بَعْدَ ثَلٰثمأةِ اَلْفِ سَنَةٍ .(ج۳بحارالانوارنقلازمعانیالاخبار)

 

 

အေမာမ် အလီ (علیه السلام) မိန့်တော် မူ၏။

 

ဟဇရသ် အမီးရွလ် မိုအ်မေနီ အလီအစ်ဗ်နေအဘီ သွာလစ်ဗ် (အ.စ) ထံ တစ်ဦးတစ်ယောက်မှ သေခြင်းတရား၏ အဓိပ္ပာယ် ဖွင့်ဆိုချက် ကို မေးမြန်းလျှောက်ထားလေ၏။ မောင်လာ (အ.စ) အနေဖြင့် အဖြေပေး မိန့်ကြား လေ၏။ အသင် အနေဖြင့် အာလင်မ် နှင့် သတင်း ရှိသူထံ လာသည် ဖြစ်၏ ။ (ယခု နားထောင်ပါလေ) ၊ သုံးမျိုးသုံးစား မှ တစ်မျိုး တစ်စား ၏ အခြေအနေတွင် မနုဿ လူသား သည် သေဆုံး ပေသည်။ ထာဝရ နေအ်မသ် (ခ) ကောင်း ချီးတော်များ ၏ သတင်း ကောင်း ရရှိသည့် အခြေအနေ တွင် သေဆုံး သည်။ သို့မဟုတ် ထာဝရန် အပြစ်ဒဏ် ခံရမည်ဆိုသည့် ကတိ ပေးခြင်းကို ကြားရသည့် အခြေအနေတွင် သေဆုံး မည်။ သို့မဟုတ် အမြဲတစေ အတွက် ကြောက်စရာ လန့်စရာ တွင် ရှိနေသည့် အခြေအနေတွင် သေဆုံးရမည် ဖြစ်ပါသည်။ ၎င်း၏ အလုပ် သည် မကြိမ်းသေပြီး သံသယ အခြေအနေ တွင် နေပါသည်။ ပြီးနောက် မည်သည့် အမျိုးအစား ဖြင့် သေဆုံးရမည်ာဆိုသည်ကို မသိရှိချေ။ သို့ဖြစ်၍ သိထား သင့်ပါသည်။ ကျွန်ုပ် နှစ်သက်သူသည် ကျွန်ုပ်တို့၏ အမိန့် များကို လိုက်နာ ကျင့်သုံးသူ ဖြစ်ပါသည်။၎င်းသည် အပြစ် လုပ်သူ မဟုတ်ချေ။ ၎င်းအတွက် ထာဝရ နေအ်မသ် (ခ) ကောင်းချီးတော်များ ၏ သတင်းကောင်းကို ပေးရပါသည်။ သို့သော် ကျွန်ုပ်တို့ကို မကောင်းလိုလားသူ (မကောင်းမြင်သူ) ကျွန်ုပ်တို့ အားဆန့်ကျင် သူသည် ထာဝရ အပြစ်ဒဏ်တွင် ခံရမည် ဖြစ်ပါသည်။ သို့သော် မကြိမ်းသေသည့် အခြေအနေ တွင်ရှိသူမှာ၎င်း၏ အဆုံးသတ် ဘာဖြစ်မည် ဆိုတာ ကို မသိ ရှိပေ။ ၎င်းသည် မိမိ၏ နဖ်စ် (စိတ်) အပေါ် ညဉ်းပန်း နှိပ်စက်သူ ၊ဖြန်းတီးသူ မိုအ်မင် ဖြစ်ပါသည်။ ဆိုလိုသည်မှာ ဂိုနာဂါ အပြစ် ရှိသူ ဖြစ်ပါသည်။ ၎င်း၏ သေခြင်းတရား သည် အကြောက် တရား နှင့်အလန့် တရား အခြေအနေတွင် နှင့် မရေးရာ ၊ မသေချာသည့် အခြေအနေတွင် ဖြစ်ပါသည်။ ထိုပြင် အလ္လာဟ် ဟိုအရှင်မြတ် အနေဖြင့် ၎င်းနှင့် ကျွန်ုပ်တို့၏ ရန်သူကိုတန်းတူညီမျှ ကြည့်တော်မူမည် မဟုတ်ပါ။ တစ်နည်း အား ဖြင့် ကျွန်ုပ်၏ ရှဖာအသ် (အသနားခံပေးမှု) ကြောင့် ၎င်းသည်း ဂျဟန္နမ် (ခ) ငရဲဘုံမျှ ထုတ်ခေါ်ခြင်းခံရပေမည်။

 

သို့ဖြစ်၍ (ကျွန်ုပ် နှစ်သက်သူ) လိုက်နာ ကျင့်သုံးပါ။ အလ္လာဟ် ဟိုအရှင်မြတ် ၏ ဥပဒေများ အပေါ် လိုက်နာ ကျင့်သုံးပါ။ အလ္လာဟ် ဟို အရှင်မြတ် ၏ အပြစ်ဒဏ် ကို အသေးအမွှား နှင့် ဘာမျှမဟုတ်ပါ ဟု၍ မထွက်လိုက်ပါနှင့်။ ထိုပြင် မုချ ဧကန် ကျွန်ုပ်တို့၏ ရှဖာအသ် (ခ) အသနား ခံပေး မှုကို မရရှိမည့် အပြစ်ရှိသူ အချို့   လည်း ရှိပါသည်။နှစ်ပေါင်း ၃သိန်း ကျော် ပြီးမှ ကျွန်ုပ်တို့၏ ရှဖာအသ် (ခ) အသနား ခံပေးမှုကို ရရှိပေ မည်။

 

 

ကျမ်းကိုး ။ ဗေဟာရွလ်အန်နဝါ ကျမ်း အတွဲ ၃

****************************************************************

END / 251