အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
စနေနေ့

၂၁ ဩဂုတ် ၂၀၂၁

၁၉:၁၄:၀၁
1171855

မရ်ဟွန်မ် H.I ရှိက်္ခ မိုဟမ္မဒ် ဘာကဲရ် အစ္စ်ဖဟန်နီ အတွက် မဂ်ျမယေ ဂျဟာနီအဲဟ်လေ့ဘိုက်(သ) (علیهم‌ السلام) ၏ အထွေထွေ အတွင်း ရေး မှူး ၏ ဝမ်းနည်းကြောင်း သဝဏ်လွှာ

မဂ်ျမယေ ဂျဟာနီအဲဟ်လေ့ဘိုက်(သ) (علیهم‌ السلام) ၏ အထွေထွေ အတွင်းရေး မှူး အာယာ သွလ္လာဟ် ရေဇာ ရမ်တွာန်နီ မှ အလ္လာဟ်အမိန့်ခံယူသွား သည့် မြန်မာ နိုင်ငံသား မရ်ဟွန်မ် H.I ရှိက်္ခ မိုဟမ္မဒ် ဘာကဲရ် အစ္စ်ဖဟန်နီ အတွက် ဝမ်းနည်းကြောင်း သဝဏ်လွှာ ကို ရေးသား ခဲ့ပါတယ်။


မဂ်ျမယေ ဂျဟာနီအဲဟ်လေ့ဘိုက်(သ) (علیهم‌ السلام) ၏ အထွေထွေ အတွင်းရေး မှူး အာယာ သွလ္လာဟ် ရေဇာ ရမ်တွာန်နီ မှ အလ္လာဟ်အမိန့်ခံယူသွား သည့် မြန်မာနိုင်ငံ ရန်ကုန်မြို့တော်ရှိ မဂိုရှီအာ ဂျအ်မေမစ္စ်ဂျစ်ဒ် ၏ သောကြာနမာဇ် ရှေ့ဆောင်ဆရာ တစ်ပါးဖြစ်ပြီး နှစ်ပေါင်းများစွာ ကျမ်းတော်မြတ်ကုရ်အာန် နှင့် အဲဟ်လေ့ဘိုက်(သ) (အ.စ) ဆိုင်ရာ အသိပညာ တိုးတက်ရေး အတွက် ကြိုးပမ်းအားထုတ်ခဲ့သည့် သာသနာပြု ဆရာ တစ်ပါး ဖြစ်သည့် H.I ရှိက်္ခ မိုဟမ္မဒ် ဘာကဲရ် အစ္စ်ဖဟန်နီ အတွက် ဝမ်းနည်းကြောင်း သဝဏ်လွှာ ကို ရေးသား ခဲ့ပါတယ်။

ဝမ်းနည်းကြောင်း သဝဏ်လွှာ ၏ မူရင်းစာသား များ ၏ အဓိပ္ပာယ် မှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။

بسم الله الرحمن الرحیمإنا لله و إنا إلیه راجعون

မြန်မာနိုင်ငံ ရန်ကုန်မြို့တော်ရှိ မဂိုရှီအာ ဂျအ်မေမစ္စ်ဂျစ်ဒ် ၏ သောကြာနမာဇ် ရှေ့ဆောင်ဆရာ တစ်ပါးဖြစ်ပြီး နှစ်ပေါင်းများစွာ ကျမ်းတော်မြတ်ကုရ်အာန် နှင့် အဲဟ်လေ့ဘိုက်(သ) (အ.စ) ဆိုင်ရာ အသိပညာ တိုးတက်ရေး အတွက် ကြိုးပမ်းအားထုတ်ခဲ့သည့် သာသနာပြု ဆရာ တစ်ပါး ဖြစ်သည့် ပညာတတ် ဟွဂ်ျဂျသွလ်အစ္စလာမ် ဝလ်မွတ်စ်လေမီးန် ရှိက်္ခ မိုဟမ္မဒ် ဘာကဲရ် အစ္စ်ဖဟန်နီ အလ္လာဟ်ဟို အရှင်မြတ် ၏ အမိန့်တော် ခံယူသွားသည် သတင်းကြား ရပြီးနောက် ဝမ်းနည်းကြေကွဲခဲ့ ရပါတယ်။

မရ်ဟွန်မ် အနေဖြင့် မြန်မာနိုင်ငံ တွင် မဇ်ဟဗ်ဗေ အဲလေ့ဘိုက်(သ) (علیهم‌ السلام) (ခ) ရှီအာ အေမာမ် မီယာ တိုးတက် ဖွံ့ဖြိုး ရန် အတွက် ကျက်သရေမင်္ဂလာရှိသည့် ဘဝ တစ်ခုလုံးကို အသုံးချခဲ့ ပါသည်။ အမြဲတစေ ကြိုးပမ်းအားထုတ်ခဲ့ပြီး အပင်ပန်းခံခဲ့ပါသည်။ အစ္စလာမ် သာသနာတော် အား သာသနာပြုရာတွင် လည်းကောင်း ဖြန့်ဝေ မှု ပြုရာတွင်လည်းကောင်း မရှိဆင်းရဲသား မိသားစု များ နှင့်ချို့တဲ့သည့် မိသားစု များ ကို အထူးသဖြင့် လမြတ် ရမ်တွာန်လတွင် ကူညီ ပေးမှု တွင်လည်းကောင်း အများ အပြားကြိုးပမ်းခဲ့ပါသည်။

ကျွန်ုပ်ဘက်မှ ဤ ဝမ်းနည်းကြေကွဲမှု အတွက် မြန်မာ နိုင်ငံ ရှိ မွတ်စလင်မ်များ အားလုံး နှင့် မဇ်ဟဗ်ဗေ အဲလေ့ဘိုက်(သ) (علیهم‌ السلام) နောက်လိုက်နောက်သားများ (ခ)ရှီအာအေမာမ်မီယာ များ အားလုံး အထူးသဖြင့် မရဟွန်မ် ၏ ဇနီးသည်၊ သားသမီးများ ၊တပည့်များ နှင့် ၎င်း ကို ချစ်ခင်မြတ်နိုး သူများ အားလုံး ကို ဝမ်းနည်းကြေကွဲ ရကြောင်း ပြောကြားအပ်ပါသည်။ မရ်ဟွန်မ်မဂ်ဖူးရ် အတွက် အဆင့်အတန်းမြင့်များ ရန် အလ္လာဟ်အချစ်တော့ အောင်လီယာ များ နှင့်အတူ မဲဟ်ရှရ် တွင်ပြန်လည် ရှင် သန် ထမြောက်ရန် (ကျန်ရစ်သူ) မိသားစုဝင်များ အတွက် သည်းခံတရား နှင့် စဝါးဗ် ရရှိရန် အနန္တ တန်ခိုးရှင် အလ္လာဟ်ဟို အရှင်မြတ် ထံ တောင်းဆု ဒိုအာပြုလိုက်ပါသည်။

 

ရေဇာ ရမ်တွာန်နီ

မဂ်ျမယေ ဂျဟာနီအဲဟ်လေ့ဘိုက်(သ) (علیهم‌ السلام) ၏ အထွေထွေ အတွင်းရေး မှူး

မဟော်ရမ်လ ၉ရက် ဟီဂျရီ ၁၄၄၃ခုနှစ်

************************************************************

END /251