အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္ဂနွေနေ့

၂၂ ဩဂုတ် ၂၀၂၁

၁၉:၂၇:၁၉
1172149

နမာဇ်အား ပေါ့ပေါ့တန်တန် သဘောထားသူများ အတွက် ရှဖာအသ် မရှိချေ

နမာဇ်အား ဂရုမစိုက်ခြင်း၊ ပေါ့ပေါ့တန်တန် သဘော ထားခြင်း သည် ဂိုနာယေကဘီးရဟ် (ခ) ကြီးလေးသည့် အပြစ်များ စာရင်းဝင်ပါသည်။ အချို့ ရီဝါယသ်များတွင် ထင်ထင် ရှားရှား လာရှိပါသည်။ နမာဇ်အား ပေါ့ပေါ့တန်တန် သဘော ထားသူ ၊ အလေးမထားသူသည် ရှဖာအသ် ရရှိမည် မဟုတ်ဟု လာရှိပေသည်။ ဤအတွေက်ကြောင့် အေမာမ် ဂျအ်ဖရ် ဆွာဒစ် (အ.စ) မိန့်တော်မူသည်။


 

နမာဇ်အား ဂရုမစိုက်ခြင်း၊ ပေါ့ပေါ့တန်တန် သဘော ထားခြင်း သည် ဂိုနာယေကဘီးရဟ် (ခ) ကြီးလေးသည့် အပြစ်များ စာရင်းဝင်ပါသည်။ အချို့ ရီဝါယသ်များတွင် ထင်ထင် ရှားရှား လာရှိပါသည်။ နမာဇ်အား ပေါ့ပေါ့တန်တန် သဘော ထားသူ ၊ အလေးမထားသူသည် ရှဖာအသ် ရရှိမည် မဟုတ်ဟု လာရှိပေသည်။ ဤအတွေက်ကြောင့် အေမာမ် ဂျအ်ဖရ် ဆွာဒစ် (အ.စ) မိန့်တော်မူသည်။

 

لاَ تَنَالُ شَفَاعَتُنَا مَنْ اِسْتَخَفَّ بِصَلَا تِه . (بحارالانوار ج ۸۳ ص ۲۲۷ )

 

ကျွန်ုပ်တို့၏ ရှဖာအသ် သည် ၎င်းတို့ကို ရရှိမည် မဟုတ်ချေ။ ၎င်းတို့ သည် နမာဇ်အား ပေါ့ပေါ့တန်တန် သဘောထား ၊ အလေး မထားကြသူများ ဖြစ်ပါသည်။

 

မဟာတမန်တော်မြတ် ကြီး မိုဟမ္မဒ် (ဆွ) မှ ဆင့်ဆိုချက် လာရှိ ပါ သည်။ မိန့်တော်မူသည်။

 

"لَیْسَ مِنِّیْ مَنْ اِسْتَخَفَّ بِالصَّلوٰةِ لاَیَرِدُ عَلَیَّ الحَوْضَ لاَوَاللّٰهِ" (بحارالانوار ج ۸۲ ص ۲۲۴)

 

အကြင် မည်သူမဆို နမာဇ်အား ပေါ့ပေါ့တန်တန် သဘော ထားမည် ဆိုလျင် ၎င်းသည် ကျွန်ုပ်မှ မဟုတ်ချေ။ အလ္လာဟ် ဟိုအရှင်မြတ် ၏ ကစမ် ၎င်းသည် ကျွန်ုပ်တို့ မှ မဟုတ်ချေ။ အလ္လာဟ် ဟိုအရှင်မြတ် ၏ ကစမ် ၎င်းသည် ကောင်စဲ ရေကန်တော် သို့ ဝင်ရောက် ရမည်မဟုတ်ချေ။ ကျွန်ုပ်အနီး သို့ ရောက်မည် မဟုတ်ချေ။

 

          ဤဟဒီးစ်တော်အရ ထင်ရှားပွင့်လင်း သည့် အချက် မှာ ဂိုနာ (ခ) အပြစ်များကို မရှောင်ကြဉ် ခြင်း နှင့် ဂိုနာ(ခ) အပြစ်များ တွင် သတ္တိရှိရှိ နှစ်မွန်း နေခြင်း နှင့် ရှာဖာအသ် ၏မျှော်လင့်ချက် ဖြင့် သောင်ဗာ ပြုရာတွင် အချိန် ဆွဲနေခြင်း၊ အချိန် နောက်ကျ အောင်လုပ်ခြင်း တို့သည် ဂျဟ်လ် (ပညာမဲခြင်း)နှင့် မာန်မန ထောင့်လွှား ခြင်းဖြစ် ပါ သည်။