အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
သောကြာနေ့

၈ အောက်တိုဘာ ၂၀၂၁

၂၀:၂၅:၄၉
1186923

အာယာသွလ္လာဟ် ရှဟီးဒ် ဒက်စ်သဂိုင်ဗ် ရှီးရာဇီး ၏ ဂိုနာဟာရေ ကဘီရာ စာအုပ်မှ အချို့ ကောက်နုတ်ချက်များ အပိုင်း (၁)

အာယာသွလ္လာဟ် ရှဟီးဒ် ဒက်စ်သဂိုင်ဗ် ရှီးရာဇီး ၏ ဂိုနာဟာရေ ကဘီရာ စာအုပ်မှ အချို့ ကောက်နုတ်ချက်များ အပိုင်း (၁) အား တင်ပြလိုက်ပါတယ်။


 

အပြစ် အမြောက်အများ သည် အီမာန် အားပျက်စီးစေပြီး နှလုံးသား ကို မဲညစ် စေပါသည်

 

ရှဖာအသ် (ခ) အလ္လာဟ်ဟိုအရှင်မြတ် ထံ အသံနားခံ လျှောက်ထား ပေးမှု နှင့်ပတ်သက်ပြီး တင်ပြမှု များသည် အကြင် မည်သူ မဆို အီမာန်ရှင် အဖြစ် ကွယ်လွန်သေဆုံး သွား မှသာလျင် အလုပ်ဖြစ်ပေသည်။ တစ်ခါတစ်လေ ဂိုနာ အပြစ်များ တွင် အမြောက်အများ ကျူးလွန်ခြင်း နှင့် သောင်ဗာ ပြုရာတွင် အချိန် ဆွဲ ခြင်း ဖြင့် အီမာန် ၏နူး၇် သည် နှလုံးသား မှ ထွက်သွားပေသည်။ ပြီးနောက် ၎င်းသည် သံသယ ဖြစ်သည် အခြေအနေသို့ ရောက်သွားပြီး ငြင်းပယ် သည့် အထိ ရောက်ရှိသွားတတ်ပါသည်။ပြီး ၎င်းအခြေ အနေဖြင့် ကွယ်လွန်သွားရပေသည်။ ပမာအားဖြင့် အဆိပ်စား ပြီး ဒေါက်တာ မရောက်လာခင် သေဆုံး သွားပြီး ဒေါက်တာ ၏ ကုသမှုကို မရလိုက်သည့် သူ ကဲ့သို့ ဖြစ် ပါသည်။ ထိုနည်းတူ စွာ ရှဖာအသ် ပြုလုပ်ပေးသူ၏ ရှဖာအသ် သည် ၎င်းအတွက် အကျိုး မရှိချေ။

 

فَمَاتَنْفَعُهُمْ شَفَاعَةُ الشَّافِعِیْنِ .(سورہ ۷۴۔آیت۴۹)

ကျနော် အနေဖြင့် ဤ ဖော်ပြပါ အချက်ကို သက်သေထူရန် အတွက် အာယသ်တော် တစ်ပါးနှင့် ရီဝါယသ် ၂ခု ကို တင်ပြလျင်လုံလောက်ပါမည်။ ဤအတွက်ကြောင့် စူရဟ်ရူမ် အာယသ်တော် အမှတ် ၁၀ တွင် အလ္လာဟ် ဟို အရှင်မြတ် မိန့်တော် မူသည်။

ثُمَّ کانَ عَاقِبَةُ الَّذیْنَ اَسَاوا السُّوٰٓیْ اَنْ کَذَّبُوْا بِٰآیٰاتِ اللّٰهِ وَکَانُوْا بِهَایَسْتَهْزِون .

 

ပြီးနောက် ၎င်းသူတို့သည် မကောင်း မှု ကို လုပ်ခဲ့ကြ သည်။ ၎င်းတို့ ၏ အဆုံးသတ် မှာ မကောင်း ဖြစ်ပါသည်။ အကြောင်း မှာ ၎င်းတို့သည် အလ္လာဟ် ဟိုအရှင်မြတ် ၏ အာယသ်တော် များ (ခ) လက္ခဏာတော်များ ကို ငြင်းပယ်ခဲ့ကြပါသည်။ ၎င်းအား လှောင်ပြောင်ခဲ့ကြပါသည်။

 

အပြစ်ဂိုနာသည် နှလုံးသား ကို မဲညစ်စေပါသည်

 

ပထမဟဒီးစ်တော်။ ။ ဟဇရသ် အေမာမ် မိုဟမ္မဒ် ဘာကဲရ် (အ.စ) မိန့်တော်မူ၏။

 

مَا مِنْ عَبْدٍ اِلاَّ وَفِیْ قَلْبِهِ نُکْتَةٌ بَیْضَاءٌ فَاِذا اَذْنَبَ ذَنْباًخَرَجَ مِن نُکتِهِ نُکْتَةٌ سَوْدٰٓاءٌ فَاِذَاتَابَ ذَهَبَ ذٰلِکَ السَّوٰادُ وَاِنْ تَمَادیٰ فِی الذُّنُوْبِ زَادَذٰلکَ السَّوَادُ حَتٰی یغَطْیِ البَیَاضَ فَاِذَا غَطٰی البَیَاضُ لَمْ یَرْجِعْ صَاحِبُهُ اِلٰی الْخَیرِ اَبَداً وَهُوَ قَوْلُهُ تَعَالٰی کَلاَّبَلْ رَانَ عَلٰی قُلُوْبِهِمْ مَاکانْوا یَکْسِبُوْنَ(کتاب کافیج ۲ ص ۲۰۹ باب الذنوب ج ۲۰)

 

မည်သည့် အလ္လာဟ်ဟိုအရှင်မြတ် ၏ အဖန်ဆင်းခံ မဆို၏ နှလုံးသားတွင် အဖြူရောင် အစက် တစ်စက် ရှိပါသည်။ ဂိုနာ အပြစ် ပြုလုပ်သည့်အခါ ၎င်း အဖြူစက်မှ အမဲ စက် ထွက်လာပါသည်။ အကယ်၍ သောင်ဗာ ပြုလုပ် လျင် ၎င်း အမဲစက် ပျောက်သွားပါသည်။ အကယ်၍ ၎င်းအနေဖြင့် ဂိုနာ အပြစ် များတွင် နစ်မွန်းပြီး ဆက်တိုက် ကျူးလွန် နေမည်ဆို လျင် နှလုံးသား၏ အမဲစက်သည် ပြန့် ၍ ပြန့် ၍ကြီး လာပေမည်။ နှလုံးသားရှိ အဖြူရောင် တစ်ခုလုံးအား ဖုံးအုပ် သွား ပေမည်။ အဖြူရောင် အစက် ကို အပြည့်အဝ အမဲ ရောင် ဖုံးအုပ် သွား သည့် အခါ ၎င်းနှလုံးသား၏ ပိုင်ရှင် သည် ကောင်းမှု ဘက်သို့ လှည့်တော့ မည် မဟုတ်ချေ။ဤ ရီဝါ ယသ်တော်သည် အလ္လာဟ်ဟို အရှင်မြတ် ၏ အမိန့်တော် နှင့် အညီ ဖြစ်ပါ သည်။ ဤကဲ့သို့ မိန့်တော် မူထားပါသည်။ ဤကဲ့ သို့မဟုတ်ချေ။ တစ်နည်း အား ဖြင့် မည်သူမဆို မကောင်း သည့် အလုပ်များ ကို လုပ်မည်ဆိုလျင် ၎င်းတို့၏ နှလုံးသား များသည် သံချေး တက် မည်ဖြစ် ပေသည်။

 

မဲညစ်နေသည့် နှလုံးသားအပေါ် တရားစကား နှင့် ဆုံးမ သြဝါဒစကား ၏ အာနိသင် မဖြစ်တော့ချေ

قال ع من هم بسیٔة فلا یعملها فانه ربما عمل العبد السیئة فراه الرب تبارک تعالی فیقول تعالی و عزتی و جلالی لا اغفرلك بعد ذلك أبداً . ( کتاب کافی ج ۲ ص ۲۰۹ )

 

ဆိုလိုသည်မှာ ၎င်းသူတို့၏ နှလုံးသား သည် ဂိုနာအပြစ် ဒုစရိုက်များ ကြောင့်သံချေးတက်ပြီး မဲမှောင်သွား ချေသည်။ စစ်မှန်သည့်မျက်လုံး (နှလုံးသား မျက်လုံး) ကိုတော့ မပိုင်ဆိုင် တော့ ဘဲ အမှန်တရား ၏ မျက်နှာ ကို မကြည့်နိုင်တော့ချေ။ အမှန်တရားကို သိရှိနိုင် စွမ်းမရှိ တော့ပေ။ဆုံးမသြဝါဒ စကား ကို လက်မခံတော့ချေ။ ကောင်းတာ နှင့်ကောင်းသည့်လမ်းကို မမြင်တောပေ။ ဤ အတွက် ကြောင့် အေမာမ် ဂျအ်ဖရ်ဆွာဒစ် (အ.စ) မိန့်ကြား တော် မူပါသည်။

 

အကြင် မည်သူမဆို ဂိုနာ အပြစ် တစ်ခုခု ပြုလုပ်ရန် ဆန္ဒပြုမည်။ သို့သော် တမင်တကာ မလုပ်မည်။ တစ်ခါ တစ်ရံ (အလ္လာဟ် ဟိုအရှင်မြတ် ၏) အဖန်ဆင်းခံ အနေဖြင့် ဂိုနာ အပြစ် ကို ကျူးလွန်ပါသည်။ ပြီးနောက် အလ္လာဟ်ဟို အရှင် မြတ် သခင် ၎င်းကို ကြည့်နေတော်မူ၏ ပြီးနောက် မိန့်တော် မူပါသည်။ ငါအရှင်မြတ် ၏ ဂုဏ်သိက္ခာ ၏ ကစမ် ဤ နောက် ပိုင်း အသင်အား လုံး ဝ ခွင့်လွတ် ပလပ်မည် မဟုတ် ချေ။

 

တစ်နည်း အားဖြင့်ပြောရလျင် ၎င်းဂိုနာ အပြစ် ကြောင့် အလ္လာဟ် ဟို အရှင်မြတ် ၏ ကျေးဇူး တော်များ ကြင်နာမှု များ မှ ရရှိမည်မဟုတ်ချေ။ ပြီးနောက်၎င်း သည် သောင်ဗာ (ခ)ဝန်းချတောင်းပန်ခွင့် စွမ်းအားလည်း ရရှိမည် မဟုတ်ချေ။ ရလာဒ်မှာ ခွင့်လွတ်ခံရသူ ဖြစ်မည်မဟုတ်ချေ။

 

အလာမာ မဂ်ျလေစီ (ရ.ဟ) အနေဖြင့် ဤဟဒီးစ် တော် ၏ အကျယ်ဖွင့်ဆိုချက်တွင် မိန့်တော်မူသည်။ အေမာမ် (အ.စ) ၏ ဟဒီးစ် တော်၏ ဆိုလိုချက်မှာ အေမာမ် (အ.စ) အနေဖြင့် ဂိုနာ အပြစ်များ အားလုံး ကို ကြောက်ရန် အမိန့် ပေးထားခြင်း ဖြစ်ပါသည်။ အကြောင်းမှာ ဂိုနာ အပြစ်တိုင်း သည် အလ္လာဟ် ဟို အရှင်မြတ် သခင် ခွင့်မလွတ်နိုင်သည့် ဂိုနာ အပြစ် ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။

 

 

အတိတ်မှ ဂိုနာအပြစ်များ ကိုကြောက်ရန်

 

အီမာန်ရှင်များ အနေဖြင့် မိမိတို့၏ အတိတ်က အပြစ်ဂိုနာ များ နှင့်ပတ်သက်ပြီး ကြောက်နေ၊ငိုနေ၍ နေသင့် ပါသည်။ အကြောင်းမှာ မည်သည့် ဂိုနာ အပြစ်သည် ကျွန်ုပ် တို့ အတွက် အရှက်ရစေမည့်ဂိုနာ အပြစ်ဖြစ် မည်ဆို သည် ကိုကြိမ်းသေပေါက် မသိရှိသည့်အတွက်ကြောင့် ဖြစ်ပါ သည်။ အကြောင်းမှာ အေမာမ် (အ.စ) အနေဖြင့် မည်သည့် ဂိုနာ အပြစ်ဒုစရိုက်သည် အလ္လာဟ် ဟို အရှင်မြတ် ၏ အမြင်တွင် အရှက် ရစေပြီး အလ္လာဟ်ဟို အရှင်မြတ် ခွင့်မလွတ်သည့်ဂိုနာ အပြစ်ဖြစ်ကြောင့် မသတ်မှတ်ထားသည့် အတွက်ကြောင့် ဖြစ်ပါသည်။ သို့သော် ဤကဲ့သို့သော် အပြစ်ဂိုနာ ဒုစရိုက် ကို သိရန် တစ်ခုတည်းသော် လမ်းမှာ ၎င်းဂိုနာ အပြစ် ဒုစရိုက် ကို ကျူးလွန်ပြီးနောက် သောင်ဗာ မပြုမည် ပြီးနောက် နောင်တ မရမည် ဆိုလျင် ၎င်းအပြစ် ဂိုနာ သည် ကျွန်ုပ်တို့အား အလ္လာဟ်ဟို အရှင်မြတ် ၏ ခွင့်လွတ် သနား တော်မူ ကို မရစေသည့် အကြောင်းခံ ဖြစ်ပေမည်။ ဤ အတွက်ကြောင့် အလ္လာဟ်ဟို အရှင်မြတ် ၏ ထံတော် တွင် ငိုကြွေး တောင်းဆိုပြီး သောင်ဗာ(ခ) ဝန်ကျတောင်းပန် မှုဆိုသည့် တံခါးပေါက်မှ ဝင်ရောက် ရပါမည်။ အထူးသဖြင့် ကျွန်ုပ် သတိရနေသည့် ဂိုနာအပြစ် များကို ယေဘုယျ အားဖြင့် မေ့လျော့ သွားသည့် ဂိုနာ အပြစ် ဒုစရိုက်များ အတွက် သောင်ဗာ ပြု၍ အစားပြန်ဆပ်နိုင်အောင် ပြုရပါမည်။ သောင်ဗာ (ခ) ဝန်ချ တောင်းပန် ရမည့် နည်းလမ်း ကို နောက်ပိုင်း တွင် တင်ပြပါမည်။

အင်န်ရှာအလ္လာဟ်


####################################################
END / 251