အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
အင်္ဂါနေ့

၂၆ အောက်တိုဘာ ၂၀၂၁

၂၀:၁၉:၀၁
1192605

မဟာတမန်တော်မြတ် မိုဟမ္မဒ် (ဆွ) ၏ အမြင်အရ ရှီအာ အစစ်ဆိုသည်မှာ

မဟာတမန်တော်မြတ်ကြီး မိုဟမ္မဒ် (ဆွ) မှ ရီဝါယသ်တော် တစ်ခု တွင် မဟာတမန်တော်မြတ် မိုဟမ္မဒ် (ဆွ) ၏ အမြင်အရ ရှီအာ အစစ်ဆိုသည်မှာဘက်သို့ ညွှန် ပြ၍ မိန့်တော် မူထားပါတယ်။

 


 

ရီဝါယသ် ၏ ကျမ်း များ မှ တစ်ကျမ်း ဖြစ်သည့် ဗေဟာရွလ်အန်နဝါရ် ကျမ်းလာရှိမှု ကို တင်ပြပါ မည်။

 

ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

قال رسول اللہ صلی الله علیه و آله و سلم :

إذا إنَّ شِیعَتَنا مَن شَیَّعَنا وَاتَّبَعَ آثارَنا وَ اقتَدی بِأعمالِنا.

 

မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မိန့်တော် မူ၏။

 ကျွန်ုပ်တို့၏ ရှီအာ ဆိုသည်မှာ ထိုသူများ ဖြစ်ကြပါသည်။ ၎င်းတို့သည် ကျွန်ုပ်တို့၏ နောက်လိုက်သူများ ကျွန်ုပ်တို့၏ ခြေလှမ်း အတိုင်း လှမ်းသူများ ကျွန်ုပ်၏ လုပ်ရပ်များ နှင့် ကိုယ်ကျင့်တရား များ အတိုင်း ဆောင်ရွက်သူ များ ဖြစ်ပါသည်။

ကျမ်းကိုး ။ဗေဟာရွလ်အန်နဝါရ်ကျမ်း အတွဲ ၆၈ ၊ စာမျက်နှာ ၁၅၄