အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
သောကြာနေ့

၂၉ အောက်တိုဘာ ၂၀၂၁

၂၀:၁၉:၁၉
1193400

အဲဟ်လေ့ဘိုက်(သ) (အ.စ) တွင် ပထမဆုံး ကိုယ်တော်မြတ် (ဆွ) နှင့် တွေ့ရ မည့် သူ

မဟာတမန်တော်မြတ်ကြီး မိုဟမ္မဒ် (ဆွ) မှ ရီဝါယသ်တော် တစ်ခု တွင် အဲဟ်လေ့ဘိုက်(သ) (အ.စ) တွင် ပထမဆုံး ကိုယ်တော်မြတ် (ဆွ) နှင့် တွေ့ရ မည့် သူ ဆိုသည်မှာ ဘက်သို့ ညွှန် ပြ၍ မိန့်တော် မူထားပါတယ်။


 

ရီဝါယသ် ၏ ကျမ်း များ မှ တစ်ကျမ်း ဖြစ်သည့် အလ်အမာလီဆဒူးက် ကျမ်းလာရှိမှု ကို တင်ပြပါ မည်။

 

ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

قال رسول اللہ صلی الله علیه و آله و سلم :

إنَّ فاطِمةَ بَضعَةٌ مِنّي و هِىَ نورُ عَيني و ثَمَرَةُ فُؤادي ؛ يَسوؤُني ما ساءَها و يَسُرُّني ما سَرَّها و إنَّها أوَّلُ مَن يَلحَقُني مِن أهلِ بَيتي.

 

မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မိန့်တော် မူ၏။

ဧကန်စင်စစ် ဖွာတွေမာ (စ.အ) သည် ကျွန်ုပ် ခနာကိုယ်၏ အစိတ်အပိုင်း ဖြစ်ပါသည်။ ပြီးနောက် သူမသည် ကျွန်ုပ်မျက်စိ ၏ အလင်းရောင် ဖြစ်ပေသည်။ ပြီးနောက် ကျွန်ုပ် ၏ နှလုံး သည်းပွတ် ဖြစ်ပါ သည်။ အကြင်မည်သူမဆို သူမ အား စိတ်ဆိုးအောင်ပြုခြင်းသည် ကျွန်ုပ်အား စိတ်ဆိုး အောင်ပြုခြင်း မည်ပေသည်။ အကြင်မည်သူမဆို သူမ အား ပျော်ရွှင် အောင်ပြုခြင်းသည် ကျွန်ုပ်အား ပျော်ရွှင် အောင်ပြုခြင်း ဖြစ်ပေသည်။ သူမသည် ပထမဦးဆုံး ကျွန်ုပ်၏ အဲဟ်လေ့ဘိုက် (သ) (အ.စ) တွင် ကျွန်ုပ်ထံ ရောက်ရှိမည့်သူဖြစ်ပါသည်။ (ကျွန်ုပ်ကွယ်လွန်ပြီးနောက် ကျွန်ုပ်၏ အဲဟ်လေ့ဘိုက် (သ) (အ.စ) တွင် ပထမဦးဆုံး ကွယ်လွန်မည့်သူဖြစ်ပါ၏။)

 

ကျမ်းကိုး ။အလ်အမာလီဆဒူးက် ကျမ်းစာမျက်နှာ ၅၇၅

##################################

END / 251