အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္လာနေ့

၁ နိုဝင်ဘာ ၂၀၂၁

၂၀:၂၆:၅၆
1194503

လူငယ် လူရွယ်များ အတွက် အကောင်းတကာ အကောင်းဆုံး သွန်သင်နည်း

အမီးရွလ်မိုအ်မေနီ အေမာမ် အလီ (အ.စ) မှ ရီဝါယသ်တော် တစ်ခု တွင် လူငယ်လူရွယ်များ အတွက် အကောင်းတကာ အကောင်းဆုံး သွန်သင်နည်း ဘက်သို့ ညွှန် ပြ၍ မိန့်တော် မူထားပါတယ်။


ရီဝါယသ် ၏ ကျမ်း များ မှ တစ်ကျမ်း ဖြစ်သည့် ဗေဟာရွလ်အန်နဝါရ် ကျမ်း လာရှိမှု ကို တင်ပြပါ မည်။

ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

قال الامیر المومنین علیه السلام:

إذا عاتَبتَ الحَدَثَ فَاترُك لَهُ مَوضِعا مِن ذَنبِهِ لِئلاّ يَحمِلَهُ الإخراجُ عَنِ المُكابَرَةِ.

 

အမီးရွလ်မိုအ်မေနီ အေမာမ် အလီ (အ.စ) မိန့်တော်မူသည်။

အသင်အနေဖြင့် လူငယ် လူရွယ် တစ်ဦးတစ်ယောက် ကို ပြစ်တင် ဆုံးမသည့်အခါတိုင်း ၎င်းအပြစ်အတွက် ဝင်ချတောင်းပန်ခွင့် ပြုရန်အတွက် အခွင့်အရေး ပေးပါလေ။ ထိုမှသာ ဝင်ချ တောင်းပန် ခွင့် အခွင့်အရေး မရ၍ ပုန်ကန် ခြင်း မပြုရန် အတွက် ဖြစ်ပါတယ်။

ကျမ်းကိုး ။ ဗေဟာရွလ်အန်နဝါရ် ကျမ်း ၊ အတွဲ ၂၀ ၊ စာမျက်နှာ ၃၃၃

##################################

END / 251