အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
အင်္ဂါနေ့

၂ နိုဝင်ဘာ ၂၀၂၁

၂၀:၂၁:၄၃
1194829

အင်္ဂလန် သည် ပြဿနာ မီးတောက်အောင် ကြိုးစားနေပါတယ် / အာယာသွလ္လာဟ် ရမ်တွာန်နီ

မဂ်ျမယေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ) အထွေ ထွေ အတွင်းရေးမှူး ဟဇရသ် အာယာသွလ္လာဟ် ရေဇာ ရမ်တွာန်နီ မှပြောကြားပါတယ်။ (( ကံမကောင်းစွာဖြင့် အင်္ဂလန် သည် ယခင် ကထက် ပို၍ ရှီအာ အစွန်းရောက် များ နှင့် စွန်နီ အစွန်းရောက်များ ကို ထုတ်ဖော်ပြပြီး ပြဿနာ မီး ပဋိပက္ခ မီး တောက် အောင် ကြိုးပမ်းနေပါတယ်။ ))


မဂ်ျမယေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ) အထွေ ထွေ အတွင်းရေးမှူး ဟဇရသ် အာယာသွလ္လာဟ် ရေဇာ ရမ်တွာန်နီ မှ မိမိ ၏ လက်ဘနွန် ခရီးစဉ် တွင် လက်ဘနွန် ရှီအာ များ ၏ အဆင့်မြင့်ကောင်စီ ၏ ဥက္ကဋ္ဌ မရ်ဟွန်မ် အလာမာ အဗ်ဒွလ်အမီးရ် ကွတ်ဗ်လာန် ၏ သား H.I ရှိက်ခ် အဲဟ်မဒ် ကွတ်ဗ်လာန် နှင့် တွေ့ဆုံ ခဲ့ပါတယ်။

အာယာသွလ္လာဟ် ရေဇာ ရမ်တွာန်နီ မှ တွေပဆုံမှု ကို ရှေ့ ဆက် စေပြီး H.I ရှိက်ခ် အဲဟ်မဒ် ကွတ်ဗ်လာန် မှ ပြောသည့် စကားအား စိတ်ချ ရန် ပြောကြားခဲ့ပါတယ်။ ပြီးနောက် ဆက်လက် ပြောကြားသည်မှာ (( ကျနော် အနေဖြင့် ရှိက်ခ် ရှမ်းစွဒ်ဒီးန် နှင့် အလာမာ ကွတ်ဗ်လာန် တို့၏ ရှေ့ တွင် ရှိနေပြီး H.I ရှိက်ခ် အဲဟ်မဒ် ကွတ်ဗ်လာန် သည် မိမိ ဖခင်မရ်ဟွန်မ် နှင့် အခြား အိုလမာ ၏လမ်းစဉ်ကို ဆက်လက် လျှောက်လှမ်း သွားနိုင်မည် ဟု မျှော်လင့်ပါတယ်။ ))

ဆက်လက်ပြီးပြောကြားသည်မှာ (( ကျနော် အထင်အရ အေမာမ် မူစာ ဆဒ်ရ် နှင့် မရ်ဟွန်မ် ရှိက်ခ် ရှမ်းစွဒ်ဒီးန် တို့ အား ၎င်းတို့ ၏ ထင်ရှား ပြတ်သား သည့် အမြင်ကြောင့် ဆန့်ကျင်ဘက်များ ၏ နှောင့်ယှက် ခြင်းကို ခံခဲ့ရကြပါတယ်။ ))

အာယာသွလ္လာဟ် ရမ်တွာန်နီ မှ ဆက်လက်ပြီး ပြောကြားသည်မှာ ((ကံမကောင်းစွာဖြင့် အင်္ဂလန် သည် ယခင် ကထက် ပို၍ ရှီအာ အစွန်းရောက် များ နှင့် စွန်နီ အစွန်းရောက်များ ကို အားကောင်းရန် ပြုစု ပျိုးထောင်ပေးနေပြီး ပြဿနာ မီး ပဋိပက္ခ မီး တောက် အောင် ကြိုးပမ်းနေပါတယ်။ ကျွန်ုပ်တို့အနေဖြင့် မီးမွေးနေသည့် ရန်သူ၏ အကြံအစည် များ သတိအသိရှိဖို့ လိုအပ်ပါတယ်။ လက်ဘနွန် ရှီအာ အဓိပတိ ကောင်စီ မှ ပိုမို၍ တက်ကွသည့် အခန်းကဏ္ဍ တွင် ပါဝင်သင့်ပါတယ်။ ပတ်ဝန်းကျင်အသိုင်းအဝိုင်း တွင် ပါဝင်နေရာယူခြင်း အခြား ဘာသာများ ၊ မဇ်ဟဗ် ကွဲများ နှင့် အပြန်အလှန် ဆက်ဆံ ချဉ်းကပ်ရေးကို လုပ်ဆောင်သင့်ပါတယ်။ )) ဟု ပြော ကြားခဲ့ပါတယ်။

#############################################

END / 251