အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ကြာသပတေးနေ့

၁၁ နိုဝင်ဘာ ၂၀၂၁

၂၀:၂၈:၅၅
1197749

မိဘ နှစ်ပါး အား ကျေးဇူးတင်ခြင်း

အေမာမ် ရေဇာ (အ.စ) မှ ရီဝါယသ်တော် တစ်ခု တွင် မိဘ နှစ်ပါး အား ကျေးဇူးတင်ခြင်း ဘက်သို့ ညွှန် ပြ၍ မိန့်တော် မူထားပါတယ်။


ရီဝါယသ် ၏ ကျမ်း များ မှ တစ်ကျမ်း ဖြစ်သည့် ဝစာအေလွရှ်ရှီအာ ကျမ်း လာရှိမှု ကို တင်ပြပါ မည်။

ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

قالالإ مام الرضا علیه السّلام :

اِنَّ اللَّهَ اَمَرَ بِثَلاثَةٍ مَقْرُونٌ بِهَا ثَلاثَةٌ اُخْرى أمَرَ بِالصَّلاةِ وَالزَّكَاةِ فَمَنْ صَلَّى وَ لَمْ يُزَكِّ لَمْ تُقْبَلْ مِنْهُ صَلاتُهُ، وَ اَمَرَ بِالشُّكْرِ لَهُ وَ لِلْوَالِدَيْنِ فَمَنْ لَمْ يَشْكُرْ وَالِدَيْهِ لَمْ يَشْكُرِ اللّهَ، وَ أَمَرَ بِاتِّقاءِ اللّهِ وَ صِلَةِ الرَّحِمِ فَمَنْ لَمْ يَصِلْ رَحِمَهُ لَم يَتَّقِ اللّهَ.

 

အေမာမ် ဂျအ်ဖရ်ဆွာဒစ်က် (အ.စ) မိန့်တော်မူသည်။

အလ္လာဟ်ဟို အရှင်မြတ် သည် သုံးခု သော အရာ နှင့် အတူ အခြား အရာသုံးခုကို အမိန့်ပေးထားပါသည်။

၁။ နမာဇ် ဝတ်ပြုမှု နှင့်အတူ ဇကာသ် ပေးဆောင်ရန် အမိန့်ပေးထားပါသည်။ သို့ဖြစ်ပါ၍ အကြင်သူသည် နမာဇ် ဝတ်ပြုလေ၏။ သို့သော် ဇကားသ် မပေးဆောင်မည်ဆိုလျှင် ၎င်း ၏ နမာဇ် သည် မပိုင်ချေ။

၂။ အလ္လာဟ်ဟို အရှင်မြတ် အနေဖြင့် မိမိ အား ကျေးဇူးတင်ရန် ရှိက်ရ် ပြုရန် နှင့်အတူ မိဘ နှစ်ပါး အားလည်း ကျေးဇူးတင် ရှိက်ရ် ပြုရန် အမိန့် ပေးထားပါသည်။ သို့ဖြစ်ပါ၍ အကြင်မည်သူ မဆို မိမိ ၏ မိဘ နှစ်ပါး အား ကျေးဇူးမတင် လျှင် အလ္လာဟ်ဟို အရှင်မြတ် အား ကျေးဇူးမတင်ရ ဖြစ်ပေမည်။

၃။ အလ္လာဟ်ဟို အရှင်မြတ် အနေဖြင့် သက္က်ဝါ တရား နှင့် အတူ စေလာရဲဟ်မ် (မိဘ၊ ညီအစ်ကို၊မောင်နှမ ၊ဆွေမျိုး သားချင်းများကို ကူညီဖေးမခြင်း ) ပြုရန် အမိန့် ပေးထားတော်မူပါသည်။ သို့ဖြစ်ပါ၍ အကြင်သူ တစ်ဦးတစ်ယောက် အနေဖြင့် စေလာရဲဟ်မ် (မိဘ၊ ညီအစ်ကို၊မောင်နှမ ၊ဆွေမျိုး သားချင်းများကို ကူညီဖေးမခြင်း ) မပြုမည်ဆိုလျှင် ၎င်းသည် သက္က်ဝါ (သီလ၊သမာဓိ) မရှိသူ ဖြစ်ပေသည်။

ကျမ်းကိုး ။ ဝစာအေလွရှ်ရှီအာ ကျမ်း ၊ အတွဲ ၆ ၊ စာမျက်နှာ ၁၃

##################################

END / 251