အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
အင်္ဂါနေ့

၁၆ နိုဝင်ဘာ ၂၀၂၁

၂၀:၂၃:၁၄
1199231

အေမာမ် ဇမာန်း (အ.ဂျ) အလ္လာဟ်ဟို အရှင်မြတ်၏ ကျယ်ဝန်းလှသည့် ရဲဟ်မသ်တော် ၏ ပြရုပ် ဖြစ်ပါ တယ် / အာယာသွလ္လာဟ် ရမ်တွာန်နီ

အေမာမ် ဟစန် အက်္စကရီ (အ.စ) မွေးနေ့ အခမ်းအနား တွင် မဂ်ျမယေ ဂျဟာနီ အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ အထွေထွေ အတွင်းရေးမှူး ဟဇရသ် အာယာသွလ္လာဟ် ရမ်တွာန်နီ မှ အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ ဝေလာယသ် ကို သိရှိရန် ၊ ဟဇရသ် ဗကီးယသွလ္လာဟ် (အ.ဂျ) နှင့် သဝစိုလ် ပြုရန် အရေး ကြီး ကြောင်း တိုက်တွန်း မိန့်ကြားခဲ့ပါတယ်။ အေမာမ်ဇမန်း (န) (အ.စ) အကွယ်တွင် ရှိနေသည့် ကာလ တွင် အေမာမ် အမြန်ဆုံး ဖူးပွင့် ရန်အတွက် ပတ်ဝန်းကျင် အသိုင်းအဝိုင်း ကို တည်ဆောက်ရန် အတွက် ရှီအာ မွတ်စလင်မ်များ ၏ တာဝန် ဝတ္တရားများ ကို တင်ပြ ပြီး မိမိကိုယ်တိုင် နှင့် အခြား သူများ ကို ပြုပြင်တည်းမတ်ရန် ကို အရေးကြီး ကြောင်း ကို မိန့်ကြားခဲ့ပါတယ်။


အေမာမ် ဟစန် အက်္စကရီ (အ.စ) မွေးနေ့ အချိန်အခါ တွင် ပြင်သစ်နိုင်ငံ ၏ မြို့တော် ပါရီမြို့ ရှိ ရှီအာ အစ်္စနာအရှ်ရီ ခွာဂျဟ်များ၏ စင်တာ တစ်ခု တွင် အခမ်းအနား ကို ကျင်းပခဲ့ပါတယ်။ ၎င်းအခမ်းအနား တွင် မဂ်ျမယေ ဂျဟာနီ အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ အထွေထွေ အတွင်းရေးမှူး ဟဇရသ် အာယာသွလ္လာဟ် ရမ်တွာန်နီ နှင့် အဲဟ်လေ့ဘိုက်(သ) (အ.စ) အပြည်ပြည်ဆိုင်ရာ တက္ကသိုလ် ဥက္ကဋ္ဌ H.I ဒေါက်တာ စအီးဒ် ဂျာဇာရီ လည်း တက်ရောက် ခဲ့ပါတယ်။

ဤအခမ်းအနား တွင် မဂ်ျမယေ ဂျဟာနီ အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ အထွေထွေ အတွင်းရေးမှူး ဟဇရသ် အာယာသွလ္လာဟ် ရမ်တွာန်နီ မှ အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ ဝေလာယသ် ကို သိရှိရန် ၊ ဟဇရသ် ဗကီးယသွလ္လာဟ် (အ.ဂျ) နှင့် သဝစိုလ် ပြုရန် အရေး ကြီး ကြောင်း တိုက်တွန်း မိန့်ကြားခဲ့ပါတယ်။ အေမာမ်ဇမန်း(န) (အ.စ) အကွယ်တွင် ရှိနေသည့်ကာလ တွင် အေမာမ် အမြန်ဆုံး ဖူးပွင့် ရန်အတွက် ပတ်ဝန်းကျင် အသိုင်းအဝိုင်း ကို တည်ဆောက်ရန် အတွက် ရှီအာ မွတ်စလင်မ်များ ၏ တာဝန် ဝတ္တရားများ ကို တင်ပြ ပြီး မိမိကိုယ်တိုင် နှင့် အခြား သူများ ကို ပြုပြင်တည်းမတ်ရန် ကို အရေးကြီး ကြောင်းကို မိန့်ကြားခဲ့ပါတယ်။

အာယာသွလ္လာဟ်မှ ဆက်လက်ပြီး ရှီအာ အိုလမာကြီးများ နှင့် အကြားအမြင်ရအိုလမာ များ အထူးသဖြင့် အာယာသွလ္လာဟ် ဗဲဟ်ဂျသ် (ရ.ဟ) ၏ အဆိုအမိန့်များ ကို ဆင့်ပြန်ပြီး အေမာမ် ဇမန်း(န) (အ.ဂျ) နှင့် အဆက်အသွယ် ထားရှိရန် အရေးကြီး ကြောင်း ကို တိုက်တွန်း မိန့်ကြား ခဲ့ပါတယ်။

အာယာသွလ္လာဟ် ရမ်တွာန်နီ မှ ရှီအာ လောက နှင့် အဲဟ်လေ့ဘိုက်(သ) (အ.စ) နောက်လိုက်မဇ်ဟဗ် တွင် အေမာမ် ဟစန် အက်္စကရီ (အ.စ) ၏ အခန်းကဏ္ဍ ၏ အရေးကြီး ကြောင်း ဘက်သို့ ညွှန်ပြ မိန့်ကြားပြီး တမန်တော်မြတ် (ဆွ) ဝဖားသ် ဖြစ်ပြီးနှစ်ပေါင်း ၂၅၀ တိုင် အေမာမ် များ (အ.စ) တို့၏ သွန်သင်ချက်များကြောင့် အစ္စလာမ် ဘာသာဆိုင်ရာ အတွေးအခေါ်များ တွင် အရေးကြီးပြောင်းလဲမှု များကို ဖြစ်စေခဲ့ကြောင်း မိန့်ကြားခဲ့ပါတယ်။

မဂ်ျမယေ ဂျဟာနီ အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ အထွေထွေ အတွင်းရေးမှူး ဟဇရသ် အာယာ သွလ္လာဟ် ရမ်တွာန်နီ မှ ဟဇရသ် ဗကီးယသွလ္လာဟ် (အ.ဂျ) ၏ ဝေလာယသ် နှင့်ပတ်သက်ပြီး ဟောကြား ရင်း မိန့်ကြားသည်မှာ - တမန်တော်မြတ် (ဆွ)မိန့်တော်မူသည်။ ဟဇရသ် အေမာမ် မဲဟ်ဒီ (အ.စ) ၏ ဘဝ တည်ဆောက်မှု နှင့် ဓလေ့တော် ( စွန္နသ်တော်) များသည် ကျွန်ုပ် ၏ ဘဝ တည်ဆောက်မှု နှင့် ဓလေ့တော် ( စွန္နသ်တော်) ဖြစ်ပါသည်။ တစ်နည်းဆိုရလျှင် တမန်တော်မြတ် မိုဟမ္မဒ် (ဆွ) သည် မိမိ ၏ ဗေအ်စသ် ခ) တမန်တော်အဖြစ် ဖြင့် ကမ္ဘာ မြေကြီးအား ရဟ်မသ် တော် (ဂရုဏာတော်) ဖြင့် အရိပ်ပြု ထားသကဲ့သို့ ဟဇရသ် ဗကီးယသွလ္လာဟ် သည်လည်းဘဲ အလ္လာဟ်ဟို အရှင်မြတ် ၏ ကျယ်ဝန်း လှသည့် ရဟ်မသ် တော် (ဂရုဏာတော်) ကို ပြန့်ပွား ရန်အတွက် ဖူးပွင့်မည် ဖြစ်ပါတယ်။

အာယာသွလ္လာဟ် ရမ်တွာန်နီ မှ ဆက်လက်ပြီး နဘူဝသ် နှင့်ပတ်သက်ပြီး အလ္လာဟ်ဟိုအရှင်မြတ် သည် မိမိ ၏ တမန်တော် မြတ် (ဆွ) အား ((وَ ما اَرسَلناكَ إلا رحمة للعالمین )) ဆိုသည့် အာယသ်တော် ဖြင့် မိန့်ဆိုထားကြောင်း ပြောကြားခဲ့ ပါတယ်။ တမန်တော်မြတ် (ဆွ) မှလည်း မိမိ ၏ ရေစာ လသ် (ခ) တမန်တော်မြတ်၏ တာဝန် နှင့်ပတ်သက်ပြီး မိန့်တော်မူသည်မှာ - ((اِنَّمَا بُعِثْتُ لِأُتَمِّمَ مَکارِمَ الْأَخْلَاقِ)) ဖြစ်ပါတယ်။ အဓိပ္ပာယ် မှာ ကျွန်ုပ်သည် ကောင်းမြတ်သည့် ကိုယ်ကျင့်တရား၊ သီလသမာဓိ အား ပြည့်စုံအောင် ပြုရန် အတွက် (တမန်တော်) အဖြစ် ပွင့်လာခြင်း (ခ) ကြွလာခြင်း ဖြစ်ပါသည် ဟုဖြစ်ပါတယ် ။ ဤအတွက်ကြောင့် တမန်တော်များ (အ.စ) ၏ ထင်ရှား သည့် လက္ခဏာများမှ တစ်ခုမှာ ကောင်းမြတ်သည့် စာရိတ္တ (ခ) ကောင်းမြတ်သည့် ကိုယ်ကျင့်တရား ဖြစ်ပါတယ်။ တမန်တော်များ (အ.စ) အခြား ကဏ္ဍများတွင် လူသားများ အတွက် နှင့် ပတ်ဝန်းကျင်အတွက် လိုက်နာကျင့်ဆောင်ရမည့် စံပြ နမူနာ ဖြစ်ပါသလို ကိုယ်ကျင့် တရား တွင် စာရိတ္တ တွင်လည်း စံပြ နမူနာ ဖြစ်ပါတယ်။ ဤအတွက်ကြောင့် အေမာမ် ဇမန်း(န) (အ.ဂျ) သည် ရဲဟ်မသ် (ဂရုဏာ တော်) အဖြစ် ကြွလာမည်ဖြစ်ပါတယ်။ လူသတ်သမား ဓားသမား အဖြစ် ကမ္ဘာကြီးကို ဖျက်စီးရန် ကြွမြန်းလာမည်မဟုတ်ချေ။

အာယာသွလ္လာဟ် ရမ်တွာန်နီ မှ ဆက်လက်ပြီး မိန့်ကြားပါသည်။ ရှီအာ ဟဒီးစ်တော်များ ၏ အရ အေမာမ် ဇမန်း(န) (အ.ဂျ) သည် အလ္လာဟ် ဟို အရှင်မြတ် သခင်၏ ကျယ်ဝန်းလှသည့် ရဲဟ်မသ် ၏ ပြရုပ် ဖြစ်ပါသတယ် ။ အေမာမ် ဇမန်း(န) (အ.ဂျ) ၏ ဇေယာရသ် ဖတ်သည့်အခါ အေမာမ်အား ပေးသည့် စလာမ်မှာ "السلام علیک أیها الرحمة الواسعة" ဖြစ်ပါတယ်။ ငြိမ်းချမ်းခြင်းမင်္ဂလာ အဖြာဖြာ ကျရောက်ပါစေ အေမာမ်အပေါ် ၊ အို … အတိုင်းအတာ မရှိကျယ်ဝန်း လှသည့် ရဲဟ်မသ်တော်၏ ပိုင်ရှင် ။အေမာမ် ဇမန်း(န) အ.ဂျ) ထံမှလည်း ရီဝါယသ်တော်လာရှိပါတယ်။ (( မုချဧကန် အသင်တို့အား မွေးမြူဖန်ဆင်းတော်မူသည့် အရှင်မြတ် ၏ ရဲဟ်မသ်တော် သည် အရာ အားလုံး အပေါ် လွမ်းမိုး ထားပါတယ်။)) ပြီးနောက် ကျွန်ုပ် သည် အလ္လာဟ်ဟို အရှင်မြတ် ၏ အတိုင်းအတာ မဲ့ ရဲဟ်မသ်တော် ဖြစ်ပါတယ်။ ပြီးနောက် ပြစ်မဲ့အေမာမ် များ (အ.စ) ၏ တင်ပြ မှု တွင် လာရှိပါတယ် ။ ((အေမာမ် (အ.စ) သည် လူသားများ အပေါ် ဖခင်နှင့် မိခင် ထက် ပိုမို၍ သနားကြင်နာတော်မူပေ သည်။ )) ဤ အတွက်ကြောင့် ဟဇရသ် မဲဟ်ဒီ (အ.ဂျ) သည် လူများကို အသင်တို့ အားလုံး ထက် ပိုမို၍ ခိုလုံခွင့်ပေးပေမည်။ အေမာမ် ၏ ပညာ သည် အသင်တို့အားလုံး ၏ ပညာ ထက်သာ လွန် ပါတယ်။ ပြီးနောက် ၎င်း၏ ရဲဟ်မသ်(ဂရုဏာတော်) နှင့် ဖွဇ်လ် (ကျေးဇူးတော်) သည် ပိုမို ကျယ်ဝန်းလှပါတယ်။

အာယာသွလ္လာဟ် ရမ်တွာန်နီ မှ ဆက်လက်ပြီး အေမာမ် ဇမန်း(န) (အ.ဂျ) အကွယ်တွင် ရှိနေသည့် အချိန်ကာလတွင် ရှီအာ မွတ်စလင်မ်များ ၏ ထမ်းဆောင်ရမည့် တာဝန် ဝတ္တရား များ ဘက်သို့ ညွှန်၍ ကျွန်ုပ်တို့၏ အေမာမ် ဇမန်း(န) (အ.ဂျ) အကွယ်တွင် ရှိနေသည့် အချိန်ကာလတွင် ထမ်းဆောင်ရမည့် တာဝန် ဝတ္တရား များ မှာ အေမာမ် ရှိနေသည့် ကာလတွင် ထမ်းဆောင်ရမည့် တာဝန် ဝတ္တရားများ ကဲ့သို့ဖြစ်ကြောင်း မိန့်ကြားခဲ့ပါတယ်။ ရှိသမျှ တာဝန်ဝတ္တရားများ အားလုံး ကို ဝါကျ တစ်ကြောင်း တည်းဖြင့် အနှစ်ချုပ် ပြောကြားလို့ ရပါတယ်။ ထိုဝါကျမှာ အေမာမ် ဇမန်း(န) (အ.ဂျ) အကွယ်တွင် ရှိနေသည့် အချိန်ကာလတွင် ရှီအာ မွတ်စလင်မ်များ ၏ အရေးအကြီးဆုံး တာဝန် ဝတ္တရား မှာ အေမာမ် ဇမန်း (န) (အ.ဂျ) ၏ စကြာဝဠာ ဆိုင်ရာ အစိုးရ အတွက် အဆင်သင့် ဖြစ်အောင် ပြုပေးရန် ဖြစ်ပါတယ်။ အေမာမ်ဇမန်း(န) (အ.ဂျ) ၏ အစိုးရသည် တရားမျှတမှု ၊ ကျောသားရင်သား မကွဲခြားမှု ၊လုံခြုံမှု ၊ အချစ်မေတ္တာ ၊ကိုယ်ချင်စာနာမှု ညီအစ်ကို စိတ်ဓာတ်ရှိမှု များကို အခြေခံထားသည့် အစိုးရ ဖြစ်ပါတယ်။

အာယာသွလ္လာဟ် မှ နောက်ဆုံး တွင် ပြောကြားသည်မှာ အေမာမ်ဇမန်း(န) (အ.ဂျ) ဖူးပွင့်ရန် ကြွမြန်းလာရန် အတွက် စောင့်စားနေသည့် အခြေခံ ကျကျ အချက်မှာ ကျမ်းတော်မြတ် ကုရ်အာန် ၊ ကိုယ်တော်မြတ် မိုဟမ္မဒ် (ဆွ) ၏ စွန္နသ်တော် နှင့် အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏မိန့်မှာ ချက်များ အားလုံး အပေါ် လက်တွေ့ ကျင့်သုံး ရန် ဖြစ် ကြောင်း မျိုးဆက်သစ်များ ကို အစ္စလာမ် တရားတော် ၏ လူသားပီသမှု ကို သွန်သင် ထားသည့် အမိန့်များ ကို အခြေခံ၍ သွန်သင်ရမည် ဖြစ်ကြောင်း မိန့်ကြားခဲ့ပါတယ်။

****************************************************************

END / 251