အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ဗုဒ္ဓဟူးနေ့

၁၇ နိုဝင်ဘာ ၂၀၂၁

၂၀:၂၅:၄၃
1199576

အာယာသွလ္လာဟ် မွတ်ဂ်ျသဟစ်ဒ် ရှက်ဗ်ဗစ်သရီ အလ္လာဟ်ဟို အရှင်မြတ် အမိန့်တော် ခံယူ

မဂ်ျမယေဂျဟာနီ အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ အဆင့်မြင့်ကောင်စီ ၏ ဥက္ကဋ္ဌ ဖြစ်သူ ဟဇရသ် အာယာသွလ္လာဟ် မိုဟ်စင် မွတ်ဂ်ျသဟစ်ဒ် ရှက်ဗ်ဗစ်သရီ သည် သက်တော် ၈၄ နှစ်အရွယ် တွင် အလ္လာဟ်ဟို အရှင်မြတ် ၏ အမိန့်ကို ခံ သွား ကြောင်း ဝမ်းနည်း စွာ သိရှိ ရပါတယ်။

 


မဂ်ျမယေဂျဟာနီ အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏အဆင့်မြင့်ကောင်စီ ၏ ဥက္ကဋ္ဌ ဖြစ်သူ ဟဇရသ် အာယာသွလ္လာဟ် မိုဟ်စင် မွတ်ဂ်ျသဟစ်ဒ် ရှက်ဗ်ဗစ်သရီ သည် သက်တော် ၈၄ နှစ်အရွယ် တွင် အလ္လာဟ်ဟို အရှင်မြတ် ၏ အမိန့်ကို ခံ သွား ကြောင်း ဝမ်းနည်း စွာ သိရှိ ရပါတယ်။

မရ်ဟွန်မ်အာယာသွလ္လာဟ် မိုဟ်စင် မွတ်ဂ်ျသဟစ်ဒ် ရှက်ဗ်ဗစ်သရီ သည် မကြာသေးသည့်နှစ်များ အတွင်း သဗ်ရီးဇ် ဆိုင်ရာ မလီယေဖကီးဟ် ယေ ကိုယ်စားလှယ် တာဝန် ကို ထမ်းဆောင် ပြီး တီဟီရန် မြို့ တွင် နေထိုင်ခဲ့ပါသည်။ နာရီပိုင်းအနည်းငယ် အလျင် နှလုံးဖောက် သွားသည့် အတွက်ကြောင့် အေမာမ်ဟိုစိန် (အ.စ) အမည်ရှိဆေးရုံ သို့ တင်လိုက်ရပါတယ်။ သို့သော် ကုသ မှု မှ အကျိုးမရှိတော့ဘဲ နောက် ဆုံး အလ္လာဟ် ဟို အရှင်မြတ် အမိန့်ကို ခံယူသွားပါတယ်။

မရ်ဟွန်မ်အာယာသွလ္လာဟ် မိုဟ်စင် မွတ်ဂ်ျသဟစ်ဒ် ရှက်ဗ်ဗစ်သရီ သည် မရ်ဟွန်မ် အေမာမ် ခိုမေနီ (ရ.ဟ) ၏ တပည့်များ မှ တစ်ဦး ဖြစ်ပြီး အစ္စလာမ်မစ် တော်လှန်ရေး အောင်ပွဲအပြီး အစ္စလာမ်မစ် အတိုင်ပင် ခံ ညီလာခံ ၏ ကိုယ်စားလှယ် စသည့်တာဝန်များ ကို ထမ်းဆောင် ခဲ့သူ အစ္စလာမ်မစ် လှုပ်ရှား မှု တွင် တက်ကြွလှုပ်ရှား သူတစ်ဦး လည်း ဖြစ်ပါတယ်။

မရ်ဟွန်မ်အာယာသွလ္လာဟ် မိုဟ်စင် မွတ်ဂ်ျသဟစ်ဒ် ရှက်ဗ်ဗစ်သရီ သည် ရဲဟ်ဗရ်အင်န်ကေလာဗ် အစ္စလာမ်မီ အာယာသွလ္လာဟ် အလ်အွဇ်မာ ခါမေနာအီ ဘက်မှ ၁၉၉၄ခုနှစ်တွင် သဗ်ရီးဇ် မြို့ ၏ သောကြာနမာဇ် ရှေ့ဆောင် ဆရာအဖြစ် တာဝန်ပေးခြင်းကိုခံ ခဲ့ရပြီး ၂၀၁၇ခုနှစ် အထိ တာဝန် ထမ်းဆောင်ခဲ့ပါတယ်။

မဂ်ျမယေဂျဟာနီ အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ အဆင့်မြင့်ကောင်စီ ၏ ဥက္ကဋ္ဌ ၊ သဗ်ရီးဇ်မြို့ သောကြာနမာဇ် ရှေ့ဆောင်ဆရာ ၊ မတရားမှုကို တော်လှန်သည့် မောင်လာနာများ အဖွဲ့ ၏ အဖွဲ့ဝင် ၊ မဂ်ျလစ်စေခိုဗ်ရေဂန်နေရဲဟ်ဗရီ ၏ အဖွဲ့ဝင် စသည်ဖြင့် တာဝန်များကို ထမ်းဆောင်ခဲ့ပါတယ်။

****************************************************************

END / 251