အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္ဂနွေနေ့

၂၁ နိုဝင်ဘာ ၂၀၂၁

၂၀:၂၄:၅၂
1200878

မဂ်ျမယေ ဂျဟာနီ အဲဟ်လေ့ဘိုက်(သ) (အ.စ) ဘက်မှ

(( သရီခေသရှိုင်းရို အဇ် အာဂါဇ် သာ ပါရန်းနေ ဂိုင်ဗသ်သေ စိုဂရာ )) အူရ်ဒူဘာသာပြန် စာအုပ် ထွက် ရှိ

မဂ်ျမယေ ဂျဟာနီ အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ ကြိုးပမ်းမှု ဖြင့် (( သရီခေသရှိုင်းရို အဇ် အာဂါဇ် သာ ပါရန်းနေ ဂိုင်ဗသ်သေ စိုဂရာ )) အူရ်ဒူဘာသာပြန် စာအုပ် ပုံနှိပ် ထုတ်ဝေ ခဲ့ပါတယ်။ စာအုပ်၏ မြန်မာ ဘာသာပြန် အဓိပ္ပာယ် မှာ ((ရှီအာ သမိုင်း ၊ အစမှ ဂိုင်ဗသိသေစိုဂရာ ( အေမာမ် ဇမန်း(န) (အ.စ) ၏ ကိုယ်စားတော်ကြီးလေးပါး လက်ထက် ) အထိ )) ဖြစ်ပါတယ်။ ရေးသားသီး ကုံး သည့် ဆရာမှာ H.I ဂိုလာန်မ် ဟစန်မိုဟရာမ်မီ ဖြစ်ပြီး ဘာသာပြန်ဆိုသူမှာ H.I ဆရက်ဒ် နစီးမ် ရေဇာ အာဆစ်ဖ် မှ အူရ်ဒူဘာသာဖြင့် ဘာသာပြန် ရေးသားခဲ့ပြီး အုပ်ရေ ၁၀၀၀ ဖြစ်ပြီး အိန္ဒိယ နိုင်ငံ တွင် ပုံနှိပ် ထွက်ရှိခဲ့ပါတယ်။


မဂ်ျမယေ ဂျဟာနီ အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ ကြိုးပမ်းမှု ဖြင့် (( သရီခေသရှိုင်းရို အဇ် အာဂါဇ် သာ ပါရန်းနေ ဂိုင်ဗသ်သေ စိုဂရာ )) အူရ်ဒူဘာသာပြန် စာအုပ် အိန္ဒိယ နိုင်ငံ တွင် ပုံနှိပ် ထုတ်ဝေ ခဲ့ပါတယ်။

ဤ (( သရီခေသရှိုင်းရို အဇ် အာဂါဇ် သာ ပါရန်းနေ ဂိုင်ဗသ်သေ စိုဂရာ )) စာအုပ်တွင် ရှီအာ ဖြစ်ပေါ်လာပုံ အဆင့်ဆင့် နှင့် ဖြတ်ကျော် ခဲ့သည့် သမိုင်းနှင့် ရှီအာအတွင်း ဂိုဏ်းခွဲများ အကြောင်း ကို ခြုံငုံ သုံးသပ်၍ တင်ပြထားပါတယ်။

ဤဘာသာပြန် စာအုပ် တွင် အခန်း ၈ ခန်း နှင့် သင်ခန်းစာ ပေါင်း ၂၉ ခန်းပါရှိပါတယ်။ ရှီအာ ဖေရ်ကာများ ကှိုထောင့် အစုံမှ တင်ပြ ထားပါတယ်။ စာရေးသူ ဆွေးနွေးထားသည့် အဓိက အကြောင်း အရာ များ မှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။

ကျမ်းကိုးများ ကဏ္ဍ ၊ ရှီအာ မည်ကဲ့သို့ စတင်ခဲ့ကြောင်း ၊ ရှီအာသမိုင်းခေတ်အဆက်ဆက် ၊ ရှီအာများ နှင့်အလဝီများ ၏ တော်လှန်ရေး ၊ ရှီအာပထဝီ အကျယ် အဝန်း ၊ ရှီအာ ဂိုဏ်းကွဲများ ၊ ရှီအာ ဥပဒေ အရ အမွေကိစ္စ ၊ ရှီအာ တိုးတက်မှု တွင် ရှီအာ ကဗျာ ဆရာများ ၏ အခန်းကဏ္ဍ ဖြစ်ပါတယ်။

ရှီအာ သမိုင်းသည် အစ္စလာမ် သမိုင်း နှင့် သီးသန့်မဟုတ်ချေ။ အကြောင်းမှာ ရှီအာ ဆိုသည် မှာ ကိုယ်တော်မြတ် မိုဟမ္မဒ် (ဆွ) ၏ အစ္စလာမ်ကို ရှေ့ ဆက်စေသည့် ဖေရ်ကာဖြစ်ပြီး ခေါင်းဆောင် အေမာမ်များ မှာ ကိုယ်တော်မြတ် (ဆွ) ကိုယ်တိုင် မိမိ ၏ အွန်မသ် (နောက်လိုက် နောက်သားများ ) အတွက် ခန့်အပ် မိတ်ဆက်ပေးထားသည့် အေမာမ်များ ဖြစ် ပါတယ်။

အထက်ပါ စာအုပ် အား H.I ဆရက်ဒ် နစီးမ် ရေဇာ အာဆစ်ဖ် မှ အူရ်ဒူဘာသာဖြင့် ဘာသာပြန် ခဲ့ပါတယ်။ စာမျက်နှာ ၃၅၃ မျက်နှာပါရှိပြီး မဂ်ျမယေ ဂျဟာနီ အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ ကြိုးပမ်းမှုဖြင့် အိန္ဒိယ နိုင်ငံ ဝေလာယသ် ပုံနှိပ် တိုက် မှ အုပ်ရေ ၁၀၀၀ ပုံနှိပ် ထုတ်ဝေ ခဲ့ပါတယ်။

စိတ်ဝင်စားသူများ အနေဖြင့် လူကိုယ်တိုင် မဂ်ျမယေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ) တည်ရှိသည့်နေရာ ဖြစ်သည့် ဂျွန်မ်ဟူရီ ရေ အစ္စလာမ်မီ လမ်း ၊လမ်းသွယ် ၆ ကွမ်းမြို့ ၊ အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ သို့သွားရောက် ဝယ်ယူနိုင်ပြီး လူကိုယ်တိုင် မသွား လိုသူများ အနေဖြင့် ဖုန်းနံပါတ် ၀၂၅၃၂၁၃၁၀၃၀၇ သို့ ဆက်သွယ်၍ ဝယ်ယူနိုင် ကြောင်း တင်ပြအပ်ပါတယ်။

****************************************************************

END / 251